Subscribe to our RSS Feed

စွန့်လွှတ်ခြင်းဆိုတာဘာကိုခေါ်ပါသလဲ------?(ပေးစာ - ၁၅၃)


From : ဖေမောင်မောင်


တစ်နေ့ကျွန်တော် မော်လမြိုင် ရထားစီး လာတော့ လမ်းကြားဘူတာတစ်ခုမှာရထားရပ်တော့ ရဲဘော်၎ -၅ ယောက်လောက်စုစု တွေ့ရတော့ ဘာ လဲလို့စပ်စုကြည့် လိုက်တော့ ဒဏ်ရာရလာတဲ့ ရဲဘော်လေး တစ်ယောက်ကို ထမ်းစင်နဲ့ ထမ်းလာ ကြတာကိုတွေ့ လိုက်ရပါတယ် ။ ဒါနဲ့ သူတို့လည်းတွဲပေါ်တက်လာကြပါတယ်။ ကျွန်တော်လည်း သူ့ဒဏ်ရာကိုကြည့် လိုက်တော့ ညာဘက်ဒူးဆစ်အောက်ပိုင်းတစ် ပိုင်းတပိုင်းလုံးမရှိတော့ပဲဒဏ်ရာကို ပတ်တီးနဲ့ အထပ်ထပ်စည်းထားတာကိုတွေ့ရ ပါတယ်။ ရဲ ဘော်လေးရဲ့ မျက်နှာကို ကြည့်လိုက်တော့ အလွန်ဆုံးရှိလှအသက်(၂၀) ပေါ့ သူ့ မျက်နှာ နုနု လေးမှာအရွယ်နဲ့ မလိုက်အောင် ထမ်းဆောင်ရတဲ့ တာဝန်တွေ ကြမ်းတမ်းမှုတွေအပြင် ဒဏ်ရာရဲ့အနာရှိန်တွေကြောင့် ညိုးရော်နေပြီး နှုတ်ကလည်း ညီး သံသဲ့သဲ့ ထွက်နေတာကိုတွေ့လိုက်ရပါတယ်။ ဒီအချိန်မှာကျန်တဲ့ခရီးသည်တွေကိုကြည့်လိုက်တော့တော်တော်များများဟာမျက်နှာတွေရှုံနေတာကိုတွေ့လိုက်ပါတယ်။ဒဏ်ရာကထွက်တဲ့ အနံ့ အသက်တွေကြောင့်ဖြစ်ပါလိမ့်မယ်။ သူတို့ နေရာဘေးကို ဒီလူနာနဲ့ ရဲဘော်တွေရောက်လာမှာစိုးရိမ်နေတဲ့ ပုံပါပဲ။ ဒီအချိန်မှာ ရထားပေါ်ပါလာတဲ့ အရာရှိတစ်ယောက် က လူနာရဲဘော်လေးစီးဖို့အတွက်သူ့နေရာကိုဖယ်ပေးပြီး သူကတော့ ဘေးကသေတာာပေါ်ထိုင်တာတွေ့လိုက်ရပါတယ်။အရင်ဒီအရာရှိရဲ့ဘေးခုံက ၀တ်ကောင်းစားလှတွေဝတ်ထားတဲ့ မိန်းမတစ်ယောက်က မဲ့ ရွဲ့ပြီး ထထွက်သွားတာကိုတွေ့လိုက်ရပါတယ် ဒီမြင်ကွင်းကိုမြင်တော့ ရင်ထဲနင့်နေအောင်ခံစားလိုက်ရပါတယ်။ စိတ်ထဲမှာလည်းအတွေးတွေက အဆက်မပြတ်ပေါ်လို့လာပါတယ်။ လူတွေမှာကိုယ်ချင်းစာတရားတွေခေါင်းပါး လှပါလား။ဒီရဲ ဘော်လေးရဲ့ ဒဏ်ရာကအလေနတော လိုက်ပြီးဘီယာဆိုင် လမ်းဘေးမှာသူများဝိုင်းရိုက်လို့ရတဲ့ဒဏ်ရာမဟုတ်ပါဘူး။ တောထဲတောင်ထဲ လူမနီး သူမနီးအရပ်မှာမိဝေးဖဝေး နဲ့ သက်တူရယ်တူတွေမြို့ပေါ်မှာ သင်တန်းတွေတက် ကျောင်းတွေတက်နေတဲ့ အရွယ်မှာ တာဝန်ထမ်းဆောင်ရင်း ခြေထောက်တစ်ချောင်းလုံးစွန့်ခဲ့ရတာပါ။ မြို့ပေါ်မှာအေးအေးချမ်းချမ်းနေလို့ရအောင်စွန့်လွတ်ခဲ့ရတာပါ။ တောထဲတောင်ထဲမှာ ဒီလိုတာဝန်ထမ်းဆောင်နေတဲ့ လူငယ်စစ်ဗိုလ်စစ်သားလေးတွေမြောက်များစွာရှိကြပါတယ်။ ဒါတွေကိုပြည်သူတွေသိမှသိပါလေစွ။ ကိုယ့်သားအလောင်းတွေ့ခွင့်မရလိုက်တဲ့မိဘတွေ.
ကိုယ့်လင်သားအလောင်းဘယ်မှာရှိမှန်းမသိလိုက်ရတဲ့ ဇနီးမယားတွေအများကြီးပါ။ဒါတွေကိုစစ်သားတွေပဲနားလည်နိုင်ပါလိမ့်မယ်။ရင်နင့်စရာအဖြစ်တွေအများကြီးပါ။ ဒဏ်ရာရပြီးမြို့ပေါ်ရောက်လာတော့လည်း ပြည်သူတွေကဒီလိုသူ့ကိုဆက်ဆံကြတော့ ................ကိုယ်ချင်းစာကြည့်ကြပါဗျာ။

