ဒီမိုကရေစီနှင့် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာအုပ်စု စတင်ပါပြီ ဒီနေ့ (၁၂.၂.၂၀၁၃) ခုနှစ်မှာ မောင်းလှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးပြီပေါ့လေ….. မောင်းလှော်ကျေးရွာအုပ်စုရဲ့ အနာဂတ် အခြေနေဘယ်လိုလဲ စောင့်ကြည့်ကျတာပေါ့… ယခု အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ တက်လာတဲ့ ရတောင်အတွင်းရွာ ရာအိမ်မှူး ဦးသားငယ်ပု(အမဲလိုက်သမား)/ စာပေက တစ်လုံးမှမတတ် တိုမီးသေနတ်ကိုကိုင်ပြီး ခွေးနှစ်ကောင်နဲ့ အမဲလိုက်ပြီး အသက်မွေးလာတဲ့သူက အုပ်ချုပ်မှာပေါ့လေ ကဲရတောင်ရွာမှာတိုးတက်ပြီး ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုရေးကို(စာပေတစ်လုံးမှ မတတ်တဲ့သူ) အမဲလိုက်စားပြီး၊ကြက်တိုက်၊ ဖဲရိုက်ပြီးအချိန်ကုန်ခဲ့တဲ့ဦးသားငယ်ပုဟာ ဒေသတိုးတက်ရေးကို ဘာတစ်ခုမှ မလုပ်လာတဲ့ ခေတ်မကောင်းစဉ်က သူပုန်နောက်လိုက်လုပ်ပြီး တရားမဝင် လက်နက်ကိုင်ဆောင်သူက ရတောင်ရွာကို တိုးတက်အောင် ဘယ်လိုလုပ်မှာလဲ ရတောငအတွင်းရွာသားများ စဉ်းစားကြပေါ့………… မတိုးတက်ဘဝမလှခဲ့ရင်လဲဒီမိုကရေစီပဲ့ မှတ်ပေါ့လေ……
အုပ်စုကို ကိုင်တွယ်ပြီးအုပ်ချုပ်မည့် မောင်းလှော်(အပေါ်) သားဦးသောင်းအေးကရော…. မောင်းလှော်အုပ်စုကြီးမှာတိုးတက်ပြီးဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုရေးများမှာ ဦးသောင်းအေး ဦးဆောင်ပြီးလုပ်ခဲ့တဲ့ နေရာလက်ညိုးတိုးပြစရာမရှိ စိတ်လည်းမဝင်စား ဒေသဖွံ့ဖြိုးရေးကိုလည်းမလုပ်ခဲ့သူ……….. သူစိတ်ဝင်စားတာက အရက်မူးမယ်၊ ရမ်းမယ်၊ သူများမယားကိုကြာကူလီ လုပ်တဲ့အလုပ်လေ ဒီလိုစည်းကမ်းမဲ့ အတွေးခေါ်မရှိသူက မောင်းလှော်အုပ်စုတိုးတက်အောင် ဘယ်လိုလုပ် မှာလဲ….. မောင်းလှော်(အ.လ.က) ကျောင်းအုပ်ကြီး NLD ကြီးရဲ့အကြံနဲ့ဆို အောင်မြင်မှာပါလေ ဒါမှမဟုတ်ရင် အ.လ.ပြ NLD ဒေါ်အေးအေးမာရဲ့ အကြံပါထပ်ယူပေါ့လေ….. ကဲမောင်းလှော်အုပ်စုသားများ စဉ်းစားကြပေါ့ ………… မတိုးတက်ဘဝမလှခဲ့ရင်လဲဒီမိုကရေစီပဲ့ မှတ်ပေါ့လေ……
မောင်းလှော်အောက် ရာအိမ်မှူး ဦးမောင်မျိုးကိုကြည့်ကြဦးမလား အရည်ချင်းကတော့ အပြည့်ပဲ့ (လှေထေးစားသောက်နေ) သူလေ ဒေသဖွံ့ဖြိုးရေးကို ဘယ်တုန်းကမှ လုပ်ခဲ့သူမဟုတ် လုပ်နိုင်စွမ်းလည်းမရှိ စာပေလည်းမတတ် လူရှေ့မှာစကားပြောတတ်သူလည်းမဟုတ် ရုပ်သေးရာအိမ်မှူးကိုဘယ်သူဖန်တီးခဲ့သလဲ………. မောင်းလှော်အောက်ရွာသားများစဉ်းစားကြပေါ့ မတိုးတက်ဘဝမလှခဲ့ရင်လဲဒီမိုကရေစီပဲ့ မှတ်ပေါ့လေ……
ဦးကိုလေးက (စစ်ထွက်လား စစ်ပြေးလား) မသိဘူးဗျာ ကျောင်းသားတောခိုစဉ်က ဘိုးတော်ကိုလေး၊ တည်ငြိမ်မှုရှိလာချိန်မှာ သတ္တုမြေကျူးကျော်ကိုလေး၊ ရတောင်အတွင်းအရပ်ငွေလိမ်သူ ကိုလေး ယခုတော့ နွားခိုး ကိုလေးပေါ့ဗျာ့….. နွားခိုးလို့ပြောလိုက်လို့ ကြောက်သွားလားမသိဘူး မကြောက်ပါနဲ့ အခုမလုပ်သေးပါဘူး အချိန်ကျမှလုပ်မှာပါကွာ………..
