Subscribe to our RSS Feed

ရခိုင်ပြည်နယ်အခြေအနေ စိတ်မချရသေးသော်လည်း ဒေါ်စု အပြုံးမပျက်


ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်လာပြီဆိုပေမဲ့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းနိုင်လောက်တဲ့အထိတော့ စိတ်မချရသေးဘူးလို့ သတင်းရရှိပါတယ်။ ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာသလို အကူအညီတွေဟာလည်း မလုံလောက်ဘူးလို့ သိရပါတယ်။ ဒုက္ခသည်တွေဟာ နေရေး၊ ထိုင်ရေးအခက်အခဲကြောင့် ၀မ်းလျှောရောဂါ ဖြစ်တာတွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ပေါ်မှာ အခုဆိုရင် ဒုက္ခသည်စခန်းတွေဟာ အရင်က ရှိနေတာထက်ကို ထပ်တိုးလာပြီး အသစ်ထပ်ရောက်လာကြတဲ့ ဒုက္ခသည်တွေလည်းရှိသလို ပြန်သွားကြသူတချို့လည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ပြန်သွားတဲ့ အရေအတွက်ထက် အသစ်ရောက်လာကြတဲ့ ဒုက္ခသည်အရေအတွက် ပိုများနေတာကြောင့် နေရာထိုင်ခင်း မလုံလောက်တဲ့ပြဿနာ၊ အမိုးအကာတဲ မရှိတာနဲ့ အိမ်သာ အလုံအလောက် မရှိတာတွေကြောင့် အညစ်အကြေးတွေကို ကြုံသလို စွန့်ပစ်နေကြတဲ့အတွက် အခုဆိုရင် ၀မ်းလျှောရောဂါ ဖြစ်တဲ့သူတွေ ရှိလာနေတယ် သိရပါတယ်။

အစိုးရ နဲ့ တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ရခိုင်ပြည်နယ်တွင်း မြို့နယ်အသီးသီးမှာ ဒုက္ခသည်တွေအတွက် ယာယီစခန်း ၃၇ ခု ဖွင့်ထားပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ ၃ သောင်းကျော် ရှိသွားပြီလို့ ပြည်နယ်အစိုးရကရော UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကရော ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းရဲ့ အဆိုအရ ဇွန်လ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ် တ၀ှမ်း သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၃၈ ဦး ရှိပြီး မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်ပေါင်း ၂,၅၂၈ လုံး၊ ဗလီဝတ်ကျောင်း ၇ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတကျောင်းတို့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တရားရေးဝန်ကြီး ဦးလှသိန်းကလည်း ပြန်လည်ထူထောင်ရေးအတွက် ဘယ်လို စီမံဆောင်ရွက်မယ်ဆိုတာ အခုအချိန်မှာ ပြောဖို့ရာ သိပ်စောနေသေးပြီး ခန့်မှန်းထားတာထက်ကို ဆုံးရှုံးမှု ပမာဏက သိပ်များနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ကိုလည်း စစ်တပ်နဲ့ ရဲလုံခြုံရေးကလည်း လုံလုံလောက်လောက် မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တပ်မတော်သားများ၊ ပြည်သူ့ရဲများနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ က အပျက်အဆီးများကို ရှင်းလင်းလျှက် ရှိကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါးစပ် က စိုးရိမ်တယ်၊ စွာရက်ထဲမှာ စိုးရိမ်တယ် ပြောထားပေမယ့် နေ့စဉ် ပြုံးပျော်နေတဲ့ ပုံတွေပဲ ထွက်လာနေပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်