မြန်မာနိုင်ငံတွင်း ငွေကြေး ဖောင်းပွမှု နှုန်းများ နည်းပါးနေခြင်းနှင့် ကုန်သွယ်ရေး လုပ်ငန်း များတိုးတက် နေခြင်းတို့ ကြောင့် ၁၀ နှစ် ဆက်တိုက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၈ ရာခိုင်နှုန်းထိ ရရှိနိုင် ကြောင်း ADB ဘဏ်က ခန့် မှန်း သွားသည်။
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့် လာခြင်းနှင့် ကုန်စည် ရောင်းချရမှု တန်ဖိုးမြှင့်တက် လာခြင်းတို့ ကြောင့် ထိုင်းစီးပွားရေး၏ ဆယ်ပုံတစ်ပုံ ပမာဏကို မကြာမှီ အချိန်အတွင်း ရရှိနိုင်မည်ဖြစ်ကြောင်း အာရှဖွံဖြိုး တိုးတက် ရေးဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နှစ်စဉ် စီးပွားရေး ဖွံဖြိုးမှုနှုန်း ၈ ရာခိုင်နှုန်း ရရှိပါက ၂၀၃၀ ခုနစ်တွင် မြန်မာနိုင်ငံသား တစ်ဦးချင်း၏ ပျဉ်းမျှ နှစ်စဉ် ထုတ်ကုန် တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၀၀၀ ထိ ရှိမည်ဖြစ်သည်။
“ တွင်းထွက်တွေ ကြွယ်ဝပြီး ငယ်ရွယ်တဲ့ လူငယ် အင်အားစုတွေ ရှိတာကြောင့် ရေတိုကာလ အတွင်း ခိုင်မာတဲ့ စီးပွားရေးတစ်ခု တည်ဆောက်နိုင်မှာ ဖြစ်တယ်” ဟု အာရှဖွံဖြိုးရေးဘဏ် လက်ထောက် စီးပွားရေး ပညာရှင် Cyn Young Park က ထုတ်ဖော် ပြောကြား သွားသည်။
ယင်းကဲ့သို့ အလားအလာ ကောင်းများ ပေါ်ပေါက်နေသော်လည်း မေခရို စီးပွားရေး စီမံ ခန့် ခွဲမူများ အားနည်း နေခြင်း၊ အခြေခံ အဆောက်အဦများ နည်းပါးခြင်းနှင့် အခွန်ငွေ ကောက်ခံ ရရှိမူ နည်းပါးခြင်း သည် မြန်မာ စီးပွားရေးအတွက် စိန်ခေါ်မှုများ ပင်ဖြစ်ကြောင်း အာရှဖွံဖြိုးရေးဘဏ်က သတိပေး ထားသည်။
မြန်မာနိုင်ငံတွင်းသို့ ငွေကြေး အမြောက်အများ စီးဝင်လာမည် ဖြစ်ခြင်းကြောင့် ငွေကြေး တည်ငြိမ်ရေးနှင့် ငွေကြေး ဖောင်းပွမှု ထိန်းချုပ်နိုင်ရေးတို့ မှာ မူဝါဒ ချမှတ်သူများ ဦးစားပေး ဖြေရှင်းရမည့် အချက်များ ဖြစ်လာမည်ဟု သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသား သုံးပုံနှစ်ပုံ မှီခို လုပ်ကိုင်နေသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍကိုလည်း ဖွံဖြိုး တိုးတက်အောင် “အလျင်အမြန် ” လုပ်ဆောင် သွားသင့်ကြောင်း အစိုးရအဖွဲ့ ကို အာရှ ဖွံဖြိုးရေးဘဏ်က တိုက်တွန်း ထားသည်။
ငွေကြေးဖောင်းပွမှုနှုန်း နိမ့်ကျနေပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှုများ တိုးမြှင့်နေသောကြောင့် မြန်မာ့စီးပွားရေးသည် လာမည့်ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၈ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က သြဂုတ်လ ၁၉ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံစီးပွားရေး၏ ၁၀ ပုံ တစ်ပုံခန့်သာရှိသော မြန်မာစီးပွားရေးသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြင့်မားခြင်းနှင့် ကုန်စည်ရောင်းအား မြင့်တက်လာခြင်းတို့ကြောင့် မကြာမီကာလအတွင်း သိသိသာသာ တိုးတက်ဖွယ်ရှိကြောင်း ADB က ပြောကြားခဲ့သည်။ နှစ်စဉ် ၈ ရာခိုင်နှုန်းခန့် စီးပွားရေးတိုးတက်ပါက နိုင်ငံသားတစ်ဦးချင်းစီ၏ ပျမ်းမျှနှစ်စဉ် ၀င်ငွေသည် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၀၀၀ ထိ သုံးဆတိုးလာနိုင်ကြောင်း ADB က ပြောကြားခဲ့သည်။
