From :7day
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ သောစစ်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်တွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆွေးနွေးခဲ့သူ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံသို့ မြစ်ကြီးနားမြို့စာတိုက်မှတစ်ဆင့် “ကချင်ဘင်လာဒင်” အမည်ဖြင့်ခြိမ်းခြောက် စာတစ်စောင်ရောက်ရှိလာကြောင်း ဦးလှဆွေက ယနေ့ပြောကြားသည်။
“ဒီလ ၁၁ ရက် ရက်စွဲနဲ့ထည့် လိုက်တာပါ။ ကျွန်တော့်ဆီကို ဒီမနက်ပဲ ရောက်ပါတယ်။စာအိတ်မှာလည်း နေပြည်တော် ကြပ်ကုန်းဆိုပြီးပါရှိပါတယ်”ဟု ဦးလှဆွေက ပြောသည်။ယင်းခြမ်းခြောက် စာတွင်ပါရှိသော ရေးသားချက်များနှင့် ပတ်သတ်၍လည်း “ကျွန်တော် က မတုန်လှုပ်ပါဘူး၊ အိပ်ရေးပျက်ခံပြီးတော့ ခေါင်းထောင်ကြည့်မနေဘူး”ဟူ၍ ပြောသည်။
ထို့အပြင် ယင်းခြိမ်းခြောက် စာနှင့်ပတ်သက်၍ အချက် (၄) ချက်ကို တုံ့ပြန်ထားကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အသက်စွန့်ရန် အသင့်ရှိကြောင်း ဦးလှဆွေက ပြောသည်။ မိုင်းထောင်၊ ဆက်ကြေးကောက်၊ လူဖမ်းနေသော ကေအိုင်အေဘက်မှရပ်တည်သည့် ဘင်လာဒင် အမည်ခံ ကချင်အကြမ်းဖက် သမား၏ ခြိမ်းခြောက်စာအား အိပ်ရေးပျက်ခံမစဉ်းစားနိုင် ကြောင်း၊ ကေအိုင်အေသည် ကချင်ပြည် နယ်ကို ကိုယ်စားပြု/ မပြု မဲခွဲသင့်ကြောင်း၊ ဘင်လာဒင်ကိုအားကျ နေသရွေ့မငြိမ်းချမ်းနိုင်ကြောင်း ဦးလှဆွေ ကတုံ့ပြန်ပြောဆိုသည် ။
အဆိုပါခြိမ်းခြောက်စာတွင် ဦးလှဆွေ၏ စိန်ခေါ်မှု(ဆွေးနွေးပြောဆိုချက်များ) ကို ကချင်တိုင်း ရင်းသား၊ ကချင်လူမျိုးတစ်ဦးအနေဖြင့် လုံးဝခွင့်မလွှတ်နိုင်ကြောင်း ဦးလှဆွေနှင့် ၄င်း၏ သားစဉ်မြေး ဆက်မျိုးဆက်အားလုံးကို ကချင် အမျိုးသားတစ်ဦးအနေနှင့် ရာသက်ပန်ရန်သူအဖြစ်သတ်မှတ်လိုက် ကြောင်း၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ၎င်း၏သားစဉ်မြေး ဆက်တိုင်းဆက်လက်ပြီး ရန်သူအဖြစ်သတ်မှတ်ထားကြောင်းဟူ၍ ပါရှိသည်။
လူဦးရေ ၁၀ သိန်းကျော်ရှိ သော ကချင်ပြည်နယ်တွင် KIA/KIO တပ်ဖွဲ့ဝင်ဦးရေမှာ တစ်သောင်းခွဲ နှစ်သောင်းဝန်း ကျင်သာရှိသဖြင့် နှစ်ရာခိုင်နှုန်း ခန့်သာရှိကြောင်း၊ ထို့ကြောင့် က ချင်ပြည်နယ်ကို ကိုယ်စားပြု/မပြု မဲခွဲရန်သင့်ကြောင်း၊ ၎င်းအနေဖြင့် ကချင်တိုင်းရင်းသားနှင့် အခြား တိုင်းရင်းသားများကို ဆိုလိုခြင်း မဟုတ်ကြောင်း လက်ရှိ နှစ်ဖက် အခြေအနေများကိုမူ ကျေနပ်ကြောင်း ဆက်လက်ပြေကြားသည်။
www.MyanmarExpress.net
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ သောစစ်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်တွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆွေးနွေးခဲ့သူ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံသို့ မြစ်ကြီးနားမြို့စာတိုက်မှတစ်ဆင
“ဒီလ ၁၁ ရက် ရက်စွဲနဲ့ထည့် လိုက်တာပါ။ ကျွန်တော့်ဆီကို ဒီမနက်ပဲ ရောက်ပါတယ်။စာအိတ်မှာလည်း နေပြည်တော် ကြပ်ကုန်းဆိုပြီးပါရှိပါတယ်”ဟု ဦးလှဆွေက ပြောသည်။ယင်းခြမ်းခြောက် စာတွင်ပါရှိသော ရေးသားချက်များနှင့် ပတ်သတ်၍လည်း “ကျွန်တော် က မတုန်လှုပ်ပါဘူး၊ အိပ်ရေးပျက်ခံပြီးတော့ ခေါင်းထောင်ကြည့်မနေဘူး”ဟူ၍ ပြောသည်။
ထို့အပြင် ယင်းခြိမ်းခြောက် စာနှင့်ပတ်သက်၍ အချက် (၄) ချက်ကို တုံ့ပြန်ထားကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အသက်စွန့်ရန် အသင့်ရှိကြောင်း ဦးလှဆွေက ပြောသည်။ မိုင်းထောင်၊ ဆက်ကြေးကောက်၊ လူဖမ်းနေသော ကေအိုင်အေဘက်မှရပ်တည်သည့် ဘင်လာဒင် အမည်ခံ ကချင်အကြမ်းဖက် သမား၏ ခြိမ်းခြောက်စာအား အိပ်ရေးပျက်ခံမစဉ်းစားနိုင် ကြောင်း၊ ကေအိုင်အေသည် ကချင်ပြည် နယ်ကို ကိုယ်စားပြု/ မပြု မဲခွဲသင့်ကြောင်း၊ ဘင်လာဒင်ကိုအားကျ နေသရွေ့မငြိမ်းချမ်းနိုင်ကြောင်
အဆိုပါခြိမ်းခြောက်စာတွင် ဦးလှဆွေ၏ စိန်ခေါ်မှု(ဆွေးနွေးပြောဆိုချက်မ
လူဦးရေ ၁၀ သိန်းကျော်ရှိ သော ကချင်ပြည်နယ်တွင် KIA/KIO တပ်ဖွဲ့ဝင်ဦးရေမှာ တစ်သောင်းခွဲ နှစ်သောင်းဝန်း ကျင်သာရှိသဖြင့် နှစ်ရာခိုင်နှုန်း ခန့်သာရှိကြောင်း၊ ထို့ကြောင့် က ချင်ပြည်နယ်ကို ကိုယ်စားပြု/မပြု မဲခွဲရန်သင့်ကြောင်း၊ ၎င်းအနေဖြင့် ကချင်တိုင်းရင်းသားနှင့် အခြား တိုင်းရင်းသားများကို ဆိုလိုခြင်း မဟုတ်ကြောင်း လက်ရှိ နှစ်ဖက် အခြေအနေများကိုမူ ကျေနပ်ကြောင်း ဆက်လက်ပြေကြားသည်။
www.MyanmarExpress.net

.jpg)

7 comments:
ဆော်ဒီဘင်လာဒင်လို အသေဆိုးနဲ့သေမည့် ကချင်ဘင်လာဒင်ကွ
ငါ့တို့နိုင်ငံအကြီးအကဲတွေကိုထိလာရင်တော့ ကချင်ဘင် လာဒင်ရေထဲမချဘူး။ ချီးတွင်းထဲချခံရမယ်မှတ်။ သတ္တိရှ်ရင်စမ်းကြည့်ပါ .............
KIA ကချင် အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်သူတို့ကို မလိုလားကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲးများ မကြာခင် မြင်ရတော့မည်
မြန် မြန်လုပ်ပါကျွန်တော်တို့လည်းပါမယ်
U Hla Swe told about peace?Its not concerned with him.He must be a liar. Send him to our Kachin state.
ငါလည်းကချင်တစ်ယောက်ပါဘဲ ဦးလှဆွေပြောတာ အမှန်တွေပဲ ငါကတော့ထောက်ခံတယ်
ကချင် ဘင်လာဒင် ဆိုတာ ဗလင်တိုင်းနေ့ အမှတ် တရ ထင်ပါတယ်။ ဦးလှဆွေ ကို ကျီစယ်တာနေမှာပါ။(သတိ ။ ကချင် မိန်းကလေးများ ဦးလှဆွေ ကို သွားမစနဲ့။ ချစ်မွှေးပါတယ်)
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်