Subscribe to our RSS Feed

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Peace Donor Support Group မှ တာဝန်ရှိအဖွဲ့အစည်းများအား လက်ခံတွေ့ဆုံ

From : သမ္မတရုံး


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  Peace Donor Support Group မှ ဦးဆောင်ဆက်သွယ်နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံနှင့် ကမ္ဘာ့0ကုလသမဂ္ဂအဖွဲ့၊ သြစတြေးလျနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ကမ္ဘာ့ဘဏ်နှင့်ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



     ထို့သို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးသိန်းညွန့်၊ ဦးအုန်းမြင့်၊ ဦးဇော်မင်း၊ ဦးသန်းဌေး၊  ဦးခင်ရီ၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

        ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က Peace Donor Support Group မှ ပုဂ္ဂိုလ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။




       ထို့နောက် နိုင်ငံတော်သမ္မတကြီးက ဦးစွာဆွေးနွေးပြောကြားရာတွင် " ဒီမိုကရေစီအတွေ့အကြုံ၊ အလေ့အကျင့်နှင့် ဒီမိုကရေစီသက်တမ်းနုနယ်သေးသည့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ ဆက်လက်ရှင်သန်ရေး အတွက် အဓိကလိုအပ်ချက်( ၂ ) ရပ်ဖြစ်သော တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ပထမလိုအပ်ချက် ဖြစ်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များ၌ အားလုံး ပူးပေါင်းပါဝင်နိုင်စေရေး အတွက် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊

       ထို့အတူ ဒုတိယလိုအပ်ချက်ဖြစ်သော ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်အဖွဲ့များသည် လွန်ခဲ့သော နှစ်ပေါင်း( ၆၀ ) ကျော်ကပင် ယုံမှား သံသယဖြစ်မှုများအပေါ် အခြေခံ၍ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းများအား ယခင် အစိုးရ အဆက်ဆက် ကပင် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုအခိျု့ ရရှိခဲ့သော်လည်း မအောင်မြင်မှုများလည်း ရှိခဲ့ကြောင်း၊

       မိမိတို့ အစိုးရလက်ထက်တွင် နိုင်ငံတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန် အစိုးရအဖွဲ့ စတင်တာဝန်ယူချိန်မှစ၍ အဆိုပါ လက်နက်ကိုင်အဖွဲ့များအား တစ်ဖွဲ့ချင်းထိတွေ့ ဆက်သွယ် ဆောင်ရွက်ခဲ့ရာ ယခုအခါ လက်နက်ကိုင် အဖွဲ့အစည်း( ၁၁ ) ဖွဲ့အနက်( ၁၀ ) ဖွဲ့နှင့် ထိတွေ့ဆက်ဆံ နားလည်မှုများ ရရှိနေပြီဖြစ်ကြောင်း၊ ထိုသို့ဒေသရှိ ပြည်သူများ အနေဖြင့်လည်း အေးချမ်းတည်ငြိမ်မှု အသီးအပွင့်များ စတင်ခံစားနေရပြီ ဖြစ်ကြောင်း။     

          

      ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အေလက်နက်ကိုင်အဖွဲ့အစည်းနှင့်လည်း ထိတွေ့ဆက်သွယ်မှုများ ဆောင်ရွက် နေပြီဖြစ်ရာ မကြာမီ အခြေအနေကောင်းများ မြင်တွေ့ရမည်ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိပြီး ဒေသများရှိ ပြည်သူများ၏ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး စသည့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ရှိသေးကြောင်း ထိုလုပ်ငန်းများ အောင်မြင်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ အကူအညီများ အမှန်တကယ် လိုအပ်ပါကြောင်း၊ ဤသို့ ဆောင်ရွက်နိုင်ရန် အဓိကလိုအပ်ချက် ဖြစ်လာမည့် ငွေကြေး၊ နည်းပညာနှင့်အတွေ့အကြုံကောင်းများကို မျှဝေပေးစေလိုပါကြောင်း။

      ယခုလို Peace Donor Support Group မှ မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် လာရောက်ခြင်းအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ဗဟိုဌာန(Myanmar Peace Center) ဖွဲ့စည်း ထူထောင်ပြီးဖြစ်၍ PDSG အဖွဲ့နှင့်ပူးပေါင်း၍ မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် ဥပဒေတစ်ခုတည်းအောက်တွင် တန်းတူညီမျှ နေထိုင်ကြရေးပင်ဖြစ်ကြောင်း။

