Subscribe to our RSS Feed

မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး မရှိတော့ သော်လည်း ဗြိတိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားသူကို မလွှတ်ပေးသဖြင့် ဝဘ်ဆိုက်များ Hack ခံနေရ

From : .MRTV4

တရားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် အပါအဝင် ဗြိတိန် အစိုးရ ဝက်ဘ်ဆိုက် အတော်များများမှာ wkileaks ထူထောင်သူ Julian Assange ကိုလွှတ်ပေးရန် အတွက် ဟက်ကာများ၏ လက်စားချေ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။

ယခုလို တိုက်ခိုက်မှု ပြုရန် လှုံဆော်သည့် အထိမ်းအမှတ်ကို “#OpFreeAssange,” ဟု အမည်ပေးထားပြီး Anonymous အဖွဲ့မှ တိုက်ခိုက်မှု ပြုလုပ်လိုက်ခြင်း ဖြစ်ကာ justice.gov.uk နှင့် ဗြိတိန် ဝန်ကြီးချုပ် ရုံးဝက်ဆိုက်ဖြစ်သည့် number10.gov.uk တို့ကိုလည်း တိုက်ခိုက်ခဲ့ကာ ဆိုက်များမှာ ဝင်ရောက်၍ မရ ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။သို့ရာတွင် များမကြာမီ အချိန် အတွင်းတွင် ဆိုက်ပြန်လည် ရရှိခဲ့ကြောင်းလည်း သိရသည်။ ယခုလို တိုက်ခိုက်မှုနှင့်အတူ အလုပ်သမားနှင့် ပင်စင်ရေးရာဌာ န ဝက်ဆိုက်ကိုလည်း တိုက်ခိုက်မှု ပြုခဲ့ကြောင်း Anonymouse အဖွဲ့မှ ပြောသည်။ Assange မှာ ဗြိတိန် အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် ဆွီဒင်သို့ လွှဲပြောင်းပေးရန် အမိန်ချခံခဲ့ရကာ လက်ရှိတွင် အီကွေဒေါ သံရုံး၌ ရှိနေပြီး နိုင်ငံရေး ခိုလှုံခွင့် ရရှိသွားပြီ ဖြစ်သည်။ယခုလို ခိုလှုံခွင့် ရရှိခဲ့သော်လည်း ဗြိတိန် နိုင်ငံမှ ၎င်းအား နိုင်ငံ အတွင်းမှ ထွက်သွားခွင့် မရအောင် တားဆီးမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

source : rt.com




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်