From :Myanmar
ရခိုင်ပြည်နယ် အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရရုံးတွင် ယနေ့ ညနေ ၃း၃၀ နာရီတွင် စတင် ကျင်းပခဲ့ပြီး ညနေ ၅း၃၀ နာရီ ဝန်းကျင်တွင် ပြီးဆုံးခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်လင်းပွဲမှာ ရခိုင်-ရိုဟင်ဂျာ အရေးအခင်းတွင် သေဆုံး၊ ပျက်စီး သတင်းများကို ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းနှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ထိန်လင်း တို့မှ အဓိက ရှင်းလင်း ထုတ်ပြန်ခဲ့ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ CJMyanmar ၏ CJ တစ်ယောက်မှ သတင်းပေးပို့သည်။ ယင်းထုတ်ပြန်ခဲ့သော အချက်အလက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ဇွန်-၈၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- ရခိုင် (၈၆၃)လုံး၊ မွတ်ဆလင် (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း
သေဆုံးသူ --- ရခိုင် (၇)ဦး၊ မွတ်ဆလင် (၂)ဦးဒဏ်ရာရသူ --- ရခိုင် (၅)ဦးဖျက်ဆီးခံရသော အဆောက်အဦး --- ရဲကင်း (၁)ခု၊ ဆေးခန်း (၁)ခန်း၊ ဆေးရုံ (၁)ရုံ၊
ဇွန်-၉၊ မောင်းတောမြို့
မွတ်ဆလင် (၁)ဦး သေ
ဇွန်-၁၀၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- မွတ်ဆလင် (၁)လုံး
သေဆုံးသူ --- (၁)ဦး
၎င်းနေ့တွင် မောင်းတောမြို့ အခြေအနေ ထိန်းသိမ်းနိုင်
ဇွန်-၁၀၊ဘူးသီးတောင် (၁)ဦးသေ
ဇွန်-၁၀၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- ရခိုင် (၅၄)လုံး၊ မွတ်ဆလင် (၆၇၃)လုံး၊ ဗလီ (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊
သေဆုံးသူ --- ရခိုင် (၁)ဦး၊ မွတ်ဆလင် (၂)ဦး
ဒဏ်ရာရသူ --- ရခိုင် (၆)ဦး၊ မွတ်ဆလင် (၁၀)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး --- ဆိုင်ကယ် (၄)စီး၊ ဆိုင်ခန်း (၅)ခန်း
ဇွန်-၁၀၊ ရမ်းဗြဲမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- ရခိုင် (၃၅)လုံး၊ မွတ်ဆလင် (၂၂)လုံး၊ ဗလီ (၃)လုံး ပျက်စီး
ဇွန်-၁၁၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- မွတ်ဆလင် (၆)လုံး
ဇွန်-၁၁၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- ရခိုင် (၇၀)လုံး၊ မွတ်ဆလင် (၁၉၀)လုံး၊ ဗလီ (၁)လုံး
သေဆုံးသူ --- ရခိုင် (၅)ဦး၊ မွတ်ဆလင် (၂)ဦး
ဇွန်-၁၁၊ ပေါက်တော့မြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- ရခိုင် (၂၁)လုံး၊ မွတ်ဆလင် (၁၄)လုံး
ဒဏ်ရာရသူ --- ရခိုင် (၅)ဦး၊ မွတ်ဆလင် (၁၁)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး --- ကုန်စုံဆိုင် (၁)ဆိုင်
ဇွန်-၁၂၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- မွတ်ဆလင် (၂)လုံး
ဇွန်-၁၂၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- ရခိုင် (၁၆၈)လုံး၊ မွတ်ဆလင် (၂၉၁)လုံး၊ နာဇီဈေးမီးလောင်
သေဆုံးသူ --- ရခိုင် (၁)ဦး၊ မွတ်ဆလင် (၂)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး --- ဆိုင်ခန်း (၁၀၇)ခန်း
ဇွန်-၁၂၊ မြောက်ဦး
ရခိုင်အိမ် (၁၅)လုံး ဖြိုချခံရ
ဇွန်-၁၂၊ ပေါက်တော
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- မွတ်ဆလင် (၅၄)လုံး
ဇွန်-၁၂၊ ကျောက်တော်
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- (၄၆)လုံး
ဇွန်-၁၃၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး --- (၂)လုံး(ယခု အချက်အလက်များတွင် ပါဝင်သော စကားလုံး အသုံအနှုန်းမှာ ပြည်နယ်အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသော အသုံးအနှုန်းများသာ ဖြစ်ပါသည်။)
Myanmar Express
1 comments:
We need to drive away Muslim out of Myanmar
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်