From : .မြဝတီ
(နေပြည်တော် သြဂုတ် ၁၁)
ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ရဲရွာ RCC ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေတံခါး များ၏ ကြံ့ခိုင်ကောင်းမွန်မှု၊ ရေပိုလွှဲမှ ရေကျော် နေမှုနှင့် တမံအတွင်း ရေပြည့်သိုလှောင်ပြီးစီးမှု တို့ကို ကြည့်ရှုစစ်ဆေးစဉ်။
(နေပြည်တော် သြဂုတ် ၁၁)
ရဲရွာ RCC ရေလှောင် တမံသည် သြဂုတ် ၁ဝ ရက် နံနက် ၆ နာရီက ရေပိုလွှဲမှ ရေစ ကျော်ပြီးလျှင် ရေလှောင် တမံ၌ ရေပြည့် သိုလှောင် နိုင်ခဲ့ပြီ ဖြစ်သည်။ ရဲရွာ ရေလှောင် တမံသည် ၂ဝ၁ဝ ပြည့်နှစ် သြဂုတ် ၁ ရက်က ရေပြည့် သိုလှောင် နိုင်ခဲ့၍ ၄င်းရက်မှ စတင်ကာ ဒီဇင်ဘာ ၂၁ ရက်အထိ ရေပိုလွှဲမှ ရေကျော်ခဲ့ပြီး ရေကျော်ချိန် ၄ လနှင့် ၂၁ ရက် ကြာခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင်လည်း သြဂုတ် ၁ ရက်မှစ၍ ရေပြည့် သိုလှောင် နိုင်ခဲ့ပြီး ၄င်းရက်မှ စ၍ ဒီဇင်ဘာ ၉ ရက်ထိ ရေပိုလွှဲမှ ရေကျော်ခဲ့ပြီး ရေကျော်ချိန် ၄ လ နှင့် ၉ ရက် ကြာခဲ့သည်။ ယခုနှစ် ၂ဝ၁၂ ခုနှစ်တွင်လည်း သြဂုတ် ၁ဝ ရက်မှစ၍ ရေပြည့် သိုလှောင် နိုင်ခဲ့ပြီး ရေပိုလွှဲမှ ရေစ ကျော်ပြီ ဖြစ်သည်။ ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသည် စက်တပ်ဆင်အား ၇၉ဝ မဂ္ဂါဝပ်ရှိပြီး တစ်နှစ် ပတ်လုံး ဓာတ်အားထုတ်လုပ် ပေးနိုင်မှု ပမာဏမှာ ကီလိုဝပ် နာရီသန်းပေါင်း ၃၅၅ဝ သန်းဖြစ်သည်။ ရေပိုလွှဲမှ ရေဖြတ်ကျော်ခါနီး ကာလမှစ၍ ရေကျော်နေသည့် ကာလ တစ်လျှောက်လုံး စက်တပ်ဆင် အားအတိုင်း စွမ်းအားပြည့် စက်မောင်းနှင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးနိုင်မည် ဖြစ်သည်။ အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းသည် သြဂုတ် ၁ဝ ရက် မွန်းလွဲပိုင်းက ရဲရွာ RCC ရေ လှောင်တမံ ပေါ်သို့ ရောက်ရှိပြီး တမံအတွင်း ရေဝင် ရောက်မှု၊ ရေတံခါး များ၏ ကြံ့ခိုင် ကောင်းမွန်မှု၊ ရေပိုလွှဲမှ ရေကျော် နေမှုနှင့် တမံအတွင်း ရေပြည့် သိုလှောင် ပြီးစီးမှု တို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တမံအတွင်းရှိ စစ်ဆေး ရေး ဥမင်လိုဏ် (Inspection Gallery) အတွင်းဝင်ရောက်ပြီး တမံအတွင်း ထည့်သွင်း တပ်ဆင် ထားသည့် Dam Instrument များဖြစ်သည့် Jointmeter? Piezometer? Clinometer? Rockm- eter? Thermocouple? Standpipe Piezometer များဖြင့် စစ်ဆေး ကြည့်ရှုမှု၊ မှတ်တမ်းတင် ထားရှိမှု တို့ကို သတ်မှတ် ထားသော အချိန်များ အတိုင်း အမြဲမပြတ် ကြည့်ရှု စစ်ဆေးရန်၊ မှတ်တမ်း တင်ရန်နှင့် သာမန်ထက် ထူးကဲပြောင်းလဲမှု များတွေ့ရှိပါက ချက်ချင်းသတင်းပို့ရန် မှာကြားသည်။
ဆက်လက်၍ ဓာတ်အား ပေးစက်ရုံ ထိန်းချုပ် မောင်းနှင်ခန်း အတွင်း ဓာတ်အား ပေးစက်ရုံ၏ စက် တစ်လုံးချင်း အလိုက် ထိန်းသိမ်း မောင်းနှင် နေမှုကို ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် ဓာတ်အားပေး စက်ရုံ အစည်းအဝေး ခန်းမ၌ စက်ရုံမှူးနှင့် အရာရှိများ၊ အင်ဂျင်နီယာ ဝန်ထမ်းများ အားတွေ့ဆုံရာ စက်ရုံမှူး အထွေထွေ မန်နေဂျာ ဦးကျော်ထွေးက တမံအတွင်း ရေဝင်ရောက်မှု၊ ဓာတ်အားပေး စက်များ မောင်းနှင် ဓာတ်အား ထုတ်လုပ်၍ မဟာဓာတ်အား လိုင်းသို့ ပို့လွှတ်ပေးမှု၊ စက်ရုံ ထိန်းသိမ်း