Subscribe to our RSS Feed

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်

From : 7 day

ကျွန်တော်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ သိသိသာသာ ရိုက်ခတ်မှုတွေရှိခဲ့တဲ့ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသော နောက်ခံအခြေအနေရှိနေချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မကြာသေးမီက အောင်မြင်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အတင်းအကျပ် အလုပ်စေခိုင်းမှုအားလုံး ပပျောက်ရေးနဲ့ ကုလသမဂ္ဂနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးချခြင်းများကို တားဆီးရေးလိုမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အရပ်ဘက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ အခြားသက်ဆိုင်သူတွေ ပိုမိုပါဝင်ဆောင်ရွက်လာတဲ့အတွက် အားရမိပါတယ်။ ကျွန်တော်ရဲ့ ခရီးစဉ်အတွင်း မှာပဲ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ပိုမိုပွင့်လင်းလာပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အထူးသဖြင့် စိန်ခေါ်မှုတွေနဲ့ အန္တရာယ်တွေအကြောင်း ဦးတည်ရာကြိမ်နှုန်းနဲ့ ကျယ်ပြန့်မှုတွေအပေါ် ပိုပြီးတော့ ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှုတွေရှိခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပိုမိုဖြစ်ထွန်းလာဖို့နဲ့လူ့အခွင့်အရေး လေးစားလိုက်နာမှုသေချာစေဖို့ရာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ပါလီမန်နဲ့ အမျိုးသားအခွင့်အရေးကော်မရှင်လိုနိုင်ငံတကာ နဲ့တစ်မျိုးသားလုံးဆိုင်ရာ အဖွဲ့အစည်းမဏ္ဍိုင်တွေ ဆက်လက်ဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အရေးကြီးတဲ့လုပ်ငန်းဆောင်တာများကို ဆက်လက်တာ ၀န်ယူုလုပ်ကိုင်တာတွေ့ရပါတယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့များရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံနဲ့ တိုင်တန်းမှုတွေကို ပြန်လှန်သုံးသပ်တာ မျိုးဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ပါရီအခြေခံမူတွေနဲ့ အပြည့်အ၀ကိုက်ညီဖို့ရာနဲ့ အမှီအခိုကင်းဖို့ရာ အများကြီးရှေ့ဆက်လျှောက်လှမ်းဖို့ လိုအပ်နေသေးပေမယ့်လည်း လူ့အခွင့်အရေးကာကွယ်ရေးနဲ့ မြှင့်တင်ရေးမှာ အ ရေးကြီးတဲ့ အခန်းကဏ္ဍကို လက်ခံလိုက်ပုံပေါ်ပါတယ်။ ကော်မရှင်အပေါ် ယုံကြည်ကိုးစားမှုနဲ့ ထိရောက်မှု ရှိအောင်လည်း သူ့ရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းနေပါတယ်။

ဤကဲ့သို့ သော အပြုသဘောဖြစ်ပေါ် တိုးတက်မှုတွေရှိနေပေမယ့် လည်း မြန်မာနိုင်ငံဟာ လေးနက်တဲ့ လူ့အခွင့်အရေးစိန်ခေါ်မှုတွေနဲ့ ဆက်လက် လုံးပန်းနေရဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကသရုပ်ပြနေသလို ပဲ။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အမြစ်တွယ်ဖို့ရာ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေဟာ အရေးကြီးပါတယ်။ အကြမ်းဖက်မှုရလဒ်ကြောင့် သူတို့ရဲ့ နေအိမ်တွေနဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးသွားသူတွေရဲ့ ကျယ်ပြန့်တဲ့ ဒုက္ခသုက္ခတွေကို ကျွန်တော် မျက်မြင်တွေ့ခဲ့ရပါတယ်။ လူ့အဖွဲ့အစည်း နှစ်ရပ်စလုံးက ဒုက္ခခံစားခဲ့ရသူတွေကို ကြင်နာသနားမှု ပြသခဲ့ပါတယ်။

တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် အစိုးရက အရေးယူဆောင်ရွက်ခဲ့တာတွေ အဲဒီဒေသတွေကို လုံခြုံရေးတပ်ဖွဲ့တွေထပ်မံ ချထားခဲ့တာတွေနဲ့ လူ့အဖွဲ့အစည်းတွင်းသွေး ထွက်သံယိုအကြမ်းဖက် မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ အဖြစ်အပျက်တွေကို ကော်မရှင်ဖွဲ့စည်းခဲ့တာတွေကို ကျွန်တော်မှတ်သားထားပါတယ်။ ဒါပေမဲ့လည်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် လုပ်ဆောင်ရမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် ခဲ့တယ်ဆိုတဲ့ ကျွန်တော်လက်ခံရရှိခဲ့တဲ့ စွပ်စွဲချက်တွေ အပေါ်မှာ ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ ဒီစွပ်စွဲမှုတွေထဲမှာ လုံခြုံရေးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားအလွန်အကျွံသုံးစွဲမှု၊ စစ်ဆေးမေးမြန်းမှု မရှိ ဖမ်းဆီးထိန်းသိမ်းမှု၊ သတ်ဖြတ်မှု၊ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရေး အာမခံချက်များ ငြင်းပယ်ခံရမှု၊ ထိန်းသိမ်းရာနေရာ များတွင် ညှဉ်းပန်းနှိပ်စက်မှုတွေ ပါဝင်ပါတယ်။

ဒီစွပ်စွဲချက်တွေကို အခုအချိန်မှာ ရှင်းလင်းအတည်ပြုဖို့ရာ မတတ်နိုင်ပေမယ့်လည်း ဒါတွေဟာ အလွန်စိုးရိမ်ပူပန်စရာကောင်းပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တာတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ဖို့ရာ အခြေခံကျကျ အရေးကြီးလှပြီး တာဝန်ယူမှုရှိဖို့လိုပါတယ်။ ဒီလိုမလုပ်ဘဲနဲ့ ပြန်လည်ရင်ကြားစေ့ရေးမဖြစ်နိုင်ပါဘူး။ အဲဒီလေဟာနယ်ထဲကို ချဲ့ကားပြောဆိုမှုတွေ လိုရာဆွဲပြောမှုတွေ ၀င်လာပြီး၊ လူ့အဖွဲ့ အစည်းအတွင်းမှာ နောက်ထပ် မယုံကြည်မှုတွေ၊ တင်းမာမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲမှုတွေကို အရေးတကြီးကိစ္စရပ်အနေနဲ့ အမှိအခိုကင်းသော စိတ်ချယုံကြည် ရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အခြားသူများနှင့် အတူ ကျွန်တော်လည်း တောင်းဆိုပါတယ်။

နေရာပြောင်း နေထိုင်ရသူတွေရဲ့ လက်ငင်းလိုအပ်ချက်ကို လုပ်ဆောင်ပေးပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ရေး အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အရေးယူလုပ်ဆောင် ခဲ့တာတွေကို ကြိုဆိုပါတယ်။ သို့သော်လည်း နေရာပြောင်းရွှေ့နေထိုင်နေသူတွေအတွက် အစားအသောက်၊ ရေ၊ သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေပါသေးတယ်။

ဒါ့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု ပိုမိုပေးအပ်ရေး မြန်မာအာဏာပိုင်များရဲ့ ပန်ကြားမှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက တုံ့ပြန်ပေးရန် ကျွန်တော်လည်း အားပေး တိုက် တွန်းပါတယ်။



Myanmar Express

1 comments:

Human Right Watch and Amnesty International and 57 Islamic Muslim countries shut up for Rohingyas in Rakhine state and Myanmar. You take all Rohingyas from Myanmar to your countries if you love and support Rohingyas from Myanmar.

Myanmar and World don’t need to care about Human Right and Amnesty International for all Illegal Bangladesh Muslims in Rakhine state and Myanmar and all Muslims in the World because all Illegal Bangladesh Muslims in Rakhine state and Myanmar and all Muslims in the World don’t care about Human Right and Amnesty International. Saudi Arabia and other 56 Islamic Muslim countries and World Muslims in UK, USA , Europe and World bribe millions of money to World Human Right Watch headquaters in New York , USA and Amnesty International Headquaters in London , UK.

We Rakhine and Myanmar people can’t live with illegal Bangladesh Nazi Fascist Invader Muslims. We all Rakhine and Myanmar people must expel and kick out these with illegal Bangladesh Nazi Fascist Invader Muslims by resistance war.
Myanmar government don't need to change 1982 Citizenship Laws for Illegal Bangladesh Nazi Fascist Invader Islamizer Muslims ( Rohingyas ) in Rakhine state and Myanmar.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်