မြန်မာနိုင်ငံက စာပေစိစစ်ရေးကိုဖျက်သိမ်းလိုက်ပြီဆိုတဲ့ကြေငြာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး စာပေစိစစ်ရေးမရှိဘဲ ရှေ့ဆက်သွားဖို့တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ နေ့စဉ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား- နူးလန်းက ပြောကြားလိုက်ပါတယ်။
အလားတူပဲ ပြင်သစ်နိုင်ငံ အခြေစိုက် RSF လို့  အသိများတဲ့ နယ်ခြားမဲ့ သတင်းထောက်များ အသင်းကြီးကလည်း ကြိုဆိုလိုက်ပါတယ်။
မနေ့က စပြီး မြန်မာနိုင်ငံမှာ စာပေစိစစ်ရေး ကို ဖျက်သိမ်းလိုက်ပြီး ထုတ်တင်စနစ် သို့ ပြောင်းလဲခဲ့ပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်