From : 7daynews
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၂၀ (မနက်ဖြန်) မွန်းလွဲ ၁ နာရီတွင် သတင်းစာ ရှင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဆုံးဖြတ်ခြင်းမှာ မှားယွင်း ဆုံးဖြတ်ခြင်းဖြစ်ပြီး ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက စွပ်စွဲပြစ်တင်လက်မှတ်ရေးထိုးတောင်းဆိုထားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာရေးသား၍ ဖေဖော်ဝါရီ ၂ ရက်က တင်သွင်းခဲ့သည့် တင်သွင်းလွှာ အား ပြန်ရုပ် သိမ်းပေး ရန် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူရန် တို့ကို သြဂုတ် ၂၁ ရက် မတိုင်ခင် အပြီးဆောင်ရွက်ပေးရန် ထိုသို့ဆောင်ရွက်ပါက လွှတ်တော် ကိုယ်စားလှယ် များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စကို ပြုလုပ်မည်မဟုတ်ကြောင်း သ၀ဏ် လွှာရေးသားပေး ပို့ခဲ့သည်။
ထို့ကြောင့် သြဂုတ်လ ၂၁ ရက်မတိုင်ခင် သြဂုတ် ၂၀ ရက်၌ ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ခုံရုံးက သတင်းစာရှင်းလင်းပွဲကျင်းပမည်ဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲများ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ပထမဆုံးရှင်းလင်းပွဲဖြစ်သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်