Subscribe to our RSS Feed

နိုင်ငံတော်အလံ မလေးစားသူများ ရှက်ဖို့အလွန်ကောင်းကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း ပြောကြား


မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ရုပ်ရှင်ရုံများကို လာရောက်ပြီး ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုကြတဲ့ အခါ ရုပ်ရှင်ဇာတ်ကား မပြသေးခင် ရုပ်ရှင် ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံ လွှင့်ထူပြသတဲ့အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။

”ကိုယ့်ရဲ့နိုင်ငံတော် အလံကို လွှင့်ထူနေတဲ့ အချိန်မှာ ထိုင်နေတယ်ဆိုရင် ရှက်ဖို့ အလွန် ကောင်းပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးမပြုချင်တဲ့ နိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက် ထွန်းကားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးနေပါလိမ့်မယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။ နိုင်ငံတော်အလံကို ရိုသေစွာ အလေးပြုဖို့အတွက် စာတန်းများ၊ နောက်ခံ စကားပြောများနဲ့ အသိပေးပြောကြား တာတွေ ရှိနေတဲ့ အပေါ်ကိုလည်း ”အဲဒါတွေက လူတွေကို ပညာပေးသဘောမျိုးပါပဲ။ ကိုယ့်နိုင်ငံတော် အလံကို လေးစားရ ကောင်းမှန်းသိအောင်၊ အလေးပြု ဖို့ ကောင်းရမှန်း သိအောင် လုပ်ဆောင် ပညာပေးနေ ကြရတာပါပဲ။ ဒီလိုမှ မရဘူး ဆိုရင်တော့ အရေးယူဖို့ အဆင့်တွေ ဘာတွေဖြစ်လာမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦး ဇင်ဝိုင်းက ပြောပြပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အမျိုးသား လွှတ်တော် အစည်းအဝေး မှာလည်း ရုပ်ရှင်ရုံများ ရုပ်ရှင်ပြသခြင်း မပြုမီ နိုင်ငံတော် အလံကို ပြသရာမှာ ရုပ်ရှင်ကြည့် ပရိသတ်များ အနေနဲ့ နိုင်ငံတော် အလံကို အလေးပြုခြင်း အစဉ်အလာ အားနည်းနေခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး ဖြစ်သလို နိုင် ငံတော် အလံကို အလေးပြု၊ ဂါရဝပြုရန် အတွက် မလိုက်နာပါက ပြစ်မှု ဆိုင်ရာ ဥပေဒပုဒ်မများနဲ့ အညီ အရေးယူ ခံရ နိုင်ကြောင်း သိရှိရပါတယ်။










Myanmar Express

2 comments:

ဟုတ်တယ် လေးစား သင့်တယ်

အ ခု ငါ တို့ နိုင်ငံ ရဲ့ အ လံ ကို ငါ တို့ မ သိ ဘူး။ ငါ တို့ သိ တာ က ငါ တို့ ငယ် ငယ် က သင် ခဲ့ ရ တဲ့ တို့ အ လံ ကို ပဲ သိ တယ်။ တို့ အ လံ ကို ပဲ လေး စား တယ်။ ၂၀၁၂ မှာ မွေး လာ ခဲ့ တဲ့ က လေး တွေ တော့ မ ပြော တတ် ဘူး။ ကျန် တဲ့ နိုင် ငံ သား တိုင်း က တော့ စာ ထဲ မှာ သင် ခဲ့ ရ တဲ့ ဒို့ အ လံ ကို ပဲ သိ ကြ တာ သေ ချာ တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်