Subscribe to our RSS Feed

ဇွန်လ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများသို့ ဒုက္ခသည် ၁၂၀၀၀ ကျော် ရောက်ရှိခိုလှုံနေ

From : ခေတ်လူငယ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက် ဖြစ်ရပ်များကြောင့် ရခိုင်ဒုက္ခသည် ဦးရေမှာ ဇွန်လ ၁၃ ရက်နေ့အထိ ၁၂၀၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။ ဇွန်လ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေး စခန်းများသို့ ဒုက္ခသည်များ ဆက်လက် ရောက်ရှိလျက်ရှိကြောင်း သိရှိရသည်။ ထိုပြင် ရခိုင်ပြည်နယ် မြို့နယ်များအတွင်းမှ ဖမ်းမိလာသော ဘင်္ဂါလီများကိုလည်း ဘင်္ဂါလီများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းများသို့လည်းကောင်း၊ သက်ဆိုင်ရာ ရဲစခန်းများသို့ လည်းကောင်း ရခိုင်ပြည်နယ် ဒေသခံများမှ အသီးသီး ပေးပို့ခဲ့ကြကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်ဖြစ်ရပ်များကြောင့် ရခိုင်ဒုက္ခသည်ဦးရေမှာ ဇွန်လ ၁၁ ရက်နေ့အထိ ၁၂၀၇၄ ဦး ရှိသွားပြီ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ကောက်ယူထားသော စာရင်းများအရ သိရသည်။ ''အခုအထိ ရခိုင်လူမျိုး ဘယ်နှစ်ဦး သေဆုံးပြီးပြီလဲ ဆိုတာကိုတော့ ပြောဖို့ ခက်ပါတယ်။ ရခိုင်ရွာတွေက ဘင်္ဂါလီရွာတွေကြားမှာ ရှိနေလို့ ဒီလူတွေ ဘယ်ရောက်သွားလဲ ဆိုတာကိုလည်း ပြောဖို့လည်း ခက်ပါတယ်။ အခုထိ နေ့စဉ်နဲ့အမျှ အခြေအနေတွေက ပြောင်းနေပါတယ်'' ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရခိုင်ဒုက္ခသည်များမှာ လတ်တလော အချိန်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ရဲတပ်ရင်းများ၊ စာသင်ကျောင်းများ၊ ခန်းမများတွင် ခိုလှုံလျက်ရှိကြသည်။ မောင်တောမြို့တွင် လက်ရှိခိုလှုံနေသော ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၃၈၇၄ ဦးရှိသည့်အနက် (၄) မိုင်ရဲတပ်ရင်း(၂)တွင် ဒုက္ခသည်ဦးရေ မှာ ၃၀၀၀ ဦးခန့်ဖြင့် အများဆုံး ခိုလှုံလျက်ရှိသည်ဟု သိရသည်။ စစ်တွေမြို့တွင် ဒုက္ခသည်ဦးရေ စုစုပေါင်း ၄၉၀၀ ဦးရှိနေပြီ ဖြစ်ပြီး အဓိဌာန်ကျောင်းတွင် ဒုက္ခသည် ၂၀၀၀ ခန့် ရှိနေသည်။ ဘူးသီးတောင်မြို့ရှိ အ.လ.က(၁) ကျောင်းတွင် ဒုက္ခသည် ၁၃၀၀ ခန့် ခိုလှုံလျက်ရှိပြီး ရသေ့တောင်မြို့ရှိ နေရာ ၅ နေရာတွင် ဦးရေ ၂၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင် ခိုလှုံလျက် ရှိသည်ဟု သိရသည်။ ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာ ရီ ၅၀ မိနစ်အချိန် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့များတွင် တည်ငြိမ်အေးဆေးလျက်ရှိပြီး မိုများလည်း ရွာသွန်းနေကြောင်းနှင့် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများတွင် လာရောက် ခိုလှုံသော ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ လုံလောက်မှုမရှိသည့် အခြေအနေကို ကြုံတွေ့နေရကြောင်း ၁၄၄ ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ဒေသခံများက အပြင်သို့ မထွက်တော့ကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။ စစ်တွေမြို့တွင်း ကယ်ဆယ်ရေး စခန်းအချို့နှင့် ယင်းတို့ရှိ လူဦးရေစာရင်းမှာ အဒိဒါန်ကျောင်း ၂၀၀၀ ဦးခန့်၊ ရွေစေတီကျောင်း ၁၀၀၀ ဦးခန့်၊ ရဲကျော်သူကျောင်း ၁၀၀၀ ဦးခန့်၊ ဆင်ကူးလမ်း ဓမ္မာရုံ ၆၀၀ ဦးခန့်၊ မင်းခံဓမ္မာ ရုံ ၅၀၀ ဦးခန့်၊ ဆုတောင်းပြည့်ကျောင်း ၄၅၀ ဦးခန့်၊ ဂြစ်ချေကျောင်း ၄၀၀ ဦးခန့်၊ စပါးထားကျောင်း ၄၀၀ ဦးခန့်၊ ဉာဏစက္က ၃၅၀ ဦးခန့်၊ ဓတ်လျင်ကျောင်း ၃၅၀ ဦးခန့်၊ ယတ္တရာကျောင်း ၃၅၀ ဦးခန့်၊ ရွာကြီးမြောက်ဓမ္မာရုံ ၃၀၀ ဦးခန့်၊ စိတ္တသုခကျောင်း ၂၅၀ ဦးခန့်၊ မရာမာကြီးကျောင်း ၂၅၀ ဦးခန့်၊ ရွာကြီးတောင်ဓမ္မာရုံ ၂၅၀ ဦးခန့်၊ ခေါင်းလောင်းကျောင်း ၂၅၀ ဦးခန့်၊ ဓမ္မစင်္ကြာကျောင်း ၂၀၀ ဦးခန့်၊ ၀ါယမကျောင်း ၂၀၀ ဦးခန့်၊ ကယိချောင်းကျောင်း ၂၀၀ ဦးခန့်၊ ဘုရားလေးဆူကျောင်း ၂၀၀ ဦးခန့်၊ လမ်းမတော်မြောက်ဓမ္မာရုံ ၂၀၀ ဦးခန့်၊ အမျိုးသားကျောင်း ၁၅၀ ဦးခန့်၊ ဇေယျာသီရီကျောင်း ၁၅၀ ဦးခန့်တို့ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအနက် ၈၀ ရာခိုင်နှုန်းမှာ ရခိုင်လူမျိုးများ ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 


2 comments:

ရိုဟင်ဂျာနဲ့ပူးပေါင်းသူများ
၁။အောင်ဆန်းစုကြည်
၂။နိင်ဂရု
၃။shine construction
၎။အောင်ကိုဝင်း KBZ

I want to know about these...
1. Is Daw Aung San Suu Kyi Myanmar or foreigner?
2. Is she peace maker or Terrorist?
3. Does she accept Rohingya is Myanmar National or Not?
3. Does she like Rakhine People were killed or not?
4. Why did not say anything when Rohingyas killed, burnt down Rakhine people and house?
5. How much has she donated for Rakhine People to resettle up their live and emergency food, cloths for victim?
.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်