ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တည်ထောင်သူ ၁၅ ဦးတွင် တစ်  ဦးအပါအဝင်ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်စိုင်း ထွန်းအေးဟာ ရှမ်း  တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ နုတ်ထွက်လိုက်တယ်လို့ သ  တင်းရရှိပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင် ရ  ရှိပြီးနောက်တစ်နေ့ ဇွန်လ ၁၃ ရက်နေ့မှာ အခုလို နုတ်ထွက်စာ တင်လိုက်  တာဖြစ်ကြောင်း သိရပါ တယ်။  ပါတီက နုတ်ထွက်လိုက်ရတဲ့ အကြောင်းရင်းနဲ့  ပတ်သက်ပြီး စိုင်းထွန်းအေး ကို မေးမြန်းကြည့်တဲ့အခါ – ကျားဖြူပါတီမှာ  ဦးဆောင်နေတဲ့ လူကြီးတွေက ပါတီ တည်ဆောက်ရေးအတွက် ပျက်ကွက်နေပြီး ကိုယ်ရတဲ့  နေရာလေးမှာ ကိုယ့်အရေးပါမှုကို တည်ဆောက်ဖို့လောက်၊ လူကြားထဲမှာ  မျက်နှာပွင့်ဖို့လောက်ပဲ ကြိုးပမ်းနေကြတာပဲ တွေ့ရတယ်။ ပါတီရဲ့ မူဝါဒမှာ  လူငယ်တွေရဲ့ အင်အားဟာ အရေးကြီးတယ် ဆိုတာကို ဖော်ပြထားသလို ပါတီ သန္နိဋ္ဌာန်  လေးရပ်မှာလည်း လူငယ်မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင် ပေးနိုင် မှသာ  ကိုယ့် အမျိုးသားရေးကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ် ဆိုတာ ပါပေမယ့် ပါတီ  ခေါင်းဆောင်တွေက လူငယ်တွေရဲ့ တန်ဖိုး ကိုလျစ် လျူရှုပြီး တန် ဖိုး မထား  တာကတော့ ဝမ်းနည်း စရာပဲ။   ပါတီတွင်းမှာ ဒီမိုကရေစီ ကျင့်သုံးမှု  မရှိတာတွေ၊ နောက်ပြီး ပါတီ အလုပ်အမှုဆောင် အချင်းချင်း အကြားမှာ အပြန်အလှန်  လေးစားမှု၊ ပွင့် လင်းမြင်သာမှုတွေ မရှိခဲ့တာရယ်၊ ပါတီဟာ ပါတီခေါင်းဆောင်  တစ်ဦးတည်းက စိတ်တိုင်းကျ ချယ်လှယ်မှုတွေသာ လွှမ်းမိုးနေခဲ့ပြီး စုပေါင်းဦး  ဆောင်မှု အခန်းကဏ္ဍကို ဦးစားမပေးဘဲ အာဏာရှင်ဆန်ဆန် ကျင့်သုံးလာတွေကိုလည်း  ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါ ကြောင့်ရှမ်း တိုင်း ရင်းသားများ  ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို မယုံကြည်တော့လို့၊  ပါတီရဲ့ အနာဂတ်ဟာ လည်း ပဲ မှေးမှိန် ပြိုကွဲနေ တယ်လို့  ထင်မြင်ခံစားမိတဲ့အတွက် ပါတီက နုတ်ထွက်လိုက်တာပါ လို့ ကော့လီကို  ပြောပြပါတယ်။  စိုင်းထွန်းအေး ဟာ ၂၀၁၀ ရွေးကောက်ပွဲစည်းရုံးရေးကာလ က  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၏ စည်းရုံးရေး စာစောင်ဖြစ် တဲ့  ကျားဖြူ သတင်းလွှာကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့ပြီး ကိုယ်တိုင်လည်း  ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်သူ့လွှတ် တော် မဲဆ န္ဒနယ်ကနေ  ဝင်ရောက်ယှဉ်ပြိုင်ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။  ၂၀၁၀ ဒီဇင်ဘာလ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ညီလာခံမှာတော့  နိုင်ငံရေးသုံးသပ်ချက် စာတမ်းတစ်စောင်ကို ရေးသား ပြီး တက် ရောက်လာတဲ့  ညီလာခံ ကိုယ်စားလှယ်များ လေ့လာဖို့အတွက် ဖြန့်ဝေပေးခဲ့တာနဲ့ ပတ်သက်ပြီး  ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက စိုင်း ထွန်း အေးအား ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင်  အဖြစ်က ခေတ္တရပ်နားခဲ့စေခြင်းဖြင့် အရေးယူခဲ့ပါတယ်။   ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ စိုင်းထွန်းအေး မနုတ်ထွက်ခင်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တည်ထောင်သူ ၁၅ ဦးမှာ ပါဝင်တဲ့  စိုင်းဖိုးမြတ် (ခ) စိုင်းယီဆိုင် ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က  ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။  ယခင် ရှမ်းတိုင်းရင်းသားများ  ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ဖြစ်သူ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ လွိုင်လင်မြို့နယ် အတွင်းရေးမှူး  စိုင်းရွှေထွန်း (ခ) စိုင်းရွက်တိုင်း ကလည်း ရှမ်းတိုင်းရင်းသားများ  ဒီမိုကရက်တစ်ပါတီမှ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ နေ့က နုတ်ထွက်ခဲ့တယ်လို့လည်း  သိရပါတယ်
  Myanmar Express
စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀
                      -
                    
******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးေ...
9 years ago








 
.jpg) 
 
.jpg) 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
.jpg) 
 
 
 
 
 
.jpg) 
 
 
 
  
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်