From :http://www.kachindailynews.com/2013/02/blog-post_6795.html
www.MyanmarExpress.net
ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟာ
မိုင်းထောင်၊ လူသတ်၊ ဓားပြတိုက်၊ ဖောက်ခွဲ စတဲ့ အကြမ်း ဖက်
အသွင်ဆောင်နေတာဟာကြာပါပြီ။ ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညကလည်း
ကိုယ့်လက်အောက် ငယ်သား အချင်းချင်း ကိုပြန်သတ်ပြီး နှစ်သစ်ကိုကြို
ဆိုခဲ့ကြတဲ့ သတင်း ကို ကြားရတာ စိတ်မကောင်း စရာပါ။
ကေအိုင်အေထိန်းချုပ်ရာ
ဝေကြိုင်ဘွမ် ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းနားမှာ လိုင်ဇာ အက်ဖ်အမ်
(Laiza FM) ဆိုပြီး KIA က မမှန်သတင်းထုတ်လွှင့်နေတာရှိပါတယ်။ ၃၁-၁၂-၂၀၁၂ ရက်
ညမှာ လိုင်ဇာ အက်ဖ် အမ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရ၀မ်တိုင်းရင်းသားလူရွယ်
မရမ်ဖုန်ကန် ၂၇ နှစ်နဲ့ ရ၀မ်တိုင်း ရင်းသူ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၃
ဦးကို အစိုးရသတင်းပေးတွေလို့စွပ်စွဲကာ ကေအိုင်အေ ဗဟိုရဲ့ ညွှန်ကြား
ချက်အရဆိုပြီး ဓားနဲ့ ၃ ပိုင်းပိုင်း ခုတ်သတ်ခဲ့ပါတယ်။
ကချင်တိုင်းရင်းသား
အချင်းချင်း ဒီလို အကြောင်းမဲ့အနိုင်ကျင့်သတ်ဖြတ်တာကို ကေအိုင်အေ
တပ်ဖွဲ့ထဲမှာ ရှိနေကြ တဲ့ ရ၀မ်တိုင်းရင်းသားတွေက
မကျေနပ်မှုများဖြစ်ပေါ်နေကြပါတယ်။ ဒီသတင်းဟာ မြစ်ကြီးနားနဲ့ ၀ိုင်းေ မာ်
မှာရှိတဲ့ အသတ်ခံရ သူတွေရဲ့ ဆွေမျိုးများမှ တစ်ဆင့် ရ၀မ်တိုင်း
ရင်းသားတွေဆီ ပျံ့နှံ့ပြီး ကေ အိုင်အေ အဖွဲ့ အပေါ် မကျေမနပ်ဖြစ်ကာ
နာကြည်းလျက်ရှိပါတယ်။
ကေအိုင်အေခေါင်းဆောင်များ၏
အတွင်းရေးဖြစ်တဲ့ တရုတ်ပြည်မှာ တိမ်းရှောင်မယ့် အစီအစဉ် များေ
ပါက်ကြားပြီး လိုင်ဇာမြို့အ၀အထိ ရောက်ရှိလာတဲ့ အစိုးရတပ်တွေကို
ထိတ်လန့်ကြောက်ရွံ့ကာ လိုင်ဇာမြို့ ရှိ ကချင်လူမျိုးများမှလွဲ၍
အခြားလူမျိုးများအား ကေအိုင်အေအဖွဲ့မှ သင်္ကာမကင်း စစ်ဆေး စောင့်ကြည့်
လျက်ရှိပါတယ်။
ဒါပေမယ့်
ယခုလို သေချာစိစစ်ခြင်း မပြုဘဲ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်နေခြင်းဟာ
ကေအိုင်အေ အဖွဲ့က ကချင်တိုင်းရင်းသားတွေအတွက် တိုက်ပွဲဝင်နေတယ်လို့
ပြောနေပေမယ့် လက်တွေ့မှာတော့ ကိုယ့် ကချင် တိုင်းရင်းသား အချင်းချင်းကိုသာ
အနိုင်ကျင့်သတ်ဖြတ် ဒုက္ခ ရောက်အောင် လုပ်နေ တာဖြစ်ကြောင်း သေဆုံးသူေ တွရဲ့
ဆွေမျိုးတစ်ယောက်ကလည်း ပြောပါတယ်။




0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်