Subscribe to our RSS Feed

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂက ချီးကျူးဂုဏ်ပြုသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်


From : ခေတ်လူငယ်

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနသို့ ၁၅-၈-၂၀၁၂ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ကြေညာချက်တွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရသည် တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံကာ ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့် ပေးခဲ့ခြင်းကြောင့် ယခုအခါတွင် မြန်မာနိုင်ငံအပေါ် ကမ္ဘာက အမြင်စောင်းမှုများ လျော့ကျသွားခဲ့ပြီဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းကို နောက်ပြန်မဆုတ်ဘဲ သွားနေပြီဆိုသည်ကို ယခု ရခိုင်အရေးက သက်သေပြခဲ့ပြီ ဖြစ်ကြောင်း၊ အစ္စလာမ်အဖွဲ့အစည်းများကို ရခိုင်ဒေသသို့ လေ့လာခွင့်ပေးခြင်းအတွက် ကုလသမဂ္ဂအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မြန်မာအစိုးရ၏ လုပ်ရပ်များကိုလည်း လေးစားချီးကျူးပါကြောင်း၊ OIC အတွင်းရေးမှူးအား ဖိတ်ခေါ်ခဲ့သည့် သမ္မတကြီး၏ စိတ်ဓာတ်သည် ဒီမိုကရေစီ သူရဲကောင်းတစ်ဦး၏ စိတ်ဓာတ်ဖြစ်ပါကြောင်း စသည်ဖြင့် ပါရှိကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်၏ ထုတ်ပြန်ချက်၊ ယခု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များကြောင့် မြန်မာနိုင်ငံအပေါ် အမြင်စောင်းနေကြသည့် အစ္စလာမ်နိုင်ငံများသည် ယခုအခါ မြန်မာ၏ လက်ရှိအခြေအနေများကို ကွက်ကွက်ကွင်းကွင်း သိရှိနားလည်ကြပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

သမ္မတကြီးကို ကျွန်တော်တို့ မျိုးချစ်လူငယ် အဖွဲ့က အစက
ထဲက ဖခင်တစ်ယောက်လို ခေါင်းဆောင်ကောင်း တစ်ယောက်လို ချစ်ခင်ကြည်ညို လေးစားပြီးသားပါ။ သို့သော် ကျွန်တော်နိုင်ငံမှာ မူစလင်ကုလားများကို
ဆက်မထားနိုင် တော့ပါဘူး။
သမ္မတကြီး ကျန်မာချမ်းသာစွာနဲ နိုင်ငံအကျိုးကို
လူးမျိုး ဘာသာ အကျိုးကို ထမ်းဆောင်နိုင်ပါစေလို့
မန္တလေး မျိုးချစ်လူငယ် အဖွဲ့မှ ဆုတောင်းမေတ္တာ ပို့အပ်ပါ
သည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်