ဒီနေ့ အဆိုတော် ပလေးဘွိုင်းသန်းနိုင်က မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ ဥက္ကဌ ကို ဆဲဆိုမိတဲ့အတွက် ရန်ကုန်မြို့ ကိုးမိုင်က ဂေါက်သီးရိုက်အဖွဲ့ရုံးခန်းမှာ တောင်းပန်ခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။
ပလေးဘွိုင်းသန်းနိုင်က ဥက္ကဌ ဦးစိုးဝင်းကို ဖေဖော်ဝါရီလ ၁၆ရက်နေ့ညကကျင်းပ ခဲ့တဲ့ ဥက္ကဌ ဖလားဆုပေးပွဲ ညစာစားပွဲ အခမ်းအနားမှာ အနုပညာသမားတစ်ဦးနှင့် မလျှော်ညီစွာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခဲ့သည်။
ပလေးဘွိုင်းသန်းနိုင် သီချင်းဆိုနေစဉ် သတ်မှတ်ပုဒ်ရေမပြည့်ပဲနဲ့ ဥက္ကဌ ဆင်းခိုင်းခဲ့တဲ့ အတွက် ဒေါသအလျှောက် ဆဲဆိုမိခြင်းဖြစ်တယ်လို့ ပလေးဘွိုင်းသန်းနိုင်က ပြောဆိုပြီး တောင်းပန်စကားပြောဆိုကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ညတွင် ပြုလုပ်ခဲ့သော ၉မိုင်ဂေါက်ကွင်း ပျော်ပွဲရွှင်ပွဲညတွင် အဆိုတော် ပလေးဘွိုင်းသန်းနိုင် မှ ဥက္ကဌ ဦးစိုးဝင်းအား မိုက်ကရိုဖုန်းဖြင့် ဆဲရေးခဲ့မှုလို့ ဦးစိုးဝင်းမှ မရမ်းကုန်းရဲစခန်းတွင် ရဲအရေးပိုင်မှုဖွင့် အမှုဖွင့်ထားခဲ့ပြီး ဂီတအစည်းအရုံးကိုလဲ စာပို့ထားရှိကြောင်းသိရသည်။
“တောင်းပန်ရင်တော့ အမှုကိုပြန်ပိတ်ပေးပါမယ်”ဟု ဦးစိုးဝင်းကပြောသည်။ ယင်းတောင်းပန်ပွဲကို မီဒီယာများအားဖိတ်ကြား ထားကြောင်းသိရသည်။
www.MyanmarExpress.net

.jpg)

2 comments:
ကုလားသန်းနိုင်ဟာ သူ့ညီမ အဆိုတော်ပုလဲကို သူပြန်ယူထားသူဖြစ်ပါတယ်
LPJ (အဆိုတော်မြန်မာပြည်သိန်းတန် ထောင်ခဲ့တဲ့အဖွဲ့) Love Peace Joy အစိတ်စိတ်အမွှာမွှာကွဲခဲ့တာ အဲ့ဒီကုလားသန်းနိုင်ကြောင့်ပဲ
ကုလားသန်းနိုင်ဆိုတာ ၇ုပ်၇ှင်သ၇ုပ်ဆောင်အဆိုတော်ထွန်းထွန်း၇ဲ့ ဦးလေးတော်တယ်
Playboy Than Naing must be stopped as he offered former police officer's wife to act as a Playboy model from that stage.Bravo! !!!!
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်