Subscribe to our RSS Feed

ထိုင်းဝန်ကြီးချုပ် ယင်းလတ် စက်တင်ဘာတွင် မြန်မာသို့ ထပ်မံလာရောက်ရန် စီစဉ်နေ



Photo: “ထိုင်းဝန်ကြီးချုပ် ယင်းလတ် မြန်မာသို့ ထပ်မံလာရောက်ရန် စီစဉ်နေ”  ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေမှု များအား တွန်းအားပေးသည့် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာသည် နောက်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Surapong Tohvichakchaikul က ယနေ့ပြောသည်။ ထိုင်းဝန်ကြီးချုပ်၏ နှစ်ရက်တာ မြန်မာခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံသွားမည်ဟု ထိုင်းနိုင်ငံ The Nation သတင်းစာက ရေးသားဖော်ပြထားသည်။ သမ္မတကြီးနှင့် တွေ့ဆုံရန် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ထားဝယ်ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Laem Chabang ရေနက်ဆိပ်ကမ်း ဆက်သွယ်မည့် လမ်းဖောက်လုပ်ရေးတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို အဓိကထား ဆွေးနွေးမည်ဟုဆိုသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ပြုပြင်ပြောင်းလဲရေး ကာလ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု၏ အရေးပါမှုကို ဖော်ပြရာရောက်သည်ဟု The Nation သတင်းစာက ရေးသားဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ်သည် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် အလည်အပတ်လာရောက်ခဲ့သည်။


ထိုင်းနိုင်ငံဝန်ကြီးချုပ်မစ္စယင်လပ်ရှင်နာဝပ်သည်မြန်မာနိုင်ငံသို့ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်ပတ် သက်သောကိစ္စများဆက်လက်ဆွေးနွေးရန်နှင့်နှစ်နိုင်ငံသဘောတူထားသည့်ကတိက၀တ်များကိုဆက်လက်ဆွေးနွေးရန်စက်တင်ဘာလအတွင်းလာ ရောက်မည်ဟုထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်ကိုကိုးကားကာသည်နေရှင်းသတင်းစာ ကဖော်ပြ သည်။
ထိုင်းဝန်ကြီးချုပ်သ
ည်မြန်မာနိုင်ငံ၊နေပြည်တော်သို့နှစ်ရက်တာလာရောက်မည်ဖြစ်ပြီးရက်အတိအကျကိုမူပြောဆိုထားခြင်းမရှိသေးပေ။ဇူလိုင်လအတွင်းကထိုင်းနိုင်ငံသို့လာရောက်ခဲ့သောနိုင်ငံတော်သမ္မတဦးသိန်းစိန်၏ခရီးစဉ်အတွင်းနှစ်ဦးသဘောတူခဲ့သည့်ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်သည့်သဘောတူညီချက်၃ရပ်၏ နောက်ဆက်တွဲကိစ္စရပ်များဆွေးနွေး သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်