Subscribe to our RSS Feed

အွန်လိုင်းလျှပ်စစ်မီတာခ ပေးချေခြင်းအား နေပြည်တော်၌ စတင်ဆောင်ရွက်မည်


From : သိန်းလွင်

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိသည့် လျှပ်စစ်မီတာ ဘီလ်ကျသင့်ငွေများအား အွန်လိုင်းပေးချေခြင်း အား စက်တင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်၌ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ အွန်လိုင်းမှ လျှပ်စစ်မီတာခ ကျသင့်ငွေ ပေးချေခြင်းအား Online Payment Gateway (Y Pay) စနစ်ဖြင့် ပြည်တွင်းရှိ ဘဏ်များနှင့် ချိတ်ဆက်ကာ ရတနာပုံတယ်လီပို့ ဝက်ဘ်ဆိုက်မှတစ်ဆင့် ပေးချေနိုင်မည်ဖြစ်ပြီး အွန်လိုင်း မှ ငွေပေးချေမည်ဆိုပါက သက်ဆိုင်ရာ ဘဏ်များတွင် ၄င်းဘီလ်ဆောင်ရန်အတွက် သီးသန့်အကောင့် ဖွင့်ရမည်ဖြစ်ကြောင်း သိရသည်။ လတ်တလောကာလတွင် AGD Bank၊ CB Bank၊ မြန်မာအရှေ့တိုင်း ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် စသဖြင့် ဘဏ်လေးခုဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားဘဏ်များဖြင့်လည်း မကြာမီချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းမှ ဘီလ်ဆောင်ခြင်းများ၌ လက်ရှိတွင် တယ်လီဖုန်းဘီလ်ဆောင်ခြင်းအား ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်