Subscribe to our RSS Feed

ဆင်ဆာလွတ်လပ်ခွင့်သည် ဒါရိုက်တာများနှင့်သာ တိုက်ရိုက်သတ်ဆိုင်သည်ဟုအေးမြတ်သူဆို

From :myanma age


လျော့ပေါ့ပေးခဲ့သော ဆင်ဆာလွတ်လပ်ခွင့်သည် အနုပညာ
ရှင်များနှင့်တိုက်ရိုက်သက်ဆိုမှုမရှိပဲ ဒါရိုက်တာများနှင့်သာ
တိုက်ရိုက် သက်ဆိုင်သည်ဟုအနုပညာရှင် အေးမြတ်သူက
ပြောကြားသည်။

"ဒါရိုက်တာ ခိုင်းတဲ့အတိုင်း လုပ်ရတာဆိုတော့ ကျွန်တော်တို့နဲ့
သိပ်ပြီးတော့အချိုးမကျဘူး။ ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်အိမ်
အဲဒါတွေပဲ အချိုးကျပါတယ်။ ဆင်ဆာ လွတ်လပ်မှုဆိုတာ
ဇာတ်လမ်းကောင်းလာအောင်၊ ဇာတ်အိမ် ပိုခိုင်လာအောင်၊
အရင်တုန်းက ဆင်ဆာခွင့်ပြုချက်မရလို့ ရိုက်မရတဲ့ ကားလေးတွေ
ပြန်ရိုက်လို့ရတယ် အဲဒါပဲ ရှိပါတယ်' ဟု အေးမြတ်သူက
ပြောကြားခဲ့သည်။

တက်သစ်စလူငယ်များအတွက် miss ပြိုင်ပွဲများ ရှိလာသည်မှာ အခွင့်လမ်းတစ်ခုဖြစ်ကြောင်းနှင့် မိမိတို့ ခေတ်တွင်miss ပြိုင်ပွဲများ
ပြီးသွားသည်တိုင်ကိုယ့်အားကိုယ်ကိုး၍သာ လုပ်ကိုင်ရကြောင်း
ဆက်လက်ပြောကြားသည်။

ထို့အပြင် ယနေ့ခေတ်တွင် ပြိုင်ပွဲ များပြီးသွားပါက နိုင်ငံခြားသို့
သွားရောက်ယှဉ်ပြိုင်နိုင်ခွင့်ရှိကြောင်းနှင့် မြန်မာ့ ဗီဒီယို လောက
တွင် ဇာတ်လမ်းတွဲများရိုက်ကူးလာခြင်းသည် ၄င်းတို့အတွက်
အခွင့်အလမ်း ပိုရလာကြောင်း ထပ်မံသိရသည်။

ယနေ့ခေတ်တွင် ဆင်ဆာကင်းလွတ်ခွင့်ပြုခဲ့ခြင်းကြောင့် သရဲ၊
တစ္ဆေ ဇာတ်လမ်းများ ရိုက်ကူးလာသည်ဖြစ်ရာ သူမသည်လည်း
ဒါရိုက်တာ ကြည်စိုးထွန်းရိုက်ကူးသည့် ပိတောက်တစ္ဆေ ဇာတ်ကား
အား နေတိုးတို့နှင့် အတူ သရုပ်ဆောင်နေကြောင်း သိရသည်။



 www.MyanmarExpress.net

4 comments:

AMT, your photos in swimming pool r very annoyable! With cronies' sons?U insulted the audience.We hate cronies, authorities n their sons insultedn daughters.We will censor u.

အားလုံးကိုထောက်ခံတယ်

ဆင်ဆာလွတ်လပ်ခွင့်က ဘယ်သူနဲပဲဆိုင်ဆိုင် အသိတရားနည်းသေးတဲ့ လူငယ်တွေအတွက် အတုခိုးမမှားအောင် ဆောင်ရွက်ဖို့ပဲ လိုတယ်လို့ ထင်ပါတယ်ဗျာ။

လွတ်လပ်ပြီး ဦးနှောက်နဲ့ စဉ်းစားချင့်ချိန်တတ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ဆင်ဆာ မလိုအပ်ဘူး။ ဆင်ဆာရှိနေသရွေ့ လဲ ဘယ်လှု့အဖွဲ့အစည်း မှကိုယ့်ကိုကို ပိုင်းခြားဆုံးဖြတ်တတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာ မဟုတ်ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်