Subscribe to our RSS Feed

သို့.. အာဏာရူးနေသော လွှတ်တော် အမတ်ကြီးများ... ပြည်ထောင်စု အဆင့်မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်လို့ ရပါတယ်.. လွှတ်တော်ထဲ ဝင်လာတာ ပြည်သူ့အတွက်လု

From : ဒီလှိုင်း ( http://democraticwave.blogspot.com )

သို့.. အာဏာရူးနေသော လွှတ်တော် အမတ်ကြီးများ... ပြည်ထောင်စု အဆင့်မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်လို့ ရပါတယ်.. လွှတ်တော်ထဲ ဝင်လာတာ ပြည်သူ့အတွက်လုပ်ဖို့လား၊ ပြည်ထောင်စုအဆင့် လိုချင်လို့လား ဆိုတာ ပြန်သုံးသပ်ကြပါ...။ ကော်မရှင်တွေ၊ ကော်မတီ တွေ ပြည်ထောင်စု အဆင့် မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အများကြီး လုပ်လို့ရပါတယ်။ အခု နိုင်ငံတစ်နိုင်ငံလုံးမှာ ရေတွေကြီးနေပါတယ်..၊ လူတွေသေနေပါတယ်...။ ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်နေပါတယ်။ ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်များက နေပြည်တော်က အဲကွန်းခန်းထဲမှာ ပြည်ထောင်စု အဆင့် ရဖို့ လုံးပန်းနေကြပါတယ်။ အာဏာ မက်မောနေကြပါတယ်၊ ကန့်ကွက်နေကြပါတယ်၊ ပြည်သူတွေက ရွေးထားတဲ့ လွှတ်တော်အမတ်တွေကို ပြည်သူတွေက စိတ်ပျက်လှပါပြီ။ လွှတ်တော် ကိုယ်စားလှယ်လောင်း ဘဝ တုန်းက လွှတ်တော်အမတ်ဖြစ်ဖို့ မဲဆွယ်ခဲ့ကြတယ်မဟုတ်လား.. အမတ်ဖြစ်ရင် ပြည်သူအတွေအတွက် ဘာဥပဒေ တွေ ပြန်ဌာန်းမယ် ပြောခဲ့တယ် မဟုတ်လား... အခု အမတ်ဖြစ်ပြီ။ လွှတ်တော် ဆိုတာ ဥပဒေ ပြုရေး မဏ္ဍိုင် မဟုတ်ဘူးလား.. ဥပဒေ ပြုပေးရုံနဲ့ မကျေနပ်နိုင်ပဲ ပြည်ထောင်စု အဆင့် အာဏာလိုချင်တယ်ဆိုတော့ လွှတ်တော်အမတ်တွေက အာဏာ ရူးနေတယ်လို့ သက်သေပြနေသလို ဖြစ်မနေဘူးလား...။ အခု ဖြစ်နေတဲ့ ထဲမှာ ဘယ်ပါတီ အများဆုံးလဲ... အဲဒီပါတီက အာဏာ အရူးဆုံး ဆိုတာ ထင်သာ မြင်သာ တာပဲ...။ လွှတ်တော် ဥက္ကဌကြီးများနဲ့ လွှတ်တော်အမတ်ကြီးများခင်များ... လွှတ်တော် တစ်ရပ်ကျင်းပရင် လွှတ်တော်အမတ်ပေါင်း ၇၀၀ အတွက် ကုန်ကျစရိတ် များလှပါတယ်.... တစ်နှစ်ကို နှစ်လ လောက်ပဲ လွှတ်တော် ကျင်းပကြပါ... အထူးသဖြင့် အခုလို ပြည်သူတွေ သဘာဝ ဘေးအန္တရာယ် ကြုံနေရချိန်မှာ လွှတ်တော် မကျင်းပသင့်ပါ...။ လွှတ်တော် အမတ်မင်းများ အနေနဲ့လည်း ကိုယ့်ကိုယ်ကို ပြည်ထောင်စု အဆင့် ဝင်ဖို့ ကြိုးစားနေတာတွေ ရပ်ပါ။ ပြည်ထောင်စု အဆင့် သတ်မှတ်ခံရလည်း အဲဒီ ကော်မတီ၊ ကော်မရှင် ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေကို ပြည်ထောင်စု အဆင့်ပါဆိုပြီး ဘယ်သူက မှ အထင်မကြီး ပါဘူး။ လွှတ်တော် အမတ်ကို လွှတ်တော် အမတ်တစ်ယောက်လို့ပဲ မြင်ပါတယ်။ လွှတ်တော် အသံ ပြည်သူ့ အသံ လို့ ဆိုင်းဘုတ် ကပ်ထားပေမယ့်... လွှတ်တော် ထဲက ကော်မတီ ကော်မရှင်တွေကို ပြည်ထောင်စု အဆင့် သတ်မှတ်ဖို့ ဘယ်ပြည်သူက မှ မတောင်းဆိုပါဘူး။ လွှတ်တော် အမတ်တွေလည်း မီဒီယာ သမားတွေနဲ့ မထူးပါဘူး။ မီဒီယာသမားတွေက ပြည်သူ့အသံ ဆိုပြီး ကိုယ့်စိတ်ထဲ ရှိတာရေးတယ်၊ လွှတ်တော်အမတ်တွေကလည်း ပြည်သူ့ဆန္ဒဆိုပြီး ကိုယ်ဖြစ်ချင်တာ နဲ့ ကိုယ်အာဏာ ရဖို့ လုံးပန်းတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ဦးတည်ပြီး သူများနိုင်ငံတွေ အထင်ကြီးနေချိန်မှာ လွှတ်တော် အမတ်တွေ အာဏာ လုနေတာ အလွန်အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အာဏာမလုကြပါနဲ့၊ အဲကွန်းခန်းထဲကထွက်ပြီး ဧရာဝတီ မြစ်ကြောင်း အတိုင်း သဘောင်္စီးလာခဲ့ပါ အမတ်မင်းတို့ ပြောတဲ့ ပြည်သူတွေရဲ့ ဆန္ဒ အမှန်တွေကို မြင်တွေ့ရပါလိမ့်မယ်....။


