Subscribe to our RSS Feed

လေးနိုင်ငံထုတ်ကားများ ပထမဆုံးပြသရောင်းချမည့် Shwe Mandalar Expo 2012 ပြပွဲ မန်းတွင်ကျင်းပပြုလုပ်မည်


From : .ခေတ်လူငယ်

လေးနိုင်ငံထုတ်ကားများ ပထမဆုံးပြသရောင်းချမည့် Shwe Mandalar Expo 2012 ပြပွဲကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “၂၀၁၂ ခုနှစ်ရဲ့ မန္တလေးအတွက် အကြီးကျယ်ဆုံး ပြပွဲတစ်ပွဲဖြစ်အောင် စီစဉ်သွားမှာဖြစ်သလို အစုံလင်ဆုံး ကုန်စည်ပြပွဲ ဖြစ်မြောက်အောင်လည်း စီစဉ်ထားပါတယ်” ဟု C&D Group မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယနိုင်ငံထုတ် ကားပြခန်းများ၊ ကားဝန်ဆောင်မှုကုမ္ပဏီ ပြခန်းများ၊ တာယာနှင့် စက်သုံးဆီအမျိုးမျိုးပြခန်း၊ မော်တော်ဆိုင်ကယ် ပြခန်းများ၊ အဲယားကွန်းနှင့် အီလက်ထရောနစ် ပြခန်းများ၊ အိမ်ဆောက်ပစ္စည်းဆိုင်ရာ ပြခန်းများ၊ မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ပြခန်းများ၊ မီဒီယာပြခန်းများ၊ ခရီးသွားဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှု ပြခန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ ပြခန်းများနှင့် စုံလင်အောင် ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Senior and Junior King & Queen of Mandalay ရွေးချယ်ပွဲကြီးကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပါဝင်ပြသလိုသူများ၊ တက်ရောက်လိုသူများအနေဖြင့် အသေးစိတ် အချက်အလက်များကို ဖုန်း -၀၉-၄၃၁၂၆၄၇၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်