Subscribe to our RSS Feed

ရခိုင်ပဋိပက္ခများကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာဝင် အိမ်ထောင်စု ၂၀၀၀ အတွက် ဗုဒ္ဓရုပ်ပွားတော် ဆင်းတုများ လှူဒါန်းသွားမည်


From : ရန်ကုန်တိုင်းမ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာဝင် အိမ်ထောင်စုဝင် ၂၀၀၀ အတွက် ငွေကျပ်သုံးသိန်း မတည်၍ စေတနာရှင်များ၏ လှူဒါန်းမှုဖြင့် ဗုဒ္ဓရုပ်ပွားတော် ဆင်းတုများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း လှိုင်မြို့နယ် ပုညသီရိအောင်ချမ်းသာကျောင်း ဆရာတော် ဦးနာရဒက ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ဗုဒ္ဓဘာသာဝင် အိမ်ထောင်စုများသို့ အမြင့်ကိုးလက်မရှိ ဗုဒ္ဒရုပ်ပွားတော် ဆင်းတုတော်များကို ဝါမဆိုမီ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စစ်တွေမြို့နယ်ရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဘုန်းကြီးကျောင်း ကိုးကျောင်းအတွက် မြန်မာပြန်ဆိုထားသည့် ပိဋကတ်သုံးပုံကျမ်း တစ်စုံစီ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ “မီးရှို့ခံရလို့ ဘုရားဆင်းတုတော် မရှိတော့တဲ့ အိမ်ထောင်စုတွေကို ကိုးကွယ်ဆည်းကပ်နိုင်ဖို့ သွားရောက်လှူဒါန်းမှာပါ။ နာဂစ်တုန်းကလဲ ဒီလိုပဲ ဗုဒ္ဓဘာသာဝင် အိမ်ထောင်စုတွေကို သွားလှူခဲ့တယ်။ ဘုန်းကြီးက ဆင်းတုတော်အတွက် ငွေကျပ်သုံးသိန်း မတည်မယ်။ ပိဋကတ် သုံးပုံကိုးစုံကိုတော့ ဘုန်းကြီးက ဒါနပြုမယ်။ ကျန်တဲ့ဘုန်းကြီးကျောင်းတွေမှာ လိုအပ်တယ်ဆိုရင် အလှူရှင်တွေလဲရှိရင် ထပ်ပြီး လှူသွားမယ်” ဟု လှိုင်မြို့နယ် ပုညသီရိအောင်ချမ်းသာကျောင်း ဆရာတော် ဦးနာရဒက ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓရုပ်ပွားတော် ဆင်းတုများ လှူဒါန်းရေးအတွက် အကျိုးတော်ဆောင်နေသည့် ဦးကျော်အေးမောင်က “မီးရှို့ဖျက်ဆီးခံရတဲ့ ဗုဒ္ဓဘာသာဝင်အိမ်တွေကို ဘုရားဆင်းတုတွေ လှူသွားမယ်။ မှန်းထားတာတော့ အိမ်ထောင်စု ၂၀၀၀ ဝန်းကျင်လောက်ကို လှူသွားဖို့ ဆောင်ရွက်နေပါတယ်။ တခြားမြို့နယ်တွေက စာရင်းတွေ ရရင်လဲ ထပ်ပြီးလှူသွားဦးမှာပါ” ဟု ဆိုသည်။ ကိုးလက်မ ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတစ်ဆူလျှင် ကျပ် ၂၅၀၀ ဖြစ်ပြီး ပိဋကတ်သုံးပုံကျမ်း တစ်စုံလျှင် ကျပ် ၁၄၀၀၀၀ ရှိကာ ရဟန်းရှင်လူ ပြည်သူများအနေဖြင့်လည်း ကုသိုလ်တော်ပါဝင်နိုင်ရန် လှိုင်မြို့နယ် ဘူတာရုံလမ်း၊ ဘုရင့်နောင်လမ်းနှင့် ဗဟိုလမ်းကြားရှိ ပုညသီရိအောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် ဦးနာဒရ ဖုန်း- ၀၉-၇၃၁၁၇၂၇၇၊ ဦးကျော်အေးမောင်- ၀၉-၇၃၀၄၄၅၉၀ နှင့် ဦးသန်းထွန်း- ၀၉-၇၃၀၃၅၉၄၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

Myanmar Express


2 comments:

Money will be better for them.

ကောင်းပါတယ်
အခုလိုမျိုး ကြားရလို့
ကိုယ့်အချင်းချင်း စည်းလုံးကြပါ
အမျိုးကို ထိရင် မခံနဲ့နော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်