Subscribe to our RSS Feed

ကိုင်း ပြောရပြန်ပါပြီ

From :

ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်ကို လာမယ်ဆိုတဲ့ သတင်းကြားရတော့ ဝမ်းသာမိတယ် ။ သူတို.သားအမိတွေ ပြန်လည်တွေ.ဆုံခွင့်ရကြတော့မယ်ဆိုပြီး ကြည်နူးမိတယ် ။ သွားရောက်တွေ.ဆုံဖို.တော့ စိတ်မကူးခဲ့မိပါဘူး ။ နိုင်ငံ့အရေးလုပ်ရာမှာ ဒီလူနဲ.တွေ.မှ ၊ သိမှ ၊ ခင်မှ ၊အသိအမှတ်ပြုခံရမှ မဟုတ်ပါဘူး ။ ကိုယ့်နိုင်ငံ့အကျိုးကို တတ်နိုင်တဲ့ဖက်က ကောင်းအောင် ဆောင်ရွက်နိုင်ကြရင်ဖြင့် နိုင်ငံ့သားကောင်းတွေပါပဲ ။




အဲ့ဒီအချိန်မှာပဲ သတင်းတွေက အမျိုးမျိုးကြားရပြန်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်လာရင် ဝင်ကြေးတယောက် ၁၀ ပေါင် ကောက်မယ် ဘာညာပေါ့ ။ ဗုဒ္ဓေါ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေ ရူးများသွားကုန်ပြီလား လို.တွေးမိတယ် ။ ဒေါ်အောင်ဆန်းစုကြည် ကို ရုံသွင်းပြစားသလို တယောက် ၁၀ ပေါင် ပေးပြီး ကြည့်ခိုင်းရအောင် ဒေါ်အောင်ဆန်းစုကြည်က မျောက်မဟုတ်ပါဘူး ။ လူထု.ခေါင်းဆောင်ပါ ။ ဒီသတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့တဲ့ အတွက် အဲ့ဒီ ပိုက်ဆံပေးပြီး ကြည့်ရမယ့် အစီအစဉ် ပျက်သွားခဲ့ပါတယ် ။

နောက်ဆုံး စက်ရပ် သတင်းအနေနဲ.ကတော့ ပိုက်ဆံတော့ မကောက်တော့ပါဘူး ။ သို.သော် လက်မှတ်တွေနဲ. ဝင်ကြရပါမယ် ။ အဲ့လက်မှတ်ကလည်း တကယ့် ပုဂ္ဂိုလ်တွေမှ ရမယ့် စတိုင် ဖမ်းပြန်ပါတယ် ။ ရော ခက်ပြီ လန်ဒန်မှာ အားကိုးရလောက်တဲ့ ကိုယ်ကျိုးစွန်. နိုင်ငံရေးသမားကြီးကြီးမားမား ဘယ်တယောက်မှ မတွေ.မိပါဘူး ။ ဖြစ်သင့်တာက ဒေါ်အောင်ဆန်းစုကြည် သည် လူထု ခေါင်းဆောင်တစ်ယောက်မို. မြန်မာပြည်သူပြည်သားတိုင်း လွတ်လပ်စွာတွေ.ခွင့်ရှိပါတယ် ။ အချိန်ကန်.သတ်ပါ ။ တက်ချင်သူတိုင်း တက်ခွင့်ပေးပါ ။ နေရာမရှိတော့လို. မဝင်ရရင် တမျိုးပေါ့ ။ လုံခြုံရေးအတွက် တက်ရောက်လာသူတွေကို စစ်ချင်ရင် စစ်နိုင်ပါသေးတယ် ။ ဒါဆို ကုန်ကျစရိတ်တွေ ဘယ်သူပေးမလဲ မေးပါလိမ့်မယ် ။ တက်ရောက်လာသူတိုင်း သဒ္ဒါသလောက် ထည့်ခိုင်းနိုင်ပါတယ် ။ ကြည်ကြည်ဖြူဖြူကို ထည့်ကြမှာပါ ။ ပေါင် ၉၀၀၀ ဆိုတာ များပေမယ့် နိုင်ငံရေးအမည်ခံ လုပ်စားကြသူများက ပိုထည့်ပေါ့ရှင် ။ ဟုတ်တယ်ဟုတ် ။ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ဒီလို နေရတာ မလား ။ တခါတလေပဲ ပေးသင့်ပါတယ် ။

ကိုင်း အဲ့ဒါ မြန်မာတွေပဲ ။ ပြောရတာလည်း မောလှပြီ ။ ဒါတောင် ဘာမှ မဟုတ်သေးဘူး ။ လူထုခေါင်းဆောင်ကို ပြပွဲပြသလို လုပ်ချင်ကြသေးတယ် ။ ရှက်လည်း ရှက်စရာပဲ ။ တခါတလေ အင်း တန်ရာတန်ရာ ရတာပဲလို. တွေးမိတယ် ။ မကျေနပ်ရင် လာကွန်မန်.ရေးလှည့်ကြ ရွှေဥာဏ်တောင် စူးရောက်သူများရှင့် ။

လေးစားစွာဖြင့်

Myanmar Express

3 comments:

ဒီမှာကြည့်အုန်းဗျာ။ ဒေါ်စု အဖြူကောင်လက်ကိုချိတ်လို့။ မြန်မာတွေနဲ့ ဝေးပြီး မမြင်တော့ဘူးဆိုတာနဲ့ ဇာတိကပြတော့တာပဲ။ http://www.facebook.com/photo.php?fbid=488844031131397&set=a.362239160458552.107216.287336421282160&type=1&permPage=1

သမီးမွေးနေ့ရောက်ရင်..
သမီးကတော့ ဗုဒ္ဓဘာသာပီပီ.. ရွှေတိဂုံဘုရားသွားပါမယ်။
သာသနာနှစ် ၂၆၀၀ပြည့် ဒီနှစ်မှာ သမီးရန်ကုန်မှာရောက်နေတာအတိုင်းထက် အလွန်ကံ့ကောင်းတယ်လို့မှတ်ယူပါတယ်။ ဖေဖေမရှိတော့ပေမဲ့ မေမေကဘာသာရေးကိုကိုင်းရှိုင်းဖို့ အမျိုးကိုစောင့်ရှောက်ဖို့ အမြဲဆုံးမပါတယ်။

ဒေါ်စုလည်း သူ့အမျိုးကို စောင့်ရှောက်ဖို့ သွားတာပါဘဲ။ေ၇ွှတိဂုံစေတီတော်ကြီးကတော့ အသက် (၄၀) ကျော်မှစတွေ့ဖူးတာဆိုတော့ အလာလောက် ရင်ထဲ မထိဘူးပေါ့။ ခွင့်လွှတ်လိုက်ကြပါဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်