      ဥရောပသမဂ0x081ဂအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများအား နော်ဝေနိုင်ငံ၊ သြစတြေးလျနိုင်ငံတို့ကဲသို့ အပြည့်အဝ ဖြေလျော့ပေးစေလိုပါကြောင်း၊ မကြာမီ အပြီးတိုင် ရုပ်သိမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

     မိမိတို့နိုင်ငံ၌ သဘာဝဘေးအန0x081တရာယ်များ ကြုံတွေ့ရချိန်တွင် သြစတြေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံ တို့သည် စိတ်ရောကိုယ်ပါ ကူညီခဲ့သည့် နိုင်ငံများဖြစ်၍ များစွာကျေးဇူးတင်ကြောင်း၊ ယခုလတ်တလော ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များသည် ရှုပ်ထွေး နက်နဲသော နောက်ခံအကြောင်းအရာများကို အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် အတတ်နိုင်ဆုံး အပျက်အစီးအသေအပျောက်နည်းပါးအောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အိုးအိမ်ပစ0x081စည်းဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် အစိုးရအနေဖြင့် လောလောဆယ် ထောက်ပံ့ပေးနိုင်သည့် အနေအထားတွင် ရှိနေပါကြောင်း၊ သံအမတ်ကြီးများ၏ စိုးရိမ်မှုများကိုလည်း နားလည်ပါကြောင်း" ပြောကြားသည်။

         ထို့နောက် နော်ဝေနိုင်ငံ သံအမတ်ကြီးက PDSG အဖွဲ့၌ နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအတွက် အလှူရှင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန် တာဝန်ယူထားပါကြောင်း၊ သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများအပေါ် အပြည့်အဝထောက်ခံပါကြောင်းနှင့် လုပ်ငန်းစဉ် များ အပြည့်အဝ အောင်မြင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် ကူညီပေးသွားမှာ ဖြစ်ကြောင်း၊ သမ0x081မတကြီး အထူးအလေးထား ဆောင်ရွက် လိုသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် ကနဦးစီမံချက်များရေးဆွဲ၍ ဦးစွာဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။

        ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမူးချူပ်၏ အထူးအကြံပေးပုဂ္ဂိုလ်နှင့်  ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဗွီဂျေနမ်ဘီးယားက သမ္မတကြီးအား လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ပါရန် ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်က မျှော်လင့် နေပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးရန်ပုံငွေမှ ကနဦး အမေရိကန် ဒေါ်လာ( ၅ ) သန်းထည့်ဝင်သွားမှာဖြစ်ပြီး လုပ်ငန်းများလက်တွေ့ စတင်အကောင်အထည်ဖော်ချိန်တွင် ထပ်မံ ထည့်ဝင်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

      ဆက်လက်၍ သြစတြေးလျနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအပေါ် ခိုင်မာစွာ ထောက်ခံသွားမှာဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး လာရောက်၍ ကျန်းမာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ( ၅ ) သန်း ထည့်ဝင်ပြီးဖြစ်ကြောင်း၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် ကျွမ်းကျင်သူပညာရှင်များကိုလည်း စေလွှတ်ကူညီ သွားမှာဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် PDSG နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန (MPC) တို့နှင့်ပူးပေါင်း၍  လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။

      ယင်းနောက် ဗြိတိန်နိုင်ငံသံအမတ်ကြီးက ဗြိတိန်နိုင်ငံဝန်ကြီးချုပ်မှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အသိအမှတ်ပြုပါကြောင်းနှင့် အဆိုပါ လုပ်ငန်းစဉ်များကို မိတ်ဖက် ဆောင်ရွက်မှုများ အပေါ်အခြေခံ၍ ဆောင်ရွက် နေခြင်းအတွက် အပြည့်အဝ ထောက်ခံသွားမှာဖြစ်ကြောင်း၊ ယခုနှစ် နှစ်ကုန်ပိုင်းတွင် သမ္မတကြီးအား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ပါရန် ဖိတ်ကြားပါကြောင်းကို အမှာပါးလိုက်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယခုကဲ့သို့ အလေးထား ဆောင်ရွက်နေခြင်းကြောင့် အမေရိကန် ဒေါ်လာ( ၅) သန်းကို လက်တလော လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရေးနှင့် လာမည့်     (၃) နှစ်အတွင်း အမေရိကန်ဒေါ်လာသန်း( ၃၀၀ ) ပေးအပ်ကူညီသွားမှာ ဖြစ်ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

