Subscribe to our RSS Feed

အမေရိကန်ဒေါ်လာ ပြည်တွင်းပေါက်ဈေး ၁၀ဝ၀ ကျပ်ထိ မရောက်ရှိနိုင်


From : ပြည်မြန်မာ

ဟားဗတ် တက္ကသိုလ်မှ ပညာရှင်များ က အမေရိကန် ဒေါ်လာသည် မြန်မာ ပြည်တွင် တန်ဖိုး ၁၃၀၀ နှင့် အထက်ရှိလျှင် စီးပွားရေးလုပ်ငန်းများ ပိုမို အဆင်ပြေနိုင်မည်ဟူ၍ ပြောကြားချက်အား ပြည်တွင်းဘဏ်လုပ်ငန်းမှ တာဝန်ရှိသူ ပညာရှင်များက ငြင်းဆိုခဲ့ ကြသည်။ အမေရိကန် ဒေါ်လာ တန်ဖိုးသည် ၁၀၀၀ကျပ်ထိမရောက်ရှိနိုင်ဟု ခန့်မှန်းပြောဆိုခဲ့ ပြီး ယခု ပေါက်ဈေးနှင့် ၉၅၀ ကျပ်ကြားတွင် သာလျှင် ပိုမို သင့် လျော်သော ပမာဏများ ဖြစ်သည်ဟု သိရသည်။

" အမေရိကိကန်ေ်ဒေါ်လာ တန်ဖိုးက ၉၀ဝ ကျပ်မှ ၉၅၀ ကြားရှိရင်သီးနှံတွေနဲ့တခြား တင်ပို့မှုတွေ ပြုလုပ်နေတဲ့ Exporter တွေကော စားသုံးသူတွေကော အဆင်ပြေသင့် တင့်တဲ့ အတိုင်းအတာ ပမာဏဖြစ် ပါတယ်။ ၁၀၀၀ထိ ရောက်ဖို့ မရှိနိုင်ပါဘူး" ဟု သမဝါယမဘဏ်မှ တာ ဝနရ် သှိ တူ စဉ်ီး က ပြောသည။် " ၈၇၀ ကျပ်လောက်ဆိုရင် ပိုမို လုပ်ကိုင်လို့ အဆင်ပြေတဲ့ ပမာဏဖြစ်ပါတယ်။ စားသုံး သူဘက်ကလည်း ကြည့်ပေးရပါတယ်။ အ ခက်အခဲ အကျပ်အတည်းကတော့ အနည်း ငယ်ရှိနေပါသေးတယ်"ဟု အရှေ့တိုင်းဘဏ် လီမိတက်ဥက္ကဋ္ဌဦးမြသန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အသုံးပြုနေသော နိုင်ငံခြားငွေ သုံးစွဲမှုကို အမေ၇ိကန်ဒေါ်လာအပြင် ယူရိုနှင့် စင်ကာပူဒေါ်လာတို့အား ထင်ထင်ရှားရှား ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် လိုအပ်သည်ဟု သုံးသပ်ခဲ့သည်။

ထိုကဲ့သို့ အသုံးပြုနိုင်လာ လျှင် နိုင်ငံခြားငွေကြေးကဏ္ဍ သုံးစွဲမှု တိုး တက်လာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အသုံးပြုနေသော Currency များသည် နည်းနေသေးသဖြင့် တရုတ်နှင့် ဂျပန်ငွေများကိုလည်း ခွင့်ပြုပေးရန် လိုအပ်သည်ဟု သိရသည်။ ပေးရန် လိုအပ်သည်ဟု သိရသည်။ ထို့ပြင် ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်တို့၏ ငွေလဲကောင်တာများကို ပိုမိုဖွင့်လှစ်ပေး ရန် လိုအပ်ပြီး ဘတ်ငွေအသုံးပြုမှုများ သော နေရာများတွင် ဘတ်ငွေဖြင့် ဘဏ် အကောင့်ဖွင့်နိုင်ရန် လိုအပ်သည်ဟု သိရ သည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်