Myanmar Express

7 comments:

ဟုတ်တယ် ပြည်ထောင်စု အဆင့် ဆိုတာ မသိဘူး လွတ်တော်ဟာ လွတ်တော်ပဲ့ သိတယ် ကျုပိက သာမန ပြညသူ ပါ ခင်ဗျား တို့မှာလဲ အားလုံး ပြည့်စုံ နေပါပြီ

ဒေါ်စုက သူလဲ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အကြီးအကဲဆိုတော့ ပြည်ထောင်စုအဆင့်လေးရချင်နေမှာပေါ့လေ။ အာဏာတော်တော်ရူးတယ် ။

ဒီ ပို့ စ် ( ဆောင်းပါး ) ကို facebook နဲ့  အခြား လူ သိများ နိုင် မဲ့ ၀က်ဘ် ဆိုက် တွေမှာ တင် သင့် ပါတယ်။ လွတ်တော် အမတ် များ နှင့် တကွ၊ လွတ် တော် ဥက္ကဌ ကြီး သိသင့် တာက အခု မြန် မာ နိုင် ငံ ဟာတိုးတက် ဖွံ့  ဖြိုး ဖို့  အလွန် အရှိန် ယူ နေ ပါတယ်။ နိုင်ငံ အတွက် ဘာမှ ဆွေးနွေး စရာ မရှိတော့ ဘူးလား။ လွတ် တော် ထဲ မရောက်ခင်က.... လွတ်တော် ထဲ ရောက် ရင် ပြည် သူ အတွက် ၊ နိုင်ငံ အတွက် ဘာလုပ် မယ် ...ညာလုပ် မယ် ...ဘာ ပြင် မယ် ညာပြင် မယ် ဆို ပြီး ကျွေးကြော် ခဲ့ ကြတဲ့ ပါ တီအမတ်တွေ ဘာမှ ထူးခြား တိုးတက် အောင် လုပ်တာ မတွေ့  ရပါလား။ ပြည်ထောင် စု အဆင့် ရအောင် ကြိုးစား နေတာ၊ အတင်း တောင်းဆိုေ န တာ ဒီ လွတ်တော်ကြီး ဟာ ပြည်သူ အတွက် လား လွတ်တော် အမတ်တွေ အတွက်လား။လွတ်တော် ဥက္ကဌ ကြီး က ဘာလဲ။ ဒီ အခြေအနေ တွေကို ပြည်သူတွေ သိအောင် မျိုး ချစ် လူ ငယ်တွေ အော်ကြစမ်းပါ။ ဒီ လွတ်တော် ကြီး ကို ကန့် ကွက်ကြစမ်းပါ။ အလွန် အင် မတနိရှက် ဖွယ် ကောင်းတဲ့ လွတ် တော် ကြီး နဲ့  အမတ်တွေပါလား။ ကမ္ဘာကျော်တဲ့ စုကြည် ကရော ဘာလဲ။ သူ ကိုယ် တိုင် အခု အချိန်ထိအောင် ဘာဥပဒေ တစ်ခုကိုမှ ပြင် ဆင် တာ ၊ အသစ်တင် တာ လုံးဝ မရှိ ဘဲ။ သူများ ပြောတာ ကို နောက် ကနေ ဟုတ်ပါတယ် ထောက် ခံ ပါတယ်ဆို တဲ့ အဆင့် ပါဘဲလား။ ဘာလဲ အချိန် မတန် ဘူးပြောချင်တာလား။ အာဏာ အရင် လို ခြင် သေးတာလား။ ကိုယ် ကျိုး က အရင် နိုင် ငံ အရေး ပြည် သူ အရေး ကနောက်လား။ ဘယ်လောက်ပဲ ပြည်သူ အတွက် ဘ၀ ကို ပေးဆပ်ထားပါတယ် ပြော ပြောကိုယ် ကျိုး ရှာနေကြတဲ့ အမတ်တွေပါလား။တော်တော်ကို ချီးကျူးစရာ၊ အားကျ စရာပါလား။မြန်မာ ကို ကမ္ဘာသိအောင် လုပ်ဆောင် ကြမဲ့ သူတွေပါလား။ ဒီလူတွေ အားလုံး ကို ဆွဲ ထုတ်ပြီး သတ်ပစ်လိုက် ကြစမ်းပါ။