''မြန်မာမှာ သဘာဝရင်းမြစ်တွေ ကြွယ်ဝပါတယ်။ လူငယ်လူဦးရေကလည်း အချိုးအစားများပါတယ်။ ဒေသတွင်းမှာလည်း မဟာဗျူဟာကျတဲ့ နေရာတစ်နေရာမှာ ရှိနေပါတယ်''ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ စီးပွားရေးပညာရှင် စင်ရောင်ပက်က ပြော ကြားခဲ့သည်။ အစီရင်ခံစာကို ပူးတွဲရေးသားခဲ့သူလည်းဖြစ်သည့် စီးပွားရေးပညာရှင်ပက်က ''ဒီအခြေအနေအားလုံးက မြန်မာဟာ ကာလတိုအတွင်း အလွန်ကောင်းမွန်တဲ့ စီးပွားရေးတိုးတက်မှုကို ရရှိဖို့ အထောက်အကူဖြစ်မှာပါ''ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတဖြစ်လာခဲ့ပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပြီး အနောက်နိုင်ငံများကလည်း ပိတ်ဆို့အရေးယူမှုများ လျော့ပေါ့ပေးခဲ့ရာ Coca-Cola နှင့် Visa Inc တို့ကဲ့သို့သော ကုမ္ပဏီကြီး များက ရင်းနှီးမြှုပ်နှံရန် လမ်းပွင့်ခဲ့သည်။ သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အလုပ်အကိုင်ဖန်တီးမှုများ ဆောင်ရွက်ရန် ကြိုးပမ်းနေသည်။
မြန်မာအလုပ်သမားထု၏ သုံးပုံနှစ်ပုံခန့်ကို အလုပ်အကိုင်ပေးထားသော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးကို မြန်မာအစိုးရအနေဖြင့် အရေးတကြီး ဆောင်ရွက်သင့်ကြောင်း ပက်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးမြေများဖြစ်ပြီး ထိုအထဲမှ ငါးပုံတစ်ပုံခန့်ကို ဆည်မြောင်းစနစ်ဖြင့် စိုက်ပျိုးကြောင်း ADB က ဆိုသည်။
''ကုန်ထုတ်လုပ်မှုတိုးတက်ဖို့ စိုက်ပျိုးရေးရင်းမြစ်တွေကို အသုံးချနိုင်မယ့် အလားအလာက ကြီးမားပါတယ်။ ဒါက အချိန်တိုအတွင်းမှာ လူအများကြီးကို အကျိုးရှိစေနိုင်တဲ့အတွက်ကြောင့် အလွယ်တကူရနိုင်တဲ့ ရလဒ်တစ်ခုပါ''ဟု ပက်က ပြောကြားခဲ့သည်။
မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် ရင်ဆိုင်ရမည့် အန္တရာယ်များထဲတွင် မေခရိုစီးပွားရေးစီမံခန့်ခွဲမှု အားနည်းခြင်း၊ အခြေခံအဆောက်အအုံ မလုံလောက်မှု၊ အခွန်ဝင်ငွေရရှိမှု နည်းပါးခြင်းတို့ ပါဝင်နေသည်။ မြန်မာလူဦးရေ၏ လေးပုံတစ်ပုံခန့်သာ လျှပ်စစ်ဓာတ်အားရရှိနေပြီး၊ မြန်နှုန်းမြင့် အင်တာနက်သုံးစွဲနိုင်မှုမှာလည်း နိမ့်ကျနေကြောင်း ADB က အစီရင်ခံစာက ဖော်ပြခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် ဥပဒေတစ်ရပ်ကို ပြီးခဲ့သည့်လက ပြဋ္ဌာန်းခဲ့ရာ မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်မှုကို ထိန်းသိမ်းရန် မူဝါဒချမှတ်သူများအနေဖြင့် စိန်ခေါ်မှုများ ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ စီးဝင်လာမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန် ခက်ခဲလာမည်ဖြစ်ကြောင်း ADB က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဧပြီလက နိုင်ငံခြားငွေလဲလှယ်နှုန်းထားကို နှုန်းသေသတ်မှတ်ထားမှုအား ပယ်ဖျက်ပေးခဲ့ပြီး အရင်းအနှီးများ စီးဝင်လာမှုအတွက် တင်းကျပ်ထားမှုများကို လျော့ချနေသည်။
''ကာလလတ်အတွင်းမှာ မေခရိုစီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့က အဓိကကျလာမှာပါ။ ဗဟိုဘဏ်အနေနဲ့ ပိုမိုတောင့်တင်းလာပြီး ငွေကြေးမူဝါဒတွေ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်''ဟု ပက်က ပြောကြားခဲ့သည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်