Subscribe to our RSS Feed

မြန်မာနိုင်ငံ၏ ပထမဆုံး ၅၀၀ ကေဗွီ မဟာ ဓါတ်အားလိုင်း စတင်ဆောင်ရွက်

From : .MRTV4

ပြည်တွင်းမှာ ၂၃၀ ကေဗွီ ဓါတ်အား လိုင်းကိုသာ တပ်ဆင် အသုံးပြု လျက်ရှိရာ ပထမဆုံး ၅၀၀ ကေဗွီ မဟာဓါတ်အား လိုင်းတပ်ဆင် အသုံးပြုဖို့ အတွက်

စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ၅၀၀ ကေဗွီ မဟာဓါတ်အား လိုင်းကို မိတ္ထီလာနဲ့ ပဲခူးအစရှိတဲ့ ဒေသနှစ်ခု ကြားမှာ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ တပ်ဆင်မှုကို ဂျပန်၊ ကိုရီးယားနဲ့ ဆားဗီးယား နိုင်ငံတို့ရဲ့ အကူအညီနဲ့ ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို မဟာ ဓါတ်အားလိုင်း တပ်ဆင်ဖို့ အတွက်ကို အပိုင်း ၃ ပိုင်းခွဲပြီး ဆောင်ရွက် သွားမှာ ဖြစ်ပြီး မိတ္ထီလာ သပြေ၀ -တောင်ငူကို ဓါတ်အားလိုင်း ၁၄၆ မိုင် တောင်ငူမှ ပဲခူး ကမာနတ်ကို ဓါတ်အားလိုင်း ၁၁၇ မိုင်နဲ့ သပြေ၀၊ တောင်ငူ၊ ကမာနတ် တို့မှာ ဓါတ်အားခွဲ ရုံ ၃ ရုံ ဆောက်လုပ်ခြင်း တို့ကို ဆောက်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မဟာ ဓါတ်အားလိုင်း တပ်ဆင်ဖို့ အတွက် ပစ္စည်းဖိုး အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု တပ်ဆင်မယ့် ၅၀၀ ကေဗွီ မဟာဓါတ် အားလိုင်းဟာ ပြည်တွင်းမှာ ပထမသုံး တပ်ဆင်မယ့် ဗို့အား အမြင့်ဆုံး ဓါတ်အားလိုင်း ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်