From : မြဝတီ
သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းသည် သြဂုတ် ၁၉ ရက်နှင့် ၂ဝ ရက်များက ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ရေဘေးသင့်ရပ်ကွက် ၁ဝ ခုမှကယ်ဆယ်ရေးစခန်း ၃၃ ခုရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၈၉၆)စု၊ လူဦးရေ စုစုပေါင်း (၇၅၅၉) ဦးအတွက် ဆန်အိတ်များ ပေးအပ်လှူ ဒါန်းပြီး ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးစခန်းအထိ သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ သည်။
ထိုသို့ ပေးအပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီး ဦးစိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်စိန်၊ ဧရာဝတီတိုင်း ဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုထွန်း၊ တိုင်း ဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များသည် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ အိမ်ထောင်စု တစ်စုချင်းကို ဆန်များ လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းပွဲတွင် ဒုတိယဝန်ကြီးနှင့်ဇနီး မိသားစုက ဆန်အိတ် ၁၆ဝ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်တို့က ဆန်အိတ် ၆ဝ စုစုပေါင်းဆန်အိတ် ၂၂ဝ ကိုပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူအသီးသီးနှင့် ရေဘေးသင့်ပြည်သူများက လက်ခံခဲ့ကြကြောင်း သတင်းရ ရှိသည်။
Myanmar Expressသမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းသည် သြဂုတ် ၁၉ ရက်နှင့် ၂ဝ ရက်များက ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ရေဘေးသင့်ရပ်ကွက် ၁ဝ ခုမှကယ်ဆယ်ရေးစခန်း ၃၃ ခုရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၈၉၆)စု၊ လူဦးရေ စုစုပေါင်း (၇၅၅၉) ဦးအတွက် ဆန်အိတ်များ ပေးအပ်လှူ ဒါန်းပြီး ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးစခန်းအထိ သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ သည်။
ထိုသို့ ပေးအပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီး ဦးစိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်စိန်၊ ဧရာဝတီတိုင်း ဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုထွန်း၊ တိုင်း ဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များသည် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ အိမ်ထောင်စု တစ်စုချင်းကို ဆန်များ လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းပွဲတွင် ဒုတိယဝန်ကြီးနှင့်ဇနီး မိသားစုက ဆန်အိတ် ၁၆ဝ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်တို့က ဆန်အိတ် ၆ဝ စုစုပေါင်းဆန်အိတ် ၂၂ဝ ကိုပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူအသီးသီးနှင့် ရေဘေးသင့်ပြည်သူများက လက်ခံခဲ့ကြကြောင်း သတင်းရ ရှိသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်