ဒီတော့တစ်ခုပဲတောင်းဆိုချင်မိပါတယ်ဒီရဲဘော်လေးတွေဟာ ဘာနိုင်ငံရေးမှလည်းနားမလည်ပါဘူး ကိုယ်ကျိုးအတွက်ဘာမှမျှော်လင့်ချက်လည်းမရှိပါဘူး သူတို့လည်း ပြည်သူထဲကမိဘတွေကပေါက်ဖွားလာတဲ့ပြည်သူထဲကပြည်သူတွေပါပဲ။
ပေးထားတဲ့တာဝန်တစ်ခုအရင်းပြုပြီးသေဆိုသေရှင်ဆိုရှင်ရတာပါ။ဒါကြောင့်ခင်ဗျားတို့လေးစားပါတယ်ဆိုတဲ့ ပြည်တွင်းပြည်ပမြေပေါ်မြေ အောက်ထောင်တွင်းထောင်ပြင် နိုင်ငံရေးသမားတွေfreedom fighter ဆိုတဲ့သူတွေကိုချီးကျူးရင်ချီးကျူးကြပါ လေးစားရင်လေးစားကြပါဒါပေမယ့် အသက်နဲ့ရင်း လူဖြစ်ရှုံး ခံပြီး တာဝန်ထမ်းဆောင်နေကြပါလျက်နဲ့ ကိုယ့်ကိုကို ကိုဝယ်ရည်လည်းမသွေးတတ် တဲ့ ရဲဘော်လေးတွေရဲ့ဂုဏ်ကိုနင်းချေ ရှုံ့ချပြီးတော့မှ မြို့ပေါ်မှာကိုယ်ရည်သွေးနေတဲ့ နိုင်ငံရေးသမားတွေကိုဂုဏ်မဖော်လိုက်ကြပါနဲ့နှိုင်းယှဉ်စရာမဟုတ်ပါဘူး ။နှိုင်းယှဉ်စရာအကြောင်းလည်းမဟုတ်ပါဘူး။

Myanmar Express


7 comments:

အဲဒီလို ကိုယ်ကျိုးစွန့် သွားတဲ့  ရဲဘော်လေးတွေရဲ့  နောင်ရေးကိုလဲ ကူညီစီစဉ်ပေးသင့်ပါတယ် .. ဖေါင်ဒေးရှင်းတွေ အခမဲ့ကူညီမှုတွေ အသင်းအဖွဲ့ တွေအများကြီးပါ .. ဒါပေ့မယ့် ကိုယ်အင်္ဂါမစုံတော့တဲ့ ရဲဘော်လေးတွေအတွက် .. ဘာကူညီမှုအဖွဲ့ မှမရှိပါဘူး ..

သူတို့တိုင်းပြည်အတွက်အလုပ်လုပ်ပေးခဲ့ကြပြီဘဲကိုယ်လက်အင်္ဂါတွေလည်းစွန့်ခဲ့ကြပြီလူကြီးတွေဘာလုပ်နေကြသလည်း။

ဘာမှမလုပ်ဘူးကွ
ငါ့မိသားစုအတွက်ပဲလုပ်နေရတာနဲ့ မင်းတို့အတွက် မကြည့်နိုင်ပါဘူးကွာ

စစ်တိုက်နေတဲ့ ရဲဘော်ဟာ စစ်ကိုအမုန်းဆုံးပါပဲ ။ စစ်ပွဲဖြစ်ရင် ပထမဆုံး ဆုံးရှုံးရတာဟာ အမှန်တရားပါ။

ဒုက္ခိ တ ဖြစ် သွား ရတဲ့ ရဲ ဘော် တွေ အတွ က် ထာ ၀ ရ ကူ ညီ ပေး ဖို့  တပ် မ တော် မှာ တာ ၀န် ရှိ ပါ တယ်

စစ်တပ်မကောင်းပြောတဲ့ခွေသူတောင်းစားတွေ NLDတွေ ၈၈ကောင်တွေကောင်မတွေ မင်းတို့ဒို့စစ်သားတွေလိုစွန့်လွှတ်ရဲလား
ဒေါစုဆိုတဲ့internationalကြက်မကြီးဒီလိုမစွန့်နိုင်ရင်နင့်အာဏာရူးစိတ်ကိုတော့စွန့်လွှတ်သင့်ပြီ နင်ရခဲ့တဲ့အပေါစားနိုဘယ်စုတွေကနောင်ဘဝအတွက်မဖြစ်နိုင်ဘူး
နင်မသေခင်နင့်အတွက်နင်ပြင်သင့်ပြီ
ဒီလိုစွန့်လွှခဲ့ကြတဲ့သူတွေကိုကူညီရင်နင့်အဖေကိုကျေးဇူးဆပ်ရာရောက်တယ်
MEGကိုကျေးဇူးတင်ပါတယ်ဗျာ

အော်- အောက်ခြေ စစ်သားတွေရဲ ဘ၀ကလည်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်