Subscribe to our RSS Feed

ချစ်သူများနေ့တွင် လိင်ပညာပေးနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝ လက်ကမ်း စာစောင် ဝေမည်

From :popular

ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူ များနေ့တွင် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သော ရောဂါများနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝဆိုင်ရာ ပညာပေး လက်ကမ်း စာစောင် များ ဝေမည်ဟု သိရသည်။
ချစ်သူများနေ့တွင် ပညာပေး လက်ကမ်း စာစောင်များအား ကန် တော်ကြီး ဥယျာဉ်၊ အင်းလျားကန်၊ ပြည်သူ့ ရင်ပြင် စသည့်လူငယ်များ သွားလာတတ်သည့် နေရာများ တွင် အဓိကထား ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းပညာပေး လက်ကမ်း စာစောင်များကို လူငယ် ဖွံ့ဖြိုးမှု အစီအစဉ် (Youth Development Programme) တွင် သင်တန်းတက် ရောက်ခဲ့သည့် လူငယ် အဖွဲ့များမှ လှုပ်ရှား ဆောင်ရွက်ကြမည်ဖြစ် ကြောင်း သိရသည်။
”အရင် နှစ်တွေကတော့ Valentine Day ကို ရည်ရွယ်ပြီး ပညာပေး အစီအစဉ်တွေ လုပ်တယ်။ အခုနှစ်ကျတော့ လုပ်နေကျပုံမှန် လုပ်ဆောင်မှုတွေပဲ ရှိတယ်။ မလို အပ်လို့ မလုပ်တာတော့ မဟုတ်ဘူး။ သင်တန်း ပေးထားတဲ့ လူငယ်အဖွဲ့ လေးတွေက သူတို့ ကိုယ်တိုင်လုပ်မှာ မို့လို့ပါ”ဟု YDP မှ Junior Project Officer ကိုဇင်မိုးဝင်း က ပြောသည်။
YDP သည် လူငယ်များအား လိင်ပညာပေး နှင့် သိသင့်သိထိုက်သည် များကို သင်တန်းပေးခြင်း ဖြစ်ပြီး ရန်ကုန်တွင် သင်တန်းပေးသည်မှာ ၇၁ ကြိမ် ရှိပြီဖြစ် ကာ တောင်ကြီး၊ တောင်ငူ၊ ပုသိမ်၊ မန္တလေး စသည့် နေရာများတွင် သာမက စက်ရုံ၊ အလုပ်ရုံများနှင့် တက္ကသိုလ် ကောလိပ်များတွင် လည်း လူငယ် များအား ပညာပေး ကြောင်း သိရသည်။


 www.MyanmarExpress.net

7 comments:

This day is popular.Why?Former authorities n cronies' sons n daughters made n imported this day as their sex desire to be released.Party,n night club too.Using drug!They have plentiful of these.So consider carefully.

မိန်းခလေး တစ်ယောက်အတွက် အပျိုစင်ဘဝကို တန်ဖိုးထား ရတယ်ဆိုတာ စာစောင်တွေဝေငှပြီး ပညာပေးနေ ရတယ့် အဆင့်ကို ရောက်နေပြီဆိုတော့ မိန်းကလေးတွေ တော်တော်ခေတ်မီသွားပြီပေါ့နော်။ အပျိုစင်ဘဝ ဆိုတာမင်္ဂလာဦးညမှ စွန့်လွှတ်ထယ် ထင်တာ။ ကျုပ် အတွေးအခေါ်တွေ တော်တော် ခေတ်နောက်ကျမှန်း အခုမှသိတယ်ဗျာ။ ဒီလိုမှန်းသိရင် မိန်းမ မယူပါဘူး။ မှားလေစွ။

Min maung toe 's comment is right.Arrest them all n rest in hell. Mya's business,education n moral,characters r brutally destroyed by them.Independence by general Aung San is what for people!

ဘာဖြစ်လို့လဲကွ မင်းမိန်းမကအပျိုမစစ်ခဲ့လို့လား

why? cronies fuck your daughter and your wife on this day.??Your brain is very useless.How concern valentine day with cronies???
I think you are very poor and lowest standard man so u are jealous of others...

စာတွေဖတ်ရတာ စိတ်မကောင်းဘူးဗျာ။ တစ်ကယ်ပဲ ဒီလိုလုပ် နေရတာလား။ မြန်မာမိန်းခလေးများလည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားကြပါ။ လိင်ပိုင်ဆိုင်ရာဆိုတာ ပွင့်လင်း သင့်ပါတယ်။ လွတ်လပ်သင့်ပါတယ်။ ဒါပေမယ့် ချစ်သူရည်းစား ဘဝမှာမဟုတ်ဘူး လေဗျာ။ ဒီပုံစံမျိုး ဆိုရင် ရည်းစားတစ်ယောက်ထက် ပိုထားဖူးတဲ မိန်းမတစ် ယောက်ကို ဘယ်လိုပုံစံမျိုးနဲ့ ယုံကြည်ရမှာလဲ။ တန်ဖိုးထား ရမှာလဲ။ ချစ်လွန်းလို့သာ ယူရတယ် တန်ဖိုးထားစရာ ၅ပြားဖိုးမှမရှိ ဖြစ်နေပါဦးမယ်ဗျာ။

ယောက်ဖရေ။ သူကတော့ စစ်တယ် ပြောတာပဲ။ ငါလည်း သိဘူး။ ဟဲဟဲ....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်