Subscribe to our RSS Feed

NLD ပါတီတွင်းပြဿနာများမဖြေရှင်းနိုင်ပါက ပါတီဖျက်သိမ်းမည်ဟု NLD ပါတီနာယက ဦးတင်ဦး ပြောကြား

From : သာနောင်


အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အတွင်း ဖြစ်ပေါ်နေသည့် ပါတီတွင်းပြဿနာများကို အချင်းချင်းပြေလည်အောင် ဖြေရှင်းကြရန်နှင့် မဖြေရှင်းနိုင်တော့ပါက ပါတီအား ဖျက်သိမ်းမည်ဖြစ်ကြောင်း NLD ပါတီနာယက ဦးတင်ဦးက ပြောကြားလိုက်ကြောင်းသိရှိရသည်။အဆိုပါ ပြဿနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးထက် တခြားနယ်ဒေသ
များတွင် အဖြစ်များကြောင်း ဦးတင်ဦးက ယမန်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်များ ညှိနှိုင်းကျင်းပရေးစီမံချက် ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

အများဆုံးက ပါတီအဖွဲ့ဝင်ဟောင်းနဲ့ ပါတီအဖွဲ့ဝင်သစ်တွေပေါ့။ လူဟောင်းက လူသစ်တွေကို ပါတီဝင်ခွင့် မပေးတဲ့ကိစ္စကတော့ မဖြစ်သင့်ပါဘူး” ဟု ဦးတင်ဦးက ဆိုသည်။

ပါတီဝင် အချင်းချင်းဖြစ်သည့် ပဋိပက္ခကိစ္စကို မိမိ အဖွဲ့အစည်းက
ပြေလည်အောင် ဖြေရှင်းသင့်ကြောင်း၊ တခြား အပြင် ရပ်ရွာအုပ်ချုပ်ရေး၊ လုံခြုံရေး ရဲများကို ဖြေရှင်းခိုင်းပါက ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်
နိုင်ကြောင်း၊ထိုသို့ မညီမညွတ် ဖြစ်မှုကြောင့်လည်း လုံးခြုံရေးအရ ပါတီအတွင်းသို့ လာရောက်စစ်ဆေးမှုများ ဖြစ်ပွားနိုင်သဖြင့် ပါတီအတွက်လည်း မကောင်းကြောင်း ဦးတင်ဦးက ဆက်ပြောသည်။ သုံးခွမြို့နယ်အတွင်းရှိ NLD ပါတီ အတွင်း ပြဿနာများနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အသုံးမကျမူကြောင့် မပြေလည်နိုင်ဘဲ ဖြစ်ခဲ့ကြောင်းသိရှိရသည်။
NLD ပါတီအနေဖြင့် တိုင်းနှင့်ပြည်နယ်များတွင် NLD ညီလာခံများ ပြုလုပ်နေသော်လည်း NLD ပါတီဝင်များအနေဖြင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အသုံးမကျမူနှင့် ပါတီ၏ ရည်ရွယ်ချက်များပျောက်နေသောကြောင့် ပြည်ခိုင်ဖြိုးပါတီ နှင့် အခြားပါတီများသို့ ရွေ့ပြောင်းမူများ ဖြစ်ပေါ်လျှက်ရှိနေကြောင်းလည်း သိရှိရသည်။
 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်