စတုတ္ထမဏ္ဍိုင် ကြီးများ ပြည့်သူ့အကျိုးပြုတာ မပြိုင်ကြပဲ စီးပွားရေး ပြိုင်ဆိုင်မည်ဖြစ်ကြောင်း ပုဂ္ဂလိက သတင်းစာ အသီးသီးမှ အယ်ဒီတာများက ပြောကြားခဲ့ကြသည်။
အစိုးရသတင်းစာ ရှိမှုကြောင့် ပုဂ္ဂလိက သတင်းစာများမှာ ကြော်ငြာမရသဖြင့် အမြတ်အစွန်း ရသင့်သလောက် မရတာကြောင့် အစိုးရသတင်းစာအပေါ် ပုဂ္ဂိုလိက သတင်းစာများမှ အမျိုးမျိုးဝေဖန်တိုက်ခိုက်လျှက်ရှိသည်။
"ဒီအချိန်မှာ သူတို့က ဘာအားသာသလဲလို့ ပြောရင် အရေးကြီးတဲ့
ထုတ်ပြန်ချက်တွေ၊ အမိန့်ကြော်ငြာစာတွေကို သူတို့ပဲရတယ်။ နောက်တစ်ချက်က
state visit တွေ၊ ဥပမာ ဂျပန်ဝန်ကြီးချုပ် လာမယ်။ သမ္မတနဲ့ တွေ့မယ်။
ဒီတွေ့ဆုံမှုကို ပုဂ္ဂလိက သတင်းစာတွေ ၀င်လို့မရဘူး။ သူတို့ပဲ ရတယ်။ နောက်ထပ်
အားသာတာကတော့ ကြော်ငြာရရှိမှု၊ လူမှုရေး ကြော်ငြာတွေ၊ တင်ဒါခေါ်တဲ့
ကြော်ငြာတွေကို သူတို့ပဲ ရတယ်။ ဒီကြော်ငြာတွေရဖို့ ကျွန်တော်တို့
ကြိုးစားရမှာ ဖြစ်ပေမဲ့ လောလောဆယ်မှာတော့ သူတို့ဆီပဲ သွားနေတယ်။ ဒါကတော့
သူတို့ရဲ့ အားသာချက်ပါ" ဟု The Yangon Times သတင်းစာ၏ ဥက္ကဋ္ဌ ဦးကိုကိုက
ဆိုပါသည်။
"အခု လောလောဆယ်တော့ဗျာ။ သတင်း source တွေ ပိုရထားတယ်။ ရဲသတင်းတွေ၊
နယ်သတင်းတွေကို ပိုရထားတယ်။ ပုဂ္ဂလိက သတင်းစာအချို့က လူအများကြီး
မခန့်နိုင်ဘူး။ သတင်းစာအတွက် Web Offset မရှိကြဘူး။ ခဏလေးစောင့်ပါ။
တစ်နှစ်ပါပဲ။ ဒီကွာခြားမှုတွေ ပြီးသွားမှာပါ" ဟု ဒေါက်တာသန်းထွဋ်အောင်က
ပြောပါသည်။
ဂျာနယ်ထုတ်နေရာမှ အမြတ်အစွန်း များများရချင်သဖြင် သတင်းစာပါထုတ်သော်လည်း အစိုးရသတင်းစာမှ ဈေးလျှော့ရောင်းနေခြင်း နှင့် လူထုကလည်း သာရေး၊ နာရေး ကြော်ညာများကို အစိုးရသတင်းစာကိုသာ အားကိုးတကြီး ထည့်သွင်းလေ့ရှိပြီး ပုဂ္ဂလိက သတင်းစာများကို အားကိုးမှုမရှိသဖြင့် မီဒီယာသမား အကျိုးစီးပွား များစွာထိခိုက်မှုရှိကြောင်းကို မီဒီယာသမားများကို -ီးပဲ ဟု ဆဲဆိုခဲ့သည့် ကိုသူရ (ခေါ်) ကိုဇာဂနာ ၏ တပည့် ကိုဇော်သက်ထွေးက အောက်ပါအတိုင်းပြောသည်။
"သတင်းစာ ဈေးကွက်မှာတော့ အစိုးရ သတင်းစာတွေက ပုဂ္ဂလိက သတင်းစာတွေထက် အချိန်များစွာစောပြီး နေရာယူထားတယ်။ နယ်တိုင်းမှာ သတင်းထောက်တွေ ရှိတယ်။ ကိုယ်ပွားသတင်းစာတိုက်တွေ ရှိတယ်။ ဖြန့်ချိရေး အားသာချက်တွေ ရှိနေတယ်။ ဈေးလျော့ရောင်းနိုင်တယ်။ ဒီလိုအားသာချက်တွေကို ယူပြီး သာရေးနာရေး သတင်းတွေကို သူတို့က ယူထားတယ်" ဟု မြန်မာစာနယ်ဇင်း သမဂ္ဂအဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောပါသည်။
ပြန်ကြားရေး ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အစိုးရ သတင်းစာများကို အသွင်ပြောင်းလဲမည့် အများပြည်သူ ၀န်ဆောင်မှု ဥပဒေနှင့် ပတ်သက်သော ဝေဖန်ချက်များကို ၎င်း၏ Facebook မှတစ်ဆင့် တုံ့ပြန်ခဲ့ရာ၌ ပုဂ္ဂလိက သတင်းစာများ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို စာဖတ်ပရိသတ်ဖြစ်သော ပြည်သူက ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကိုလည်း ပြည်သူကပင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.. www.MyanmarExpress.net

1 comments:
1-GENERAL PUBLIC WANT TO READ TRUE
INFORMATION WITHOUT BIAS.
2-PLEASE MAINTAIN SELF INDEPENDENCE
WITHOUT SEEKING AIDS AND SUPPORT FROM
GROUPS SUCH AS ANTI GOVERNMENT,
ANTI RELIGIOUS AND ANTI CULTURE AGAINST
OUR COUNTRY AND OUR GENERAL PUBLIC.
3-GENERAL PUBLIC NEED TRUE INFORMATION
AND REALLY USEFUL INFORMATION.
4-PLEASE DO NOT POST PRIVATE /PERSONAL
INFORMATION.
5-PLEASE POST UPGRADE AND TRUE INFORMATION
REGARDING DAILY WEATHER REPORTS AND DAILY
CONSUMERS MARKET REPORTS ETC...AT PRESENT
THOSE INFORMATION IN ALL DAILY MEDIA ARE
NOT FULLY USEFUL.
WISHING GREAT SUCCESS TO ALL MEDIA.
WITH MYITTA...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်