Subscribe to our RSS Feed

ဘောလုံးအဖွဲ့ချုပ်က ရခိုင်ပြည်နယ်မှ ဒုက္ခသည်များကို သိန်းလေးထောင်လှူဒါန်း


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီး ဆုံးရှုံးမှုများ အတွက် ထောက်ပံ လူဒါန်းငွေ များကို ရခိုင်ပြည် နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့ နှင့် အနုပညာရှင်အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မြို့တော်ခန်းမတွင် သွားရောက် လှုဒါန်းခဲ့ပါသည်။ ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်း၊ တပ်ဦးပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ စောင်များ၊ အ၀တ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များ နှင့် အခြား လိုအပ်သောပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင်ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀
ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဒေါက်တာစိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀
ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀
ဦးဝမ်စိန် (ဥက္ကဌ၊ မောရ၀တီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီအုပ်စု) ကျပ်သိန်း ၂၀၀
ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀
Fresh Air Con ကျပ်သိန်း ၁၀၀
လူငယ်မီဒီယာသမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀
ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀
သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀


အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀၀ ခန့်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ကယ်ဆယ်ရေးစခန်းများသို့ ထပ်ဆောင်း အလှူငွေ ကျပ်သိန်း ၁၅၀၀ခန့် ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Myanmar Express

4 comments:

ဆန်လှူတာပိုကောင်းပါတယ်ခေါက်ဆွဲခြောက်အစားပေါ့ သူတို့ဘာသာသူတို့ချက်စားကြလိမ့်မယ် ထမင်းစားမှအားရှမယ် အားရှိမယ် ပြန်တိုက်နိုင်မှာ ကျေးဇူးးပြုပြိးဆန်အိတ်များလှူကြပါ

မျက်ရည်လည်မတတ် ၀မ်းသာမိပါတယ်ဗျာ
အလှူရှင်များ ကိုယ်ကျန်းမာာ စိတ်ချမ်းသာ ရှိကြပါစေ

အ ခု လို လှူ ဒါန်း ကြ တာ ကို ရ ခိုင် တစ် မျိုး သား လုံး က ကျေး ဇူး တင် နေ မှာ ပါ။

လှူတဲ့ လူများ ကျန်းမာကြ ပါစေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်