Subscribe to our RSS Feed

KIA အဖွဲ့က ရွာများရှိဆိုင်ကယ်များထံမှ ငွေတောင်းခံခဲ့....


From : ကချင်နေ့စဉ်သတင်း


လွန်ခဲ့တဲ့ ၃ရက်လောက်မှစပြီး KIA အဖွဲ့ဟာ မိုးမိတ်မြို့နဲ့ မိုးလိုကျေးရွာများမှ ဆိုင်ကယ်ဖြင့် တောင်ပေါ်ကျေးရွာများသို့ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေသူများနဲ့ မန်တုံမြို့နယ်သို့ သွားလာသူများထံမှ ငွေတောင်းခံမှုများပြုလုပ်နေတယ်လို့ မိုးမိတ်မြို့မှ တောင်ပေါ်ဒေသသို့ ဈေးရောင်းချရန်သွားတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။ ဆိုင်ကယ်တစ်စီးကို ၂၀၀၀ ကျပ်ကောက်ခံပြီး ငွေမပေးတဲ့ ဆိုင်ကယ်တွေ သွားလာခွင့်မပြုပါဘူး၊ တောင်ခံနေတဲ့ KIA အဖွဲ့က တော်တော်လေးကို စုတ်ပြတ်စွာ ၀တ်စားထားပြီး ကျန်မာရေး ချို့တဲ့နေတဲ့ပုံတွေ ဖြစ်နေကြပါတယ်။

ကောက်ခံတဲ့KIA အဖွဲ့က သူတို့က အခုလို မတောင်းခံလိုကြဘဲ သူတို့က ဗဟိုက ထောက်ပံ့မှု မရရှိတဲ့ အတွက် အခုလို ဓါးမြဆန်ဆန်တောင်းခံနေရပါတယ်။ KIA ဗဟိုက အစိုးရတပ်ကို တိုက်ဖို့ အမိန့်ဘဲပေးပြီး စားဖို့ရိက္ခာနဲ့ဆေးဝါးကိုတော့ ထောက်ပံ့မှုမပေးဘဲ အောက်က တပ်ဖွဲ့ ၀င်တွေကို တောထဲမှာ ဖြစ်သလိုထားထားပြီး ဗဟိုက ခေါင်းဆောင်တွေကျတော့ ဇိမ်ခံနေကြပါတယ်။ အစိုးရတပ်နဲ့ ငြိမ်းချမ်းရေးနေတာကြားနေရပေမယ့် ဗဟိုကတော့ အစိုးရတပ်ကို ဆက်တိုက်ဖို့ဘဲ အမိန့်တွေပေးနေ ပါတယ်။ KIA အောက်က တပ်ဖွဲ့ဝင်တွေအားလုံးက ငြိမ်းချမ်းရေးကိုလိုချင်၊ စစ်ကိုမလိုလားဘဲ မိသားစုနဲ့ အတူတူ အေးဆေးစွာနေချင်ပေမယ့်လည်း KIA ခေါင်းဆောင် ပိုင်းတွေက သူတို့အာဏာတည်မြဲဖို့ ချမ်းသာဖို့အတွက် အောက်ခြေတပ်ဖွဲ့ဝင်များနဲ့ ဒေသခံတွေက ခံစားနေရ ပါတယ်လို့ ငွေကောက်ခံတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ KDN သတင်းထောက်တစ်ဦးအား ရင်ဖွင့်ပြောကြားခဲ့ ပါတယ်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်