ပေါ့ပ်အဆိုရှင် လေဒီဂါဂါမှာ နယူးဇီလန်တွင် နောက်ဆုံးနေ့ အဖြစ် ကျင်းပသည့် စင်မြင့် ဖျော်ဖြေပွဲ အတွင်းတွင် သူမ၏ ဦးခေါင်းနှင့် သတ္တုတန်း တိုက်မိပြီး
မေ့လဲကျခဲ့ရကြောင်း သတင်းများတွင် တနင်္လာနေ့က ဖော်ပြသည်။ အမေရိကန် ဂီတပညာရှင် အနေဖြင့် သူမ၏ သီချင်းဖြစ်သော Judas ကို အုတ်ကလန်ရှိ Vector အားကစားကွင်းတွင် ပြုလုပ်စဉ် ယခုလို ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
ယခုလို ဖြစ်ရပ်မှာ သံတန်းမှာ သူမ၏ ခေါင်းပေါ်သို့ ပြုတ်ကျခဲ့ပြီးနောက် လဲပြိုကျခဲ့ရခြင်း ဖြစ်သည်။ မိမိ အနေဖြင့် ယနေ့ည ဖြစ်ရပ်အတွက် တောင်းပန်လိုကြောင်း သို့ရာတွင် ပရိသတ်ကြီး အနေဖြင့် သတိထားချင်မှ ထားမိမည် ဖြစ်ပြီး ဦးခေါင်းကို ထိခိုက်မိပြီး မေ့သွားသည့် ကိစ္စ ဖြစ်ခဲ့ကြောင်း နောက်ပိုင်းတွင် ပရိသတ်များထံသို့ ပြောကြား သွားခဲ့သည်။ လေဒီဂါဂါ အနေဖြင့် လာမည့် ဗုဒ္ဓဟူး နေ့တွင် သြစတြေးလျ နိုင်ငံ ဘရစ်ဘိန်းတွင် သူမ၏ Born This Way ကမ္ဘာလှည့် ဖျော်ဖြေပွဲ ကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။
source : channelnewsasia.com
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်