နိုင်ငံရေးသမားပီသတယ်ဗျာ ရခိုင်မှာတုန်းကလည်း ရခိုင်မယားနှင့် သားနှင့် ရတောင်အတွင်းရောက်တော့လည်းရတောင်မှာ မယားနှင့်သားနှင့်…… သားကလည်း ကစပ် ခဲမိုင်းက ခဲခိုးလို့ထွက်ပြေးနေရတယ် မောတောင်မှာရှောင်ခိုင်းထားတာ မပြောချင်တာနဲ့ ဦးကိုလေးက ဟုတ်လှပြီထင်နေတယ်…………..
ရတောင်နှင့်မောင်းလှော်(ပေါ်) မှာပြောတော့ ခေတ်အဆက်ဆက် မောင်းလှော်(အောက်) က အုပ်ချုပ်တာခံလာရတယ်တဲ့ ယခုခင်ဗျာတို့ အလှည့်ဆိုပြီး မြောက်ပေး မောင်းလှော်(အောက်) ရွာမှာ ကျတော့ပါတီစည်းလုံးညီညွတ်မှု မပျက်အောင်ဆိုပြီးပြောကာ မဲကိုလှည့်ပြီးထည့်ခိုင်းခဲ့တယ် ဒါကိုမောင်းလှော်(အောက်) ရွာသားတွေ (အ) တော့ခံလိုက်ရဒါပေါ့။ မောင်းလှော်အုပ်စုသား များခင်ဗျား……… ခင်ဗျားတို့ရဲ့ ကံကြမ္မာ က နွားခိုး ကိုလေး၊ ကြာကူလီ သောင်းအေး၊ အမဲလိုက် ဓါးပြတိုက် သူပုန်နောက်လိုက် သားငယ်ပု၊ လှေးထေးသမား မောင်မျိုး တို့ရဲ့အပေါ်မှာ မူတည်နေပါကြောင်းနှင့် မတိုးတက်ဘဝ မလှခဲ့ရင်လဲ ဒီမိုကရေစီပဲ မှတ်ပေါ့လေ……..
ခင်ဗျားဒီမိုကရေစီက အကျင့်ပျက် အရည်ချင်းမရှိတဲ့သူကိုရွေးတာ ဒီမိုကရေစီလို့ခေါ်သလား ကျနော်လည်း မသိတော့ဘူးဗျ တစ်ခုမေတ္တာရပ်ခံချင်တာကတော့ အ.လ.က ကျောင်းအုပ်ကြီး ဦးအောင်မင်းစိန်နှင့် အ.လ.ပြ ဒေါ်အေးအေးမာတို့ NLD ပါတီ အလုပ်လုပ်မယ်ဆိုရင်လည်း NLD ပါတီအလုပ်လုပ်မည်နေရာကို ပြောင်းပေးစေလိုပါတယ်ဗျ ကလေးတွေတွက် အာရုံမရမှတော့ NLD ပါတီအလုပ်လုပ်နေမှတော့ NLD ပါတီအလုပ်လုပ်မည့်နေရာကို ပြောင်းပေးလိုက်ပါတော့လို့ တိုင်းပညာရေးမှူးအား မေတ္တာရပ်ခံလိုပါတယ်ဗျ…..ဒီပို့စ်ကို အလုပ်အားနေလို့ရေးလိုက်တာတော့ မဟုတ်ဘူးဗျ အခုအုပ်ချုပ်မည့်သူတွေထက် အရည်ချင်းရှိတဲ့သူ မောင်းလှော်ကျေးရွာအုပ်စုမှာ မရှိတော့ဘူးလားဗျ နောက်ရေးရင်မအေးရတော့ ယခုလက်ရှိအချိန်မှီ ပြင်ဆင်နိုင်ရေး ထောက်ပြရေးသားခြင်းဖြစ်ပါသည်…… လက်ကျန်အရှုပ်တော်ပုံများကို နောက်အလုပ်အားချိန်မှ ဆက်လက်ဖော်ပြပေးပါမည်…….
www.MyanmarExpress.net

.jpg)

1 comments:
ခံပေအုံး ၂၀၁၅ထိ ဒါပေမဲ့မပူပါနဲ့ ရာဇာပလ္လင် ဖင်မကပ်ရင် ဖောင်းကားစားမောင်မောင်ရဲ့တပည့်တွေဖြစ် သွားမှာပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်