မြန်မာ့ဒီမိုကရေစီ ဖခင် သမ္မတကြီး ဦးသိန်းစိန်နဲ့ သာမန်လွှတ်တော် အမတ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ဟာ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း သိရပေမယ့် ဘာတွေပြောဆိုဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်မီဒီယာက မေးမေး မပြောခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတကြီးမှ ခေါ်ယူတွေ့စုံမှုဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး (၄) ကြိမ်လုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဖက်မှ မီဒီယာများကို ဘာမှ ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်း မရှိခဲ့ပါဘူး။
မြန်မာ့ဒီမိုကရေစီ ဖခင်ကြီး သမ္မတကြီး ဦးသိန်းစိန်ဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးနောက် ဒီကနေ့မှာ လွှတ်တော် နှစ်ရပ်မှ လွှတ်တော်ဥက္ကဌ များနှင့် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ (သြဂုတ် ၂၃ ရက်) ကျင်းပမည့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ အတွက် အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ပြီးဖြစ်သော်လည်း လွှတ်တော် ဥက္ကဌ နှစ်ဦးသည် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံနေသည့်အတွက် လွှတ်တော်အစည်းအဝေးများကို ရွှေ့ဆိုင်းလိုက်ပါတယ်။ မွန်းလွဲ ၁ နာရီမှ ပြည်ထောင်စု လွှတ်တော် ပြန်လည် ခေါ်ယူခဲ့ကြောင်း သိရပြီး လက်တလော အပြင်းပွားနေတဲ့ အခြေခံဥပဒေ ခုံရုံးပြဿနာ နှင့် ရခိုင်ပြည်နယ် ပြဿနာ တို့ ကို ဆွေးနွေးဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။
လက်တလောအားဖြင့် သမ္မတကြီး ဦးသိန်းစိန်ဟာ ဖြစ်ပေါ်လာသမျှ ပြဿနာ အားလုံးကို သိမ်မွေ့စွာ ဖြေရှင်းနိုင်သူ အဖြစ် နာမည်ကြီးလျှက် ရှိပြီး အမြဲ ကန့်လန့်တိုက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ အသာလေး ကျောသပ် ကာ ဒီမိုကရေစီ လမ်းကြောင်းကို ခေါ်ဆောင်သွားနိုင်သူ အဖြစ် ကမ္ဘာက ချီးကျူး လျှက် ရှိပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်