Subscribe to our RSS Feed

ကား၊ တိုက်ခန်း၊ ဖုန်းနှင့် လူသုံးကုန်ပစ္စည်းများ အရစ်ကျဝယ်ယူနိုင်မည့် ကုန်ပစ္စည်းပြပွဲကြီး စက်တင်ဘာတွင် ပြုလုပ်မည်


From : ခေတ်လူငယ်

ကား၊ တိုက်ခန်း၊ ဖုန်းနှင့် လူသုံးကုန်ပစ္စည်း မျိုးစုံအား အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် The Most Amazing Exhibition & Car Show 1/2012 ကုန်စည်ပြပွဲကြီးအား စက်တင်ဘာ ၆ ရက်မှ ၉ ရက်အထိ MCC ခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ယင်းကုန်စည်ပြပွဲအား Creation Strength Co.Ltd မှ တာဝန်ယူ ပြုလုပ်သွားမည်ဖြစ်ကာ ပြည်တွင်းနာမည်ကြီး ကုမ္ပဏီအချို့ ပူးပေါင်းပါဝင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် တိုက်ခန်းများ၊ မော်တော်ကားများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ လက်ဝတ်ရတနာများ၊ GSM Sim Card နှင့် Hand Set များ၊ စားသောက်ကုန် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းမျိုးစုံ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည့် ပထမဦးဆုံး ကုန်စည်ပြပွဲကြီးတစ်ခု ဖြစ်သည်ဟု Bank Sponsor အဖြစ် ပါဝင်သော ကမ္ဘောဇဘဏ်မှ သိရသည်။ ပြပွဲ၌ အထူးအစီအစဉ်အနေဖြင့် ဝယ်ယူသည့် ပစ္စည်းတန်ဖိုး ၂၀ ရာခိုင်နှုန်း ငွေလက်ငင်း ပေးသွင်းချေရုံဖြင့် ပိုင်ဆိုင်ခွင့်ရရှိမည့် အခွင့်အရေးရှိပြီး ၈၀ ရာခိုင်နှုန်းကို အရစ်ကျ ချေးငွေစနစ်ဖြင့် ၆ လမှ ၄၈ လအတွင်း အရစ်ကျပေးသွင်းရမည့် အစီအစဉ် ပါဝင်မည်ဟု ဆိုသည်။ ပြပွဲနှင့် ပတ်သက်သည့် လက်ကမ်းစာရွက်များကို ကမ္ဘောဇဘဏ်ခွဲများတွင် ရယူနိုင်ပြီး ပြပွဲကာလတွင် ယင်းလက်ကမ်းစာရွက်နှင့်အတူ ကိုင်ဆောင်ရောက်ရှိလာသူများကို Creation Strength မှ အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်