Subscribe to our RSS Feed

“ မသိလို့လား၊ သိလို့လား ” (ပေးစာ - ၁၀၂)

ဖခင်ဖြစ်သူက မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မတော်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်တဲ့အတွက် တကယ်တော့ ဒေါ်စုကြည်ဟာ တပ်မတော်သားသမီးစစ်စစ်ဖြစ် ပါတယ်။ သို့သော်လည်း တပ်မတော်ကို ဖွဲ့စည်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး၏သမီးက တပ်မတော် ပြိုကွဲရေးကို လိုလားနေတာဟာ ဘယ်ရဲ့ဘယ်လိုပရောဂါကြောင့်ပါလည်းဆိုတော့ ဒေါ်စုကြည်အနေနဲ့ သေသေချာချာမှ စဉ်းစားမိရဲ့လား။ တပ်မတော်မရှိတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာရှိရဲ့လား။ အမေရိကန်တပ်မတော်ကြီး အင်အားရှိနေလို့ နိုင်ငံငယ်လေးတွေကိုသာမက နိုင်ငံတကာမှာပါ ဗိုလ်ကျစိုးမိုးချယ်လှယ်နေတာတွေကို မသိလို့လား။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တပ်မတော်ကိုရော အင်အားရှိအောင် လုပ်ဆောင်ဖို့မလိုဘူးလား။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ ဗိုလ်ချုပ်ကိုယ်တိုင်ပြောခဲ့တဲ့စကားဟာ အလကားပြောခဲ့တာ မဟုတ်ဘူး။ အဲဒီအဓိပါယ်ကို သေချာမသိဘဲနဲ့ တပ်မတော်ကို ပြိုကွဲစေချင်တဲ့သူဟာ တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်တယ်ဆိုတာ ဟုတ်ပါ့မလား။ ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် ဒေါ်စုကြည်ဆိုတဲ့မျိုးချစ်တဲ့သူမက ဘာကြောင့် နိုင်ငံခြားသား လူမျိုးခြားကိုယူသလဲ၊ အဲဒီအချိန်မှာ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေအများကြီးပါဘဲ။ မြန်မာနိုင်ငံသားနှင့်ယူလို့ရတာဘဲ။ တိုင်းတစ်ပါးရဲ့ ထောက်ပ့မှုံနဲ့ ကြီးပြင်းလာခဲ့ရလို့ တိုင်းတစ်ပါးသားကို ယူခဲ့ရတာလား။ ဒါမှမဟုတ် သေသေချာချာ အကွက်ချပြီး စီစဉ်တာခံခဲ့ရလို့လား။ ဘာပဲဖြစ်ဖြစ် အမျိုးဖျက် တာတော့ခံရတာပါဘဲ။
သီပေါမင်းဆက်ကို ကုလားသွေးနဲ့ဖျက်ဆီးခံခဲ့ရပေမယ့် အဲဒီအချိန်ကာလဟာ သူ့ကျွန်ဘ၀ ကျရောက်နေတဲ့အတွက် ဘာမှမတတ်နိုင်ဘဲ ယနေ့ထိ နာကြည်းမဆုံးရှိနေဆဲဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိပြီးတော့လည်း မြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဟာ အင်္ဂလိပ်သွေး နှောဖြစ်ခဲ့ပြန်တယ်။ သမီးမွေးတော့ မြေးအစစ်ချီရတယ်တဲ့။ အခု မြေးအစစ်တော့ရပါတယ်၊ မျိုးမစစ်ဘူး ဖြစ်နေတယ်။ ယနေ့ ဒီမိုကရေစီခေါင်းဆောင်အနေဖြင့် ပြည်သူလူထုကို မျိုးချစ်စိတ်ဓါတ်နှင့် ကိုယ်ကျင့် တရားအကြောင်း သူမ ဘယ်လိုပြောမလဲ။ ဗုဒမြတ်စွယ်တော်ကို မြန်မာနိုင်ငံမှာပင့်ဆောင်ပြီး အပူဇော်ခံခဲ့တာ နိုင်ငံတစ်ဝှမ်းလုံးမှ ဗုဒ္ဓ ဘာသာဝင်များအနေဖြင့် ဖူးမျှော်ကြည်ညိုကြတာ နှစ်ထောင်းအားရ ပီတိဖြစ်ရပေမယ့် ဒေါ်စုကြည် လာရောက်ဖူးမျှော်တာကို မတွေ့ရတော့လည်း လေးလေးနက်နက်မစU်းစားမိခဲ့ပါဘူး။ ဒါပေမယ့် ပုပ်ရဟန်း မင်းကြီးလာတော့ လက်အုပ်လေးချီပြီး သွားတွေ့တယ်။ လက်ကလေးဆုပ် ဒူးကလေးထောက်ပြီး ဆုတောင်းပွဲတောင်ဝင်နွှဲလိုက်တာကို တွေ့လိုက်မိပါတယ်။ အဘွားဒေါ်ခင်ကြည်က ခရစ်ယာန်ဘာသာဝင် ဖြစ်နေလို့များ ဗုဒ္ဓမြတ်စွယ်တော်ကို သွားမဖူးဘဲ ပုပ်ရဟန်းမင်းကြီးကိုပဲ သွားတွေ့တာလားဆိုတာ စဉ်းစားရင်း ဖြစ်မှဖြစ်ရလေလို့ဘဲ ဖြေသိမ့်မိတယ်။


