Subscribe to our RSS Feed

ဆီးရီးယားလေတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံး

From :MON


 ဆီးရီးယားအစိုးရ လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ယခုသီတင်းပတ် အတွင်း လူ(၄၀)ထက်မနည်း သေဆုံးခဲ့ကြောင်းသိရှိရသည်။ နိုင်ငံ မြောက်ပိုင်း ဒေသများတွင် ဗုံးကြဲမှုများကြောင့် ကလေးများ အပါအဝင်(၄၃) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ များက ပြောကြား သွားခဲ့သည်။ နိုင်ငံတကာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လက်ခ်ဒါ ဘရာဟီမီက အစိုးရ အနေဖြင့် သူပုန်တပ်ဖွဲ့များနှင့် တိုက်ခိုက်နေမှုကို ယာယီဖြစ်စေ ဆိုင်းငံ့ပါရန် တိုက်တွန်း ပြောကြားထားသော်လည်း ယခုလို တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းဟု သိရသည်။ ဘရာဟီမီသည် ဒမတ်စကတ် မြို့တော်သို့ သောကြာနေ့တွင် ဆိုက်ရောက်လာမည် ဖြစ်သည်။ (၁၉)လကျော် ကြာမြင့်နေသည့် ပြည်တွင်းစစ်အတွင်း ဆီးရီးယား ပြည်သူ မြောက်မြားစွာ သေကြေပျက်စီးခဲ့ရသည်။ ဧပြီလက နှစ်ဖက်အပစ်အခတ် ရပ်စဲရေးသဘောတူညီခဲ့သော်လည်း သက်တမ်းမှာ ရက်ပိုင်းသာခံပြီး တိုက်ပွဲများ ပြန်လည်စတင်လာခဲ့သည်။ အစိုးရဆန့်ကျင်ရေး အင်အားစု များက ဆီးရီးယား အစိုးရသည် တော်လှန်ရေးတပ်ဖွဲ့များ၏ မိသားစုများကို ဦးတည်သော စစ်ဆင်ရေးမျိုးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာကြောင်း စွပ်စွဲခဲ့သည်။ စစ်ပွဲများအတွင်း ဆီးရီးယားတွင် လူပေါင်း (၂၈၀၀၀)မှ (၈၀၀၀၀)ထိ သေကြေခဲ့ပြီးဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။ ကြာသပတေးနေ့က ဆီးရီးယား အစိုးရပိုင် SANA သတင်းဌာနက တော်လှန်ရေးသမားများကို "အကြမ်းဖက်သမားများ"ဟု သုံးနှုန်း ဖော်ပြ သွားသည်။ အစိုးရက အကြမ်းဖက်သမားများသည် ဒီရာအက်ဇိုရာ ဒေသ တဝိုက်ရှိ ရေနံပိုက်လိုင်းများကို ဖောက်ခွဲခဲ့သည်ဟုစွပ်စွဲပြောဆိုသွားကြောင်း သိရှိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်