Subscribe to our RSS Feed

မြန်မာ့လေကြောင်း လေယာဉ် လက်မှတ်များအား အွန်လိုင်းမှ တဆင့် ၀ယ်ယူနိုင်ပြီ


From : MRTV4

ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ လေကြောင်းမှ လေယာဉ် လက်မှတ်များကို အွန်လိုင်းမှ တဆင့် e-Ticketing System နဲ့ စတင် ၀ယ်ယူနိုင်ပြီ ဖြစ်တယ်လို့မြန်မာ့ လေကြောင်းမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ e-Ticketing System နဲ့ ၀ယ်ယူမှုဟာ မြန်မာ့ စီးပွားရေး ဘဏ်မှာ အီလက်ထရောနစ် အကောင့်ရှိတဲ့ လူတိုင်း လေယာဉ် လက်မှတ်များကို စတင် ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ လေကြောင်း e-Ticketing များကို ၀ယ်ယူပါက www.myanmaairways.aero မှာ ၀င်ရောက် ရမှာဖြစ်ပြီး အဆိုပါ ၀က်ဘ်ဆိုက်ရှိ Flight Schedule menu ကိုနှိပ်ပြီး မြန်မာ့ လေကြောင်းမှ တင်ပြထားသော Flight Schedule များမှ မိမိသွားလိုတဲ့ ခရီးစဉ်ကို ရွေးချယ်ကာ ၀ယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ လက်မှတ် ၀ယ်ယူမှုတွေ ကိုတော့ အီလက်ထရောနစ် အကောင့် ရှိသူများသာ ၀ယ်ယူနိုင်မှာ ဖြစ်ပြီး ယခုလက်ရှိ မြန်မာ့ စီးပွားရေး ဘဏ်မှာ အီလက်ထရောနစ် အကောင့် ဖွင့်လှစ်ထားသူ နှစ်ထောင် ကျော်သာ ရှိတယ်လို့ သိရပါတယ်။

ဒါ့ပြင် မြန်မာ့ လေကြောင်းမှ မာကက်တင်း ကောင်းမွန်ရေး အတွက် အီလက်ထရောနစ် ထရန်စဖာ ပြုလုပ်နိုင်မယ့် အခြား ပုဂ္ဂလိက ဘဏ်များနဲ့လည်း ယခုလ အတွင်းမှာ ညှိနှိုင်း ဆွေးနွေးမှု များပြုလုပ်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး MPU မှဘဏ်လုပ်ငန်း တွေမှာ စတင် အသုံးပြုမယ့် Debit Card နဲ့ Credit Card များ စတင် အသုံးပြုလာ ပါကလည်း E-Tacketing စနစ်နဲ့ ဆက်စပ် အသုံးပြုနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်