Subscribe to our RSS Feed

ရခိုင်ပြည်နယ်အရေး သမ္မတနှင့် ရခိုင်ပါတီနှစ်ခု သီးသန့်တွေ့ဆုံ


From : 7day

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် ရခိုင်တိုင်းရင်းသားပါတီ နှစ်ခုတို့ သြဂုတ် ၈ ရက် ညနေပိုင်းတွင် နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ကြကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။''ရခိုင်အရေးကိစ္စမှာ ရခိုင်အချင်းချင်းပြောရင် အဆင်ပြေမယ်ဆိုပြီး ခေါ်တွေ့တာပါ'' ဟု ၎င်းကဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၆ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အဖွဲ့ဝင် လေးဦးတို့ တက်ရောက်ခဲ့ကြသည်။ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာနှင့် ဆက်ဆံမှုကောင်းမွန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ရခိုင်တိုင်းရင်းသားပါတီများ ပူပေါင်းဝင်ရောက်ကူညီပေးရန် နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံခဲ့ကြောင်း ဦးအေးသာအောင်က ဆိုသည်။

ရခိုင်တိုင်းရင်းသားပါတီများက သမ္မတ ပြောကြားခဲ့သော ရခိုင်ပြည်နယ်သို့ ခိုးဝင်လာသူကို အရေးယူခြင်း၊ သင့်တော်မည့် Cump များတွင် ထားရှိခြင်း၊ တတိယနိုင်ငံတစ်နိုင်ငံက လက်ခံပါက ပို့ပေးခြင်းများကို အကောင်အထည် အမြန်ဆုံး ဖော်ဆောင်ရေးကို တင်ပြခဲ့ကြသည်။

''ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါမှာ နှစ်ဖက်စလုံးကို မျှမျှတတ ကူညီပေးဖို့ သမ္မတက ပြောတယ်''ဟု ဦးအေးသာအောင်က ဆိုသည်။နိုင်ငံတော် သမ္မတနှင့်မတွေ့ဆုံမီ ရခိုင်တိုင်းရင်းသားပါတီများသည် ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ကြသည်။

Myanmar Express

1 comments:

Very good. I posted this news on President U Thein Sein Adviser's facebook page.


http://www.facebook.com/hmuu.zaw

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်