From : သာနောင်
Bloodhound SSC ကို ၂၀၁၃-၂၀၁၄ မှာ ဂင်းနစ်စံချိန်တင်မယ့် ကား ဖြစ်ပါ တယ်။ ရည်ရွယ်ချက်က ကမ္ဘာ့အမြန်ဆုံး မြေပေါ်သွား စက်တပ်ယာဉ် ဖြစ်ဖို့ ဖြစ်ပါ တယ်။ ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ပြီး ယခု အပြီးသတ်နေပြီလို့ သိရပါတယ်။ အမြန်ဆုံး တစ်နာရီ မိုင် ၁၀၀၀ (တစ်နာရီ ၁၆၀၉ ကီလိုမီတာ) အထိ မောင်းနှင်မှာ ဖြစ်ပါတယ်။ Rolls-Royce ကုမ္မဏီထုတ် ဂျက်လေယာဉ် က တာဘိုလေစက်တပ် EJ200 အင်ဂျင်၊ Falcon ထုတ် HTP ဟိုင်းဘ ရစ် ရော့ကတ်အင်ဂျင်၊ Cosworth ထုတ် ၂၀၁၀ မော်ဒယ် ဖော်မြူ လာဝမ်း အင်ဂျင် V8 APU အစရှိသဖြင့် ဂျက်လေယာဉ် အင်ဂျင်၊ ရော့ကတ် အင်ဂျင် နဲ့ ဖော်မြူလာဝမ်းက အားအပြင်းဆုံး အင်ဂျင် စုစုပေါင်း သုံးခုတောင် တပ်ဆင်ထားပါတယ်။ ဒါကြောင့် တစ်နာရီ မိုင် ၁၀၀၀ ပြေးဖို့ဆိုတာ အကောင်အထည်ဖော် လာ မယ့် စီမံကိန်း ဖြစ်ပါတယ်။ ယင်း စီမံကိန်းကို လုပ်မယ့်သူကတော့ Bloodhound Project အဖွဲ့ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကလည်း တစ်နာရီ ၇၆၃ မိုင်ပြေးတဲ့ ThrustSSC နဲ့ စံချိန် တင်ခဲ့ပါ သေးတယ်။ ကမ္ဘာ့ပထမဆုံး Sound barrier (အသံလိုင်းဖြတ်) ကား အဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။ ယခုတစ်ခါတော့ မိုင် ၁၀၀၀ ဖြစ်ပြီး ဖော်မြူလာဝမ်း အင်ဂျင်ထက် ၆ ဆ ပြင်းတဲ့ အားနဲ့ စံချိနင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်