မှုများ၊ လုံခြုံရေး ကိစ္စများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တမံများ ထိန်းသိမ်း ရေးဌာနခွဲ ညွှန်ကြား ရေးမှူး ဦးကျော်ညွန့်က Dam Monitering လုပ်ငန်း များ ဆောင်ရွက် နေမှုနှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ အမြဲမပြတ် စစ်ဆေး ဆောင်ရွက် နေမှုတို့ကို ရှင်းလင်း တင်ပြပြီး ဦးဆောင် ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်းက ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံများ အားလုံးနှင့် ရဲရွာ လျှပ်စစ်ဓာတ်အား ပေးစက်ရုံတို့၏ နှစ်အလိုက် ဓာတ်အား အမှန်ထုတ်လုပ် နိုင်မှုနှင့် မဟာဓာတ်အား လိုင်း၏ လိုအပ်ချက် အပေါ်မူတည်၍ ဓာတ်အား ထုတ်လုပ် ပို့လွှတ် ရောင်းချမှု တို့ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် ရဲရွာရေလှောင် တမံသည် ယနေ့စီးဝင်ရေ ဧကပေ ၈၅ဝဝဝ ကျော်ရှိနေပြီး ဓာတ်အားပေး စက်များမောင်းနှင်ရာ၌ ဧကပေ ၄ဝဝဝဝ ကျော်ခန့်သာသုံးသဖြင့် ဧက ပေ ၄၅ဝဝဝ ကျော်သည် ရေပိုလွှဲမှ ရေ ကျော်နေပြီဖြစ်ကြောင်း၊ ယနေ့ဓာတ် အားထုတ်လုပ်မှုသည် ဓာတ်အားအမြင့် ဆုံးလိုအပ်ချိန်တွင် ၅၃၆ မဂ္ဂါဝပ်ခန့်နှင့် ဓာတ်အား အနည်းဆုံးလိုအပ်ချိန်တွင် ၁၅၈ မဂ္ဂါဝပ် ခန့်သာ ထုတ်လုပ်ပေးနေရ သည်ကိုတွေ့ရကြောင်း၊ ယခုအချိန် သည် နာရီတိုင်း စက်စွမ်းအားပြည့် မောင်းနှင်နိုင်သည့် အချိန်ဖြစ်ပြီး ဒီဇင်ဘာလ ပထမပတ်အထိ စက်စွမ်း အားပြည့် မောင်းနှင်ပေးနိုင်သဖြင့် မဟာ ဓာတ်အားလိုင်းအဖွဲ့သို့ လျှပ်စစ်ဓာတ် အား ပိုမိုဝယ်ယူရန် ညှိနှိုင်းသွားရန် လိုအပ်ကြောင်း၊ ဓာတ်အားထုတ်လုပ်မှု ကို တမံအတွင်း လစဉ်ရေလက်ကျန် ထားရှိရမည့် Rule Carve အတိုင်းထား ရှိပြီး လစဉ်ထုတ်လုပ်ပေးရမည့် ပမာဏအတိုင်းထုတ်လုပ်ရန်နှင့် တစ်နှစ်ပတ်လုံး ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ၏ (၇ဝ ရာခိုင်နှုန်း) ခန့်သည် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင် ဘာ၊ ဒီဇင်ဘာလများတွင် ထုတ်လုပ်ပေး နိုင်သည်ဖြစ်၍ ဤလများအတွင်း ဓာတ် အားထုတ်လုပ်မှုများကို မဟာဓာတ် အားလိုင်းသို့ရောင်းချရေး ညှိနှိုင်းဆောင် ရွက်ရန်လိုအပ်ကြောင်း၊ တမံထိန်းသိမ်း ရေးနှင့်ပတ်သက်၍ နေ့တိုင်းစစ်ဆေး မှတ်တမ်းတင်ခြင်းဖြင့် ကြိုတင်သိရှိ၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အမြဲဆောင်ရွက် ထားရန်၊ သဘာဝဘေးအန္တရာယ်နှင့် လူ၏ပေါ့လျော့မှုကြောင့်ဖြစ်တတ်သော ဘေးအန္တရာယ်များ ကာကွယ်ရေး၊ တမံ၏ အထက်ပိုင်းနှင့် အောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းထားရှိမှုကို ပျက်စီးစေသော၊ ထိခိုက်စေသော ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်မှုများကို စောင့်ကြည့်စစ်ဆေး ကြပ်မတ်တားဆီးရေး၊ တမံနှင့်စက် ရုံ၏လုံခြုံရေးကိစ္စများ၊ ဝန်ထမ်းများ၏ ကျန်းမာပျော်ရွှင်ရေးနှင့် ဝန်ထမ်းစည်း ကမ်းနှင့်အညီ နေထိုင်လုပ်ကိုင်ရေးတို့ကို စက်ရုံမှူးနှင့်တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်နှင့် စီးဝင်ရေနှင့် သိုလှောင်ရေအပေါ်မူတည်၍ စက်စွမ်းအားရှိသည့်အတိုင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ် ရောင်းချနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်