From :popular
www.MyanmarExpress.net
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ရန်ကုန်-မြိတ်-ကော့သောင်းခရီးစဉ်ကို မလေးရှားထုတ် စပိဘုတ်များ ဖြင့် မေလအတွင်း ပြေးဆွဲရန်အလင်းသစ်ရေကြောင်း ကုမ္ပဏီမှ စီစဉ်နေ ကြောင်း သိရသည်။
ရန်ကုန်-မြိတ်-ကော့သောင်းခရီးစဉ်ကို မလေးရှားထုတ် စပိဘုတ်များ ဖြင့် မေလအတွင်း ပြေးဆွဲရန်အလင်းသစ်ရေကြောင်း ကုမ္ပဏီမှ စီစဉ်နေ ကြောင်း သိရသည်။
”ကျွန်တော်တို့မေလ
နောက် ဆုံးထားပြီး ဒီခရီးစဉ်ကို ပြေးဆွဲသွား ဖို့စီစဉ်နေတယ်။ ဒီထက်စောရင်
လည်း စောဖို့တော့ရှိပါတယ်”ဟု အလင်းသစ် ရေကြောင်းကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးတာနိုင်က
ပြောသည်။ အဆိုပါခရီးစဉ်သစ် ပြေးဆွဲနိုင် ရေးအတွက် ပြည်တွင်းရေကြောင်း
ဦးစီးဌာနနှင့် ညှိနှိုင်းထားပြီးဖြစ် သည်။ ၄င်းခရီးစဉ်ကို စပိဘုတ် ၁ဝ
စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အသုံးပြု မည့် စပိဘုတ်များကို မလေးရှား
နိုင်ငံမှ တိုက်ရိုက်ငှားရမ်း အသုံးပြုသွားမည်ဖြစ်ကြောင်း
သိရသည်။”ဥပဒေအရဆိုရင် ကျွန်တော် တို့မှာ ဒီလို စပိဘုတ်တွေဝယ်ယူခွင့်
မရှိဘူး။ ဒါကြောင့် ငှားရတာ။ ဝယ် ခွင့်ရရင်တော့ ကိုယ်ပိုင်ဝယ်ချင် တယ်။
အခုတော့မလေးကနေ ငှား ဖို့စာချုပ်ချုပ်ဖို့ဖြစ်နေပြီ”ဟု ဦးတာ နိုင်က
ပြောသည်။၎င်းတို့ငှားရမ်းမည့် မလေးရှား နိုင်ငံမှ စပိဘုတ်အမျိုးအစားသည်
နှစ်ထပ်စပိဘုတ်အမျိုးအစားဖြစ်ပြီး ခရီးသည် ၂၈ဝ ဦး တင်ဆောင်နိုင် သည့်
ခေါင်းနှစ်လုံးပါ အမျိုးအစား ဖြစ်သည်။ ရန်ကုန်- ကော့သောင်း ခရီးစဉ်ကို
မနက်ထွက်လျှင် ညနေ ရောက်ရှိမည်ဟု သိရသည်။အဆိုပါခရီးစဉ်ကို တစ်ပတ် လျှင်
နှစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ် ပြီး လက်မှတ်ခကိုမူ မသတ်မှတ်ရ သေးဟု
သိရသည်။အဆိုပါခရီးစဉ်များ ပြေးဆွဲရာ တွင် ခရီးသည်များ လုံခြုံရေးနှင့်
ကျန်းမာရေးအတွက် ရေကူးကျွမ်း ကျင်ဝန်ထမ်းများ၊ ဆရာဝန်နှင့် သူ
နာပြုများထားရှိပေးသွားမည် ဖြစ် ကြောင်း သိရသည်။အလင်းသစ် ကုမ္ပဏီသည်
ပြည်တွင်း စပိဘုတ်ခရီးသွားလုပ် ငန်းအပြင် စင်ကာပူ-ပီနန်- ရ
နောင်း-ကော့သောင်း စပိဘုတ်ခရီး စဉ်များ ပြေးဆွဲပေးနိုင်ရေးအတွက် လည်း
သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်နေေ ကြာင်း သိရသည်။



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်