သိပ်မှန်တာပေါ့

လွှတ်တော် ကိုယ်စားလှယ်တွေကို ရှုပ်ချပါတယ်။ အာဏာလုနေတာရှက်စရာပဲ ပြောမရရင် ရုရှားလိုပဲ လွှတ်တော်ကို အမြှောက်နဲ့သာ ပစ်ပါတော့ သမ္မတကြီးကိုထောက်ခံပါတယ်

အလုပ်သဘောတရားကိုနားလည်သင့်တယ်။ လွှတ်တော်ကော်မတီများ
ပြည်ထောင်စု အဆင့် ဖြစ်ချင်တယ်ဆိုတာက အဓါကလား။ ဥပဒေမှာဖြစ်တယ်လို့ ဖော်ပြထားတာကို ဆန့်ကျင် ပြောဆိုနေတာက အဓိကလား။ ဘယ်သူက အာဏာရူးလဲ။ အာဏာခွဲဝေကျင့်သုံးရမယ်လို့
ဥပဒေက ခွင့်ပြုထားတာကို ဘာဖြစ်လို့ တစ်ဖွဲတည်းကပဲ အာဏာလိုချင်တာလဲ။ အဖွဲ့အစည်းဆိုတာ လုပ်ပိုင်ခွင့်တွေ မတူကြဘူး။
အိမ်မှာ သတင်းယူရင်း သမ္မတ အလုပ်လုပ်လို့မရဘူးကွ။
အဆင့်တူရင် ပြောရလွယါတယ်။ အဆင့်နိမ့်ရင် မမာမခန့် ဆက်ဆံခံရတယ်။ အဆင့်မြင့်ရင် လေးစားခံရတယ် ဆိုတာတွေထက်
ပြည်သူတွေရဲ့ ခံစားချက်ကို နွားတင်းကပ်ကနဲ့ အော်ရင် ဘယ်သူမှ နားမထောင်ဘူး။ လာလည်းမကြည့်ဘူးမှတ်။
အဆင့်ကြိုက်တဲ့ သူတွေနဲ့ စကားပြောရမယ်ဆိုရင် အဆင့်ရှိမှရတယ်။
အဆင့်မရှိလို့ တောင်းဆိုနေတာ မဟုတ်ဘူး။ ဥပဒေက ခွင့်ပြုပြီးသား အဆင့်ကို စော်ကားနေရလို့ပြောတာ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ law maker ဖြစ်တယ်။ ရှိပြီူသား
ဥပဒေကို ကာကွယ်စောင့်ရှောက်ရမှာပဲ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး။
comment ပေးသူတွေ ဥပဒေ မလေ့လာဘဲ လက်မသရမ်းကြပါနှင့်။

if parliament is no stage of union how can be check and balance to the administrative.so parliament must be stage of union.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်