Subscribe to our RSS Feed

ခရိုနီများ၏ အလှူငွေကြောင့် ကျောင်းသား ၅၄ ဦးကို ပညာသင်ဆုရရှိ သဖြင့် တနိုင်ငံလုံး သာဓုခေါ်သင့်




အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲမှ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရက်ဆွယ်တာနှစ်ထည်လေလံရောင်းရငွေ ကျပ်သိန်းတစ်ထောင်ကျော်ကို မတည်၍ တိုးပွားငွေဖြင့် လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းများမှ ကျောင်းသား ၅၄ ဦးကို ပညာသင်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က သတင်း ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် တက္ကသိုလ်ဝင်တန်းသင် ပညာဒါန ကျောင်းများသို့ အလှူငွေ ပေးအပ်ပွဲနှင့် ပထမအကြိမ် ပညာသင် ထောက်ပံကြေး ပေးအပ်ပွဲ အခမ်းအနားတွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ လေးဦးကျစီဖြင့် စုစုပေါင်း ၅၄ ဦးကို ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပညာသင်ဆု ပေးအပ်ရာတွင် တိုင်းနှင့်ပြည်နယ် တစ်ခုစီ၌ မူလတန်းတစ်ဦး၊ အလယ်တန်းတစ်ဦး၊ အထက်တန်းတစ်ဦးနှင့် တက္ကသိုလ်ကျောင်းသား တစ်ဦးစီ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုအား လစဉ်ချီးမြှင့်သွားမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားတစ်ဦးလျှင် တစ်လတစ်သောင်းကျပ်စီ၊ အထက်တန်းကျောင်းသားတစ်ဦး သုံးသောင်းကျပ်နှင့် တက္ကသိုလ်ကျောင်းသား တစ်ဦးလျှင် ၅ သောင်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု ရွေးချယ်ရာတွင် လျှောက်ထားသူသည် ကျောင်း သို့မဟုတ် တက္ကသိုလ်တွင် တက်ရောက်ဆဲဖြစ်ပြီး ပညာကြိုးစားသင်ယူနေသူ၊ ငွေကြေးအခြေအနေကြောင့် ပညာသင်ယူရန် အခက်အခဲကြုံတွေ့နေသူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ပညာဒါန ကျောင်းနှင့် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့တို့တွင် ရယူနိုင်သည်။

ပညာသင်ဆု လျှောက်ထားသူသည် သက်ဆိုင်ရာ ကျောင်း သို့မဟုတ် တက္ကသိုလ်မှ ထောက်ခံစာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် ပညာရေးကွန်ရက်၊ ပညာဒါနကျောင်းတို့မှ ထောက်ခံစာများ ပါရမည်ဖြစ်ကြောင်း သိရသည်။


 www.MyanmarExpress.net
 

5 comments:

ပညာသင်ဆုရတာ တော်တော် များတာဘဲ။ အမေစု ကရော ဘယ်လောက်ထည့်ဝင် သွားလဲ ပွင့်လင်းမြင်သာ စွာ ကြော်ငြာပေးပါလား

လူသာဓုခေါ်ဖို့ထက် နတ်သာဓုခေါ်ဖို့

လိုမယ်ထင်တယ်။

သူတော်ကောင်းတွေချီးမွမ်းတဲ့အလှူက

မလှူခင်စိတ်ထား လှူပြီးစိတ်ထား

အပေါ်မှာအများကြီးသက်ဆိုင်တယ်

ဆိုတာအားလုံးဘာသာတိုင်းသိကြမှာပါ။

ခရိုနီတွေဘယ်လိုစိတ်သဘောထားနဲ့

လှူတာလည်း။သူတော်ကောင်းနှစ်သက်တဲ့

စိတ်ထားကောဖြစ်ပါမလား?

2nd comment is very right.Really,we must arrest cronies n those taking bribe.Their possessions must b donated to the poor.They made our country poorer n poorer.Sentence to death.

သူ့ဟာသူဘယ်လိုစိတ်ထားနဲ့လှူလှူဝမ်းမြောက်ဝမ်းသာသာဓုခေါ်မှပေါ့ကွာအခုလိုမင်းကလေးကလားမလိုစိတ်နဲ့နားမလည်ပါးမလည်လျှောက်ပြောဝေဖန်နေတော့အပယ်ကျပြီးပြိတ္တာဖြစ်မှာသေချာနေပြီ....အင်းပညာမတတ်တော့လည်းအဝိဇ္ဇာအမှောင်ဖုံးပြီပေါ့ကွယ်....သနားစရာသတ္တဝါလေးပါလား

လောကကြီး ကောင်းဖို့အတွက် ထက်ထက်မြက်မြက် ရှိသော ပုဂ္ဂိုလ်များရဲ့ စွမ်းအားရယ် ငွေကြေးချမ်းသာ ကြွယ်ဝသူများရဲ့ ထောက်ပံမှုရယ် ကောင်စေလိုသော စိတ်ဓာတ်နဲ့ လုပ်ဆောင်မှုရယ် တို့လိုမယ်လို့ ထင်ပါတယ်ဗျာ။ အခုလို တက်သစ်စ လူငယ်တွေအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတာ သိရတော့ ပါးစပ်က သာဓု မခေါ်မိသော်လည်း စိတ်ထဲကတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်ဗျာ။ လောကကြီးကို ကောင်းအောင် ကြိုးစားနေသော အဖွဲ့အစည်းများ အားလုံးကို လေးစားပါတယ်။
ကိုရွာသား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်