Myanmar Express

7 comments:

အဘွားဒေါ်ခင်ကြည်ဆုံးတော့ ခရစ်ယာန်လို တိုးတိုးတိတ်တိတ်သဂြိုလ်တဲ့ အခမ်းနားတစ်ခုလည်းလုပ်တယ်
အောင်ဆန်းဟာ စိတ်ဓာတ်ကြမ်းကြုတ်ပြီး မထင်ရင် မထင်သလို လည်ဂုတ်ဓားလှီးသတ်တတ်တော့ အဘွားဒေါ်ခင်ကြည်မှာ သူယုံကြည်တဲ့ ဘာသာကိုစွန့်ပြီး ဗုဒ္ဓဘာသာပြောင်းခဲ့ရပေမယ့်
သေသွားတော့ ခရစ်ယာန်အခမ်းနားတခု လုပ်တယ်

ခရစ်ယာန်အများစုက သဘောထားနူးငြံ့ပါတယ်
အားလုံးနဲ့သဟဇာတနေချင်တဲ့ စိတ်လည်းရှိတယ်
ဒေါ်စုကြည် မိုက်ကယ်အဲရစ်ကိုယူပေမယ့် ခရစ်ယာန်မတိုင်း အဖြူကို မယူပါဘူး။ ဗုဒ္ဓဘာသာယောင်္ကျားတွေ လူဖြူမတွေနဲ့ယူကြတာလည်း ရှိတာပဲလေ

အပေါ်က anonymous ရေ ခရစ်ယာန်အများစုက သဘောထားနူးညံ့ပါတယ်ဆိုတာကတော့ ခရူးဆိတ်စစ်ပွဲက သက်သေပေါ့ကွာ... ဟက်ဟက်...။

သတ္တိရှိရင် ရွှေးကောက်ပွဲလုပ်လိုက် ဘာမှလိုက်ပြောမနေနဲ့ 

မင်းတို့ သတ္တရှိရင် ပြောင်ပြောင်တင်တင်ရေးပါလား

အောင်ဆန်းတောင် ခေါင်းဖြတ်သတ်တာပဲ
ခရူးဆိတ်စစ်ပွဲဆွဲမထည့်နဲ့
မြန်မာပြည်တွင်းက ခရစ်ယာန်တွေ အေးအေးနေချင်တယ်ပြောတယ်

ဟေ့ဟေ့ ခရူးမဆိတ်နဲ့
သေချာတာတော့ ငါလည်းခရူးဆိတ်ထဲ မပါခဲ့ဘူး
လာတိုက်ပေးမနေနဲ့
ဘာသာရေးစစ်ပွဲထဖြစ်ချင်နေတဲ့
အရူးကလည်းရှိသေးဟ

ရှိသမျှတွေကို လှည့်တိုက်... ကုန်သွားတော့ လုပ်စရာမရှိရင် ဘာသာရေး အဓိကရုဏ်း ဖန်တီး... အမလေးဗျာ! ထူးထူးဆန်းဆန်း အတိုက်ခံတွေပါလား ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်