           ထို့နောက် ဥရောပသမဂ္ဂအဖွဲ့ ဌာနေကိုယ်စားလှယ်မှ ၂၀၁၂ - ၂၀၁၃ ခုနှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များအတွက် ယူရိုငွေသန်း( ၁၅၀ ) ထောက်ပံ့ပေးမည်ဖြစ်သည်ကို ကြေညာ ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းစဉ်များအတွက် နည်းပညာ များနှင့် ကနဦး အကူအညီ ယူရိုငွေ( ၃ ) သန်း၊ ( ၄ ) သန်း သုံးစွဲရန် လျာထားပါကြောင်း၊ ကဏ္ဍစုံဘက်စုံအကူအညီ ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

        ဆက်လက်၍ ကမ0x081ဘာ့ဘဏ်ဌာနေကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရာတွင် အကူအညီများ ပေးအပ်နိုင်ရေးအတွက် မဟာဗျူဟာ ချမှတ်ရေးဆွဲလျက် ရှိပါကြောင်း၊ ကြွေးမြီပေးဆပ် ရေးအပါအဝင် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ငွေကြေးအကူအညီနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းလျက် ရှိပါကြောင်း၊ ကြွေးမြီပေးဆပ်ရေး ဆွေးနွေးညှိနှိုင်းပြီးပါက ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတိုးနှုန်းသက်သာသည့် ချေးငွေအမေရိကန်ဒေါ်လာ သန်း( ၃၀၀ ) ကို နှစ်စဉ်ချေးယူနိုင်မှာ ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

       Peace Donor Support Group (PDSG) တွင် ကုလသမဂ0x081ဂ၊ ဥရောပသမဂ0x081ဂနှင့် ကမ0x081ဘာ့ဘဏ်တို့ကဲ့သို့ အဖွဲ့အစည်းများပါဝင်ပြီး မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အကူအညီများ ပေးအပ်ရန် ဖွဲ့စည်းမှုတစ်ခုဖြစ်သည်။ ဤကဲ့သို့ အဖွဲ့အစည်း မျိုးစုံပါဝင်သော ငြိမ်းချမ်းရေးတည်ဆောက်မှု အကူအညီ ပေးရေးအစီအစဉ်များကို ယခင်က ဖွဲ့စည်းခဲ့ခြင်း မရှိခဲ့ဘူးသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသော နိုင်ငံရေးတိုးတက်မှုများနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အခြေခံ၍ ထိရောက်သော နိုင်ငံတကာအကူအညီပေးရေး စီမံချက်တစ်ရပ်အနေဖြင့် စုစည်းအကောင်အထည် ဖော်ခြင်းဖြစ်သည်။ အဆိုပါစုစည်းမှု မှတဆင့် မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း နိုင်ငံတကာမှ ပေးအပ်လာသည့် အကူအညီများကို စနစ်တကျ အသုံးပြု၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

     ထို့အပြင် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီဖြစ်စေရန်နှင့် လေလွင့်ပြုန်းတီးမှုမရှိရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သိရှိရပါသည်။ ထို PDSG အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် နော်ဝေနိုင်ငံအနေဖြင့် ကနဦးစတင်သူအဖြစ် ဦးဆောင်ကြိုးပမ်းနေသူ ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။




    ယနေ့ တွေ့ဆုံပွဲတွင် PDSG တွင် ပါဝင်သော ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော ငြိမ်းချမ်ရေးဖော်ဆောင်မှု လုပ်ငန်းများကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြဆိုသည့် အစီအစဉ် တစ်ခုဖြစ်ကြောင်းလည်း လေ့လာသိရှိရသည်။ ဤ PDSG အဖွဲ့ကို အခြေခံ၍ အနာဂတ်ကာလတွင်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများတွင် ပါဝင်ကူညီထောက်ပံ့လိုသော နိုင်ငံများကိုလည်း တိုးချဲ့လက်ခံပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရှိရသည်။ ဆက်လက်၍ PDSG အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကူညီပေးနိုင်မည့် အစီအစဉ်များတွင် နည်းပညာဆိုင်ရာ အကူအညီများ၊ အကြံဉာဏ်ပေးခြင်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

       ယနေ့ရရှိသော သဘောတူညီချက်များ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာနကိုလည်း ဖွဲ့စည်းထူထောင်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ခြင်း လုပ်ငန်းများကို မဟာဗျူဟာမြောက် အထောက်အကူ ပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ဆောင် စီမံထားကြောင်း သိရှိရသည်။

 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်