Subscribe to our RSS Feed

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၌ သဘောထား ထုတ်ပြန်


From : ခေတ်လူငယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သြဂုတ် ၁၀ ရက်က ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သဘောထား ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ-မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူသာသနာ၊ ခရစ်ယာန်သာသနာနှင့် အစ္စလာမ်သာသနာတို့ အသီးသီးရောက်ရှိ ထွန်းကားခဲ့၍ ၄င်းဘာသာ သာသနာတို့အား သက်ဝင်ယုံကြည် ကိုးကွယ်ကြသော သူများသည် အေးအတူပူအမျှ ချစ်ကြည်စည်းလုံးစွာ အတူတကွ ယှဉ်တွဲနေထိုင်လျက် ရှိကြပါသည်။ ယခုလတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် မှန်ထက် ပိုမိုချဲ့ကား ရေးသားပြောဆို ပြုမူဆောင်ရွက် ချက်ဟူသမျှကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက လုံးဝလက်သင့်မခံပါ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများကို အကြောင်းပြု၍ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသား ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ဂုဏ်သိက္ခာတို့ကို ထိပါးစေသည့် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများကို ကြံစည်ပြုလုပ် ကျူးလွန်သူ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမဆို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက လုံးဝရှုတ်ချပါသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများအကြား၌ လူသားများ၏ သဘောသဘာဝအရ ရှုထောင့်အမြင်၊ အယူအဆ မတူမျှမှုများနှင့် ခံယူချက် သဘောထား မတူညီမှုများကို မေတ္တာရှေ့ထား၍ ညှိနှိုင်းအဖြေရှာခြင်း၊ တရားဥပဒေဘောင် အတွင်းမှ တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းဆောင်ရွက် အပ်ပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ သဘောထား ထုတ်ပြန် ကြေညာ အပ်ပါသည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြ ထားပါသည်။

Myanmar Express

3 comments:

ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်ကြပါ။ လေချိုသွေးနေပြီ ယုံ
ရင်တော့ မှားကြလိမ့်မည်။ သာဓကပေါင်း များစွာရှိနေသည်ကို မြန်မာ
တိုင်းရင်းတို့ သတိထားကြပါ။
အဆိပ်ပင် ထားလျှင် အဆိပ်သီးပဲ သီးနိုင်မည်။
အဆိပ်ပင်ကို ဘာလုပ်ရမလဲ မျိုးချစ်တိုင်းရင်းသား တို့ 

မွတ်ဆလင် ၅၀% မကျော်သေးခင် အစ္စလာမ်အဖွဲ့ဧ။် သဘောထား
" အင် " ပေါ့ကွယ် ။
အဟတ်

မင်းတို့က ခိုးဝင်လာပြီး ရိုဟင်ဂျာတိုင်းရင်းသားပါလို့ ပြောတဲ့ကောင်တွေကိစ္စ ဘယ်လိုသဘောထား ထုတ်ပြန်ပေးမှာလဲ အဲဒီကောင်တွေ ဗမာလိုလဲမတက်ဘူး ရခိုင်လိုလဲ မတက်ဘူး မင်းတို့နဲ့လူမျိုးတူ မတူရဲရဲဝင့်ဝင့် ထုတ်ပြန်ကြစမ်းပါ အင်အားမတူသေးလို့ အလျှော့ ပေးနေတယ် ပြောရင်ငြင်းရဲလား ငါတို့တိုင်းပြည်နဲ့လူမျိုးအတွက် ဘာတွေလုပ်နနိုင်မလဲ ဘင်္ဂလား နဲ့စစ်ဖြစ်ရင် ဘယ်သူ့ဘက်က ပါမှာလဲ ဖြေကြစမ်းပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်