From :
..dvb
“ဒီကိစ္စကတော့ အနည်းဆုံး ၄ နေရာလောက် လုပ်ဖို့ မူအားဖြင့် သဘောတူတယ်။ အဲဒီမူကိုတော့ အလုပ်အဖွဲ့တွေက နှစ်ဖက်ညှိနှိုင်းရေးဆွဲဖို့ သဘောတူကြပါတယ်။”
မနက်ဖြန် ဆွေးနွေးပွဲ ဆက်လက်ကျင်းပဖို့ရှိပြီး နှစ်ဘက် အနည်းဆုံး သဘောတူညီချက် ၅ ချက် ရရှိနိုင်ဖို့ အစိုးရဘက်က မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
..
www.MyanmarExpress.net
ကချင်လွတ်မြောက်ရေးအဖွဲ့
(ကေအိုင်အို) နဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ ဒုတိယနေ့မှာ တပ်ပိုင်းဆိုင်ရာကိစ္စကို လေ့လာသူတွေမပါဘဲ နှစ်ဖက်
ကိုယ်စားလှယ်တွေ တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။

တပ်ပိုင်းဆိုင်ရာကိစ္စမှာ
အဓိက အားဖြင့် ၄ လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့တဲ့ အကြောင်းနဲ့
ဒီထက်တိုက်ပွဲတွေ လျော့သွားအောင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာ အဓိကထား
ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ ငြိမ်းချမ်းရေး
အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
“တပ်ပိုင်းဆိုင်ရာ
ကိစ္စတွေကို တံခါးပိတ်ပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ လေးလတာ ကာလမှာ ၂၉
ကြိမ် တိုက်ပွဲတွေဖြစ်ခဲ့တယ်။ တလကို ၇ ကြိမ်လောက်ဖြစ်တယ်။ ဒါကိုလည်း
ထက်ပြီးလျှော့ချဖို့ပေါ့။ နောက်ဆုံးကတော့ တိုက်ပွဲတွေမဖြစ်အောင် ဘယ်လို
လုပ်မလဲဆိုတာ အဓိကပါပဲ။ ကျနော်တို့ဆွေးနွေးတဲ့အခါမှာ
နှစ်ဖက်ခေါင်းဆောင်တွေကတော့ တိုးတက်မှုတွေ အများကြီးရှိတယ်။
အားရဖို့ကောင်းတယ်လို့တော့ပြောတယ်။ ဆွေးနွေးပွဲလေးတွေ ဆွေးနွေးတဲ့ဟာကိုတော့
အသေးစိတ် ထုတ်ပြန်ဖို့မရှိပါဘူး။”
ဒါ့အပြင် ပြည်တွင်း ကချင်
ရွာပုန်းရွာရှောင် (အိုင်ဒီပီ) ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ
နှစ်ဖက်အဖွဲ့ကနေပြီး နေရာ ၄ နေရာမှာ ဒုက္ခသည် ကူညီထောက်ပံ့ရေးဆိုင်ရာ ကနဦး
စမ်းသပ်စီမံကိန်းတွေ နှစ်ဖက်အဖွဲ့ပူးပေါင်းလုပ်ဆောင်ဖို့ မူအားဖြင့်
သဘောတူညီမှု ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဒီကိစ္စကတော့ အနည်းဆုံး ၄ နေရာလောက် လုပ်ဖို့ မူအားဖြင့် သဘောတူတယ်။ အဲဒီမူကိုတော့ အလုပ်အဖွဲ့တွေက နှစ်ဖက်ညှိနှိုင်းရေးဆွဲဖို့ သဘောတူကြပါတယ်။”
မနေ့ကဆွေးနွေးခဲ့တဲ့
နှစ်ဖက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ဖို့ ဆိုတဲ့အချက်ကိုတော့
နှစ်ဖက်အလုပ်အမှုဆောင်အဖွဲ့တွေ ဆက်လက်ညှိနှိုင်းကြတယ်လို့ ပြောပါတယ်။
မနက်ဖြန် ဆွေးနွေးပွဲ ဆက်လက်ကျင်းပဖို့ရှိပြီး နှစ်ဘက် အနည်းဆုံး သဘောတူညီချက် ၅ ချက် ရရှိနိုင်ဖို့ အစိုးရဘက်က မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
1 comments:
ခေါ် တုးံ လာ ဆွေး နွေး တုးံ လက် ခံ ကောင်း စေ ချင် လို့ ပြော တာ ဦး နေ ဝင်း လက် ထက် နဲ့ အ ခု အ ခြေ အ နေ နဲ့ က တ ခြား စီ နော် ပြိး ပြည့် စုံ ပြိး ပြိ ငြိမ်း ချမ်း စေ ချင် လို့ ပြော တာ မင်း တို့ ကို တိုက် ရင် တ လ မ ကြာ ဘူး သ ဘော ပေါက် ကြ ပါ စေ တ နာ နဲ့ ပြော တာ
သဲ နဲ့ ဆုတ် ပက် သ လို ပစ် လို့ ရတယ် မိုး သီး မိုး ပေါာက် ပ မာ ပစ် လို့ ရတယ် မိုင် ၅၀ ၁၀၀ ကို ပစ် မ လွဲ ပစ် လို့ ရတယ် သ ဘော ပေါက် ကြ ပါ PKU THEER THREE
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်