Subscribe to our RSS Feed

ဆဒုံး၊ ကန်ပိုက်တီးဒေသရှိ ကလေးငယ်ပညာရေးအတွက် ဆရာ/ဆရာမများ လိုအပ်လျက်ရှိ...


From : ကချင်ပြည်သူတစ်ဦး


မြစ်ကြီးနား- ကန်ပိုက်တီးကားလမ်းမှာရှိတဲ့ ဆဒုံးမြို့နဲ့ ကန်ပိုက်တီးမြို့နယ်ခွဲ ကျောင်းများတွင် ယခုနှစ်ပညာရေးအတွက် မေ ၂၅ ရက်နေ့က ကျောင်းအပ်လက်ခံခဲ့သော်လည်း ကျောင်းသား ငယ်လေးများကို ပညာသင်ကြားပေးတဲ့ ဆရာ/ ဆရာမ များခေါ်ယူရေးအတွက် ကျောင်းသားမိဘများက KIA ထံအနူးအညွတ် တောင်းဆိုခဲ့သော်လည်း KIA ရင်း(၃) မှ မည်သည့်ဝန်ထမ်းမှလာခွင့်မပေးနိုင်သလို ကလေးငယ်ပညာရေး အတွက် ၎င်းတို့နဲ့မသတ်ဆိုင်ဘူးလို့ ပြောခဲ့တဲ့အတွက်ကြောင့် ဆရာ/ဆရာမများနဲ့ ၀န်ထမ်းများက ဆဒုံး သို့ လုံခြုံရေးကြောင့် မလာနိုင်ဘဲ ဗန်းမော်မြို့တွင်သာ နေထိုင်နေကြရပါတယ်။ ကလေးငယ် ပညာရေး အတွက် ဒေသခံများခန့်ထားတဲ့ ဆရာမ ၂ ယောက်နဲ့ သင်ကြားပေးနေရပါတယ်။

KIA က အစိုးရတပ်ကိုဘယ်လိုဘဲတိုက်တိုက် ကချင်တွေအပေါ် ဒုက္ခရောက်အောင်လုပ်လုပ် ကလေး ငယ်တွေ ပညာရေးကိုတော့ ပိတ်ပင်ဖို့မသင့်ပါဘူး။ ကချင်ကလေးငယ် တွေကို ပညာရေး ပိတ်ပင်တာဟာ ကိုယ့်ဒေသကို မျက်ပိတ်နားပိတ်ဖြစ်အောင်လုပ်နေတာနဲ့အတူတူပါဘဲ၊ KIA ခေါင်းဆောင်ကြီးတွေက ကချင်လူမျိုးကောင်းစားရေးလို့ ပြောပြီးတော်လှန်ရေးစစ်ပွဲ ဆင်နွဲပေမယ့် အခုလို ကလေးငယ်တွေရဲ့ပညာရေး၊ ကချင်ပြည်နယ်ရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေကို မှေးမှိန်အောင်လုပ်နေတာ ဟာ ကချင်ပြည်နယ်ကြီးကို ဖျက်ဆီးနေတာနဲ့အတူတူပါဘဲ။ ကချင်လူမျိုးတွေစာမတက်မှ KIA ခေါင်းဆောင်ကြီး တွေရဲ့ ခြယ်လှယ်မှုတွေ အောက်မှာအသိဥာဏ်မဲ့စွာနဲ့ ဆင်းရဲတွင်းအတွင်းကိုနက်သထက်နက်အောင် စီမံဆောင်ရွက်နေပါတယ်လို့ ဆဒုံးမြို့ခံများက KDN သတင်းထောက်တစ်ဦးအားသတင်းပေးပို့ထားပါတယ်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်