Subscribe to our RSS Feed

မြန်မာ လေကြောင်းလိုင်းမှ လေယာဉ်မောင် လေယာဉ်မယ်များ ခေါ်ယူမည်

From :မြဝတီ



မြန်မာ လေကြောင်းလိုင်းက လေယာဉ်မောင်၊ လေယာဉ်မယ် ၂ဝ ကျော် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ လေကြောင်းလိုင်းသည် ထပ်မံတိုးချဲ့ ဝယ်ယူမည့် လေယာဉ်များနှင့် ခရီးစဉ်များ အတွက် ယခုကဲ့သို့ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ လေကြောင်းလိုင်းတွင် လေယာဉ်မောင်၊ လေယာဉ်မယ် လျှောက်ထားလိုသူများ သည် အင်္ဂလိပ်စာ ကျွမ်းကျင်၍ တက္ကသိုလ် တစ်ခုခုမှ ပထမနှစ် အောင်မြင်ပြီး သတ်မှတ်ထားသော အရပ်၊ ကိုယ်အလေးချိန်နှင့် ရဲစခန်း၊ ရပ်ကွက် ထောက်ခံချက် တို့နှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက်
နောက်ဆုံးထား၍ မြန်မာ လေကြောင်း ရုံးသို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရ သူများသည် မြန်မာ လေကြောင်းလိုင်းတွင် ငါးနှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။




 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်