ကျောင်းသားသီးသန့် ဖယ်ရီလာမည့် ပညာသင်နှစ်အမီ စတင် ပြေးဆွဲပေးတော့မည်ဟု Great Father Land ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ ကျောင်းကားများကို အာရှစံနှုန်းအတိုင်း ပြုလုပ်မည်ဖြစ်ပြီး မြို့ပြင်ရှိ တက္ကသိုလ်၊ ကောလိပ်များ ကျောင်းကား မလုံလောက်မှုနှင့် ကျောင်းကားများ စံချိန်စံညွှန်း မမီမှုများကြောင့် ကျောင်းသားများ ကျောင်းသို့ မရောက်မရှိစေရန် ကျောင်းသားသီးသန့် ဖယ်ရီပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ “ကျောင်းသားတွေက ကျောပိုးအိတ်နဲ့ ကားတွယ်စီးရတယ်ဆိုတာကတော့ ကျောင်းသားအခွင့်အရေး ဆုံးရှုံးတာပေါ့။ ကျောင်းသားဆိုတာ ကျောင်းသားစတိုင် အပြည့် ရှိရမယ်လေ” ဟု ၎င်းက ထပ်မံ ပြောသည်။ ကျောင်းကားများကို စင်ကာပူမှ ကားသစ်စီးရေ ၃၀ မှ ၅၀ ကြားတင်သွင်းမည်ဖြစ်ပြီး ပုဂ္ဂလိက ကျောင်းများမှ လွဲ၍ မူကြိုမှ တက္ကသိုလ် ကောလိပ်အဆင့်အထိ ပြေးဆွဲမည်ဖြစ်ကြောင်း၊ မူကြိုအဆင့် ကလေးများအား Super Custom ဖြင့် ပြေးဆွဲပေးရန် လျာထားကြောင်း သိရသည်။ ယာဉ်ငယ်များကို မူကြိုအဆင့်ကားများအတွက် ဦးစားပေးခေါ်ယူမည်ဖြစ်ကာ အနိမ့်ဆုံး အရည်အချင်း ဘွဲ့ရဖြစ်ရမည်ဟု သိရသည်။ ကျောင်းကားပေါ်တွင် ကျန်းမာရေး ဆေးသေတ္တာ၊ တီဗီ နှင့် lesson program များ ပြသပေးမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းကားများအား မစီးမနေရ မဟုတ်ဘဲ ကျောင်းများ တက္ကသိုလ်များတွင် ကျောင်းကားဂိတ် သတ်မှတ်ထားပေးမည်ဖြစ်ပြီး ကျောင်းကားခကိုမူ မသတ်မှတ်ရသေးဟု သိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်