Subscribe to our RSS Feed

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးကို စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ အထူးတင်းကြပ်ထား


From : ခေတ်လူငယ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာ ဌာနအနီးရှိ အိမ်သာတွင် ကျည်ဆန်များ တွေ့ရှိသောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အထူးတင်းကျပ် ထားကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “အရေအတွက်ကိုတော့ လုံခြုံရေး အနေအထားအရ ပြောလို့မရပါဘူး။ လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝင်ပေါက်ထွက်ပေါက်တွေကို လုံခြုံရေး အပြည့်အဝထားရှိတဲ့အပြင် လေယာဉ်စီးမယ့်သူတွေ အားလုံးကိုလဲ တစ်ဦးချင်းစိစစ်တယ်။ ဝတ္လာတဲ့ ကုတ္အက်ႌေတြထဲအထိကို ရွာတာ။ အရင်ကတော့ မျက်မြင်ပဲစစ်တာ။ မသင်္ကာတဲ့သူမှန်သမျှကိုလဲ အမြဲတမ်း စောင့်ကြည့်နေတယ်။ လက်ရှိအချိန်ထိတော့ ထူးခြားမှု မတွေ့သေးဘူး” ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည်။ တွေ့ရှိခဲ့သော ကျည်ဆန်အမျိုးအစားများမှာ ၅ ဒသမ ၅၆ မမ ကျည်ဆန်များနှင့် ၂၉ မမ ကျည်ဆန်များဖြစ်ပြီး တွေ့ရှိသော ကျည်ဆန်များကို ယခုအခါ လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ ထိန်းသိမ်းထားကြောင်း သိရသည်။ “ဒီကျည်ဆန်တွေကို လေဆိပ်မှာ အလုပ်လုပ်နေတဲ့ ပိုင်အိုနီးယား ကုမ္ပဏီဝန်ထမ်းက အမျိုးသားသီးသန့် အိမ်သာမှာ တွေ့ခဲ့တာ။ သူက လေကြောင်းရဲတပ်ဖွဲ့မှူးရုံးကို အကြောင်းကြားတယ်” ဟု ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လုပ်ကိုင်နေသည့် အထွေထွေ ဝန်ထမ်းတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ကျည်ဆန်များ တွေ့ရှိခဲ့သည့် နောက်ပိုင်းတွင် လေဆိပ် ပြည်တွင်းပြည်ပ အဆောက်အအုံနှင့် လေဆိပ်ခြံစည်းရိုး ဝန်းကျင်များအား မိုင်းရှာစက်များဖြင့် ရှာဖွေခဲ့ကြကြောင်း သိရသည်။ “တွေ့ရှိခဲ့တဲ့ ကျည်ဆန်တွေက လက်ရှိ အသုံးပြုလို့ရတဲ့ ကျည်ဆန်တွေပါ။ ဒီအိမ်သာထဲကို ဘယ်လိုကနေ ဘယ်လိုရောက်လာသလဲဆိုတာ စုံစမ်းနေပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ် လလယ်ပိုင်း အချိန်ကလည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဗုံးခွဲရန် ကြံစည်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်