Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nam

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် Mr. Vijay Nambia ခေါင်းဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် နေပြည်တော် ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambia ခေါင်းဆောင်သော အဖွဲ့ လာရောက်တွေ့ဆုံစဉ်

ထိုသို့တွေ့ဆုံရာတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမောင်ဦး၊ ဦးမောင်ရှိန်၊ အလုပ် အမှုဆောင် ဦးလှသိန်းဆွေ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambia နှင့်အတူ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အရာရှိများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် Mr. Vijay Nambia တို့ သည် မြန်မာနိုင်ငံတော် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်ပြောင်းလဲမှုများနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လက်အောက်ခံ အဖွဲ့အစည